Breaking News-
ရွေးကောက်ပွဲ စနစ် ပြောင်းလဲကျင့်သုံးရေး အဆို ဒေါ်အောင်ဆန်းစုကြည်နှင့် အမတ် ၄၁ ဦး ကန့်ကွက်သော်လည်း ဆက်လက်ဆွေးနွေးရန် အတည်ပြု
ဧရာဝတီ
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) မှ ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က မြန်မာနိုင်ငံ နှင့် သင့်တော်သော ရွေးကောက်ပွဲစနစ် တရပ်ပြောင်းလဲကျင့်သုံးရေး အဆိုတရပ်ကို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရာ ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမတ် ၄၁ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံသဖြင့် ဆက်လက်ဆွေးနွေးရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ NDF ပါတီသည် အမျိုးသားလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးရန် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုမှာ အောင်မြင်သွားပြီး အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့ပြီဖြစ်သည်။

No comments:
Post a Comment