ဆိုလိုရင်းမှာ မြန်မာစတင်ပေါ်ပေါက်ြခင်းမှာ တကောင်းဒေသ ဖြစ်ပြီး ၊တကောင်းဒေသအစမှာ တုံငယ်ရွာက အ၀မှ စတင်သည် ဟူခြင်းဖြစ်သည်၊လက်ရှိ တကောင်းမြို့သည် မန္တလေးတိုင်းထဲ
ပါနေပြီး တုံငယ်ရွာမှာ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ပါဝင်လျှက်ရှိပါသည်၊ ထို တကောင်း၏ အစဖြစ်သော တုံငယ်ရွာ အနီးတွင် တကောင်းကိုဝန်းရံခဲ့သည့် ကျောက်မြို့ရိုးပျက်
တစ်ခုရှိပါသည်၊ ထိုကျောက်မြို့ရိုးပျက်၏ တစ်ဖက်အရှည်မှာ (၄)ဖါလုံရှိပါသည်၊ ထိုကျောက်မြို့ရိုးမှာ မြန်မာတို့၏ အမွန်အဦးအဖြစ် ဂုဏ်ယူစရာ ပြယုဒ်အဖြစ်ရှိခဲ့ရာမှ ယခုအခါ ထီးချိုင့်မြစ်ကူးတံတားအတွက်
ကျောက်ကံထရိုက်ရထားသည့် ခိုင်မင်းခန့်စိုးကုမ္ပဏီမှ ထိုမြို့ရိုးကို ဖြိုချပြီး ရရှိလာသော ကျောက်များကို သယ်ယူ၍ ထီးချိုင့်မြစ်ကူးတံတားအတွက် တင်သွင်းနေကြောင်း သတင်းရရှိပါသည်။
ထိုသို့ မြို့ရိုးဖြိုဖျက်နေသည်မှာ (၃)လခန့်ရှိပြီဖြစ်ပြီး တောင်ဘက်မြို့ရိုး၏ တစ်ဖါလုံခန့်မှာ ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်ကြေ
နန်းဦးကျောင်းဆရာတော်အပါအ၀င် ရွာခံများမှ ကျေနပ်မှု မရှိကြောင်း herjule media သို့သတင်းပေးပို့လာပါသည်၊ ထိုဖြစ်စဉ်အပေါ် HJL media မှ ဒေသခံသတင်းသမားတစ်ဦးအား
သတင်းယူနိုင်ရန် ယနေ့နံနက် (၁၁)နာရီအချိန်က ထိုမြို့ရိုးပျက်သို့ စေလွတ်ခဲ့ရာ မြို့ရိုးများ ပြိပျက်နေမှုကို တွေ့ခဲ့ရပြီး ဓါတ်ပုံရိုက်ကူးရန် ကြိုးပမ်းစဉ် ခိုင်မင်းခန့်စိုးကုမ္ပဏီမှ မန်နေဂျာ
ဗိုလ်ကြီးထွန်းထွန်းဦး(အငြိမ်း
အား ကျောက်သွင်းသည့် ကုမ္ပဏီများစွားရှိနေပြီး အခြားသော ကုမ္ပဏီများမှာ အခြားနေရာများမှ ကျောက်ရှာ၍ သွင်းကြသော်လည်း ခိုင်မင်းခန့်စိုးကုမ္ပဏီမှာ ကျောက်မြို့ရိုးဖြိုဖျက်ကျောက်ထ
ခြံစည်းရိုး ထင်းခွေ သလိုဖြစ်နေပါကြောင်းလည်း ဒေသခံများမှ ပြောဆိုလျှက်ရှိပါသည်၊ ရှေးဟောင်း ကျောက်မြို့ရိုးပျက်ဖြိုချ၍ ကျောက်ထုတ်နေမှုကို သက်ဆိုင်ရာမှ တားဆီးပြီး ထိရောက်သော အရေးယူ
ဆောင်ရွက်မှု ပြုသင့်ကြောင်း တင်ပြလိုက်ရပါသည်။ (ဟာဂျူလီ-ကသာ)
No comments:
Post a Comment