Saturday, July 26, 2014

ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးအတွက် အရပ်သားများအားခေါ်ယူ


ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးအတွက် အရပ်သားများအားခေါ်ယူ
=============================================
ရန်ကုန်၊ ဇူလိုင် ၂၄- ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တာဝန်ထမ်းဆောင်ရန် ဒုတိယဦးစီးရာထူးကို အရပ်သားများ လည်း လျှောက်ထားနိုင်ကြောင်းသိရ သည်။
ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူး ကို ပြည်သူလူထု အား ပထမဆုံးအကြိမ်ကြေညာ၍ ခေါ်ယူခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် များတွင်ပါ ခန့်အပ်သွားမည့် အစီ အစဉ်ဖြစ်သည်။
''ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ခေါ်တာပါ။ ရန်ကုန်တိုင်းဒေသကြီး မှာက ဒုဦးစီးက အခုမြို့နယ် ၄၅ နေ ရာပေါ့။ ခရိုင်ကလေးနေရာရှိမယ်။စုစုပေါင်း ၄၉ နေရာပေါ့။ ရန်ကုန် တိုင်းက တခြားဝန်ကြီးဌာနတစ်ခုက ဒု-ဦးစီး တစ်ယောက်ကိုခေါ်ခန့်ထား ပြီ''ဟုရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ပြောသည်။
ဒုတိယဦးစီးရာထူးလျှောက် ထားလိုသူများအနေဖြင့် အင်္ဂလိပ်စာ စကားပြော၊ အထွေထွေဗဟုသုတ နှင့်
ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင် ရမည်ဖြစ်ပြီး ဇူလိုင်၃၁ရက်နောက် ဆုံးထား၍ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ပေး ပို့ရမည်ဖြစ်ကြောင်း လက်ကမ်းကြော်ငြာစာရွက်အရ သိရ သည်။
ဒုတိယ ဦးစီးရာထူးတာဝန်ခန့် အပ်ခြင်းခံရသူများ အနေဖြင့် သက် ဆိုင်ရာကော်မရှင်အဖွဲ့ဥက္ကဋ္ဌမှပေး သည့်တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး၊ ငွေစာရင်းပိုင်းသော်လည်း ကောင်း၊ ရွေးကောက်ပွဲဆိုင်ရာအပိုင်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီ များစိစစ်ခြင်းအပိုင်းကိုသော်လည်း ကောင်း သင့်တော်သည်များကို ခန့်အပ် မည် ဟုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများက ဆိုသည်။
ယခင်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက အကြီးတန်း နှင့်အငယ်တန်းစာရေး တာဝန်ထမ်း ဆောင်ရန် ဝန်ထမ်းလိုအပ်ခဲ့ရာဝန်ကြီး ဌာနများသို့ အကြောင်းကြားခဲ့သော် လည်းအကြောင်းမပြန်ခြင်းများရှိပြီး ဒုတိယဦးစီးရာထူးခေါ်ယူသည့်အချိန် တွင် ဝန်ကြီးဌာနက ပြန်လည်အ ကြောင်းကြားချက်များ ရှိခဲ့သည်ဟု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဦးကို ကိုက ဆိုသည်။
''ဦးစီးတို့၊ ဒုဦးစီးလိုနေရာမျိုး၊ ညွှန်ကြားရေးမှူးလိုနေရာမျိုးပေါ့၊အဲ့လိုဟာမျိုးတော့ အပြင်ကလူထက် ဝန်ကြီးဌာနကပြောင်း လာတဲ့လူကိုပိုခေါ်ချင်တယ်။ အရင်ကကျွန်တော် တို့တောင်းတော့ လုံးဝမပေးဘူး။ မပေးတော့ ကျွန်တော်တို့ကတပ်က လူတွေကို ခေါ်လိုက်ရတာ။ အခု ဒုဦးစီးခေါ်တော့မှ ရာထူးကလဲရှိ လာ ဒုဦးစီး ဆိုတော့ ဝန်ကြီးဌာနတွေ က အခုမှပြောင်းချင်တဲ့သူတွေက ပေါ်လာတယ်။ ဟိုလူကလှမ်းမေး ဒီလူကလှမ်းမေးဆိုပြီးဖြစ်လာတယ်'' ဟု ဥက္ကဋ္ဌဦးကိုကိုကပြောသည်။
ဩဂုတ်လ ၂၃ရက်နံနက် ၉ နာရီမှ၁၂နာရီအထိ အထွေထွေဗဟု သုတနှင့် အင်္ဂလိပ်စာရေးဖြေ ဖြေရ မည်ဖြစ်ပြီး၊ နေ့လယ် ၁နာရီတွင် လူ တွေ့ဖြေရမည်ဖြစ်သည်။ လူတွေ့ ဖြေရန်အတွက် ဩဂုတ်၁၃မှ ၂၂ ရက်အထိ သက်ဆိုင်ရာကော်မရှင် ရုံးများတွင် ဖြေဆိုခွင့်ကတ်များကို ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
WTZK (MMK)
‪#‎Democracytoday‬

No comments:

Post a Comment