Thursday, July 24, 2014

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အမျိုးသားပညာရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကိုတင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်


ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အမျိုးသားပညာရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကိုတင်ပြခြင်းနှင့်
လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်

အာရှဖွံ့ဖြိုးရေဘဏ်၊ ကမ္ဘာ့ဘဏ် စသည့်နိုင်ငံတကာဘဏ်များမှ ငွေချေးယူရာ
တွင်အဆင့်ဆင့် ဆောင်ရွက်ပုံကိစ္စများ၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် ဝန်ထမ်းများ ခန့်ထား၊ ပြောင်းရွေ့လုပ်ခြင်း၊ တင်ဒါခေါ်ယူခြင်းကိစ္စများ၊ အသက်(၆၀)အစား(၆၃)နှစ်ပြည့်မှသာ သက်ပြည့်ပင်စင် သတ်မှတ်သည့်ကိစ္စ၊
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့
များဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းကိစ္စများ၊ ဝန်ကြီးဌာနနှင့်ဦးစီးဌာန
များသည် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ပြည်သူများသိရှိနိုင်ရန် Website များ လွှင့်တင်
ထားနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့်မေးခွန်းများကို လွှတ်တော်
ကိုယ်စားလှယ်(၅)ဦး တို့ကမေးမြန်းကြမည်ဖြစ်ပြီး “၂၀၁၃ခုနှစ်၊ အသက်ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာ ရရှိသူ လူနာများအား အချိန်မီ ဆေးကုသနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေး ဥပဒေကြမ်း”၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကြမည်။


အစည်းအဝေးအစီအစဉ် Download ရယူရန် - http://pyithuhluttaw.gov.mm/sites/default/files/agenda/2014/07/24/24.7.2014-%2834%29.pdf

No comments:

Post a Comment