Saturday, July 26, 2014

Hare hunting ယုန်မုဆိုး

Hare hunting ယုန်မုဆိုး
စစ်အုပ်စုကနေ လုပ်ချင်တာမှန်သမျှကို -
• နဝတ လက်ထက်မှာ ‘ဥပဒေကဲ့သို့အာဏာတည်သောအမိန့်’ ဆိုပြီးလုပ်ခဲ့တယ်။
• နအဖ လက်ထက်မှာ ဘာတခုမှပြောမနေတော့ဘဲ လုပ်ချင်တာလုပ်တယ်။ အသိသာဆုံးဥပမာကတော့    ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံလို့ ခေါင်းစဉ်တပ်ပြီး လူ ၇ဝဝ ကိုဖိတ်တယ်။ တက်တဲ့သူတွေက ဘာပြောပြော သူတို့လိုချင်တာကိုဘဲ ရေးချတာနဲ့ ၂ဝဝ၈ အခြေခံဥပဒေဆိုတာဖြစ်လာစေခဲ့တယ်။
• ပြည်ခိုင်ဖြိုးအစိုးရတက်တော့ အမျိုးသားလွှတ်တော်မှာ အမတ်နေရာ (ပြည်ခိုင်ဖြိုး ၁၂၄ + စစ်တပ် ၅၆ + အတိုက်အခံ ၄၄ = ၂၂၄) နဲ့ ပြည်သူ့လွှတ်တော်မှာ (ပြည်ခိုင်ဖြိုး ၂၁၂ + စစ်တပ် ၁၁ဝ + အတိုက်အခံ ၁ဝ၉ = ၄၄ဝ) ဖြစ်အောင်လုပ်ထားပြီး၊ သူတို့လိုချင်တဲ့အဆိုမှန်သမျှကို မဲခွဲတယ်။

စစ်အုပ်စုကနေ ယုန်ဖမ်းတဲ့အခါ -
• အရင်တုံးက ယုန်ကို သေနတ်နဲ့ပစ်ဖမ်းတယ်။
• အခုတော့ တုတ်ပစ်ဖမ်းနေတယ်။
• နောက်မှာ ခွေးလိုက်ပြီးဖမ်းခိုင်းတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၄

  

No comments:

Post a Comment