အရက်နှင့်ဘီယာ အခွန်တံဆိပ်များကို လေဆာမှန်ဘီလူးများဖြင့် ပထမဆုံးအကြိမ်စစ်ဆေးမည်
ပြည်တွင်းဖြစ်
အရက်၊ ဘီယာနှင့် ၀ိုင်များကို အခွန်ကောက်ခံရာတွင် နှစ်စဉ်
အခွန်ဝင်ငွေများ၊ အပြည့်အ၀မရရှိဘဲ၊ အရက်ကုမ္ဗဏီအချို့ အခွန်ရှောင်လွှဲမှုများ
နှင့် အခွန်အမှတ်တံဆိပ်အတုများ အများ အပြားထွက်ပေါ်နေမှုများကြောင့် အရက်၊ ဘီယာနှင့် ၀ိုင်များတွင် ကပ်နှိပ်ထားသော အခွန်အမှတ်တံဆိပ်များကို လေဆာမှန်ဘီ လူများဖြင့်ပထမဆုံးအကြိမ်စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်ချက်လုပ်ရောင်းချနေသော
အရက်၊ ဘီယာနှင့် ၀ိုင်လုပ်ငန်း (၃၀) ရှိပြီး အမျိုးအစားပေါင်း (၈၀)
ခန့်ထုတ်လုပ်ကာ၊ ပုလင်းသွင်းလုပ်ငန်းမှ အခွန်ဝင်ငွေ ကျပ် (၅) ဘီလီယံနှင့်
ကုမ်္ပဏီများမှ အခွန် ၀င်ငွေ (၁၅) ဘီလီယံ၊ စုစုပေါင်း တစ်နှစ်လျှင်
အခွန်ဝင်ငွေဘီလီယံ (၂၀) ခန့်ရရှိ နေကြောင်း ပြည်တွင်း အခွန်ဝန်ကြီးဌာန ၏
ထုတ်ပြန်ချက်အရ သိရသည်။
“ယမကာလုပ်ငန်းတွေကနေ တစ် နှစ်ကို
အခွန် ကျပ် (၃၀) ဘီလီယံရရှိဖို့ မှန်းထားတာပါ။ ဒါပေမဲ့ နှစ်စဉ် (၂၀)
ဘီလီယံလောက်ပဲ ပုံမှန်ရရှိပါတယ်။ ယမ ကာ လုပ်ငန်းအချို့ အခွန်ရှောင်တာရယ်၊
အခွန်အမှတ်တံဆိပ်အတုတွေ အများအပြား ထွက်ပေါ်နေတာကြောင့်ပဲဖြစ်ပါတယ်။
အဲ ဒီအတွက် (၂၅ . ၇ . ၂၀၁၄ ) ရက်နေ့က စပြီး အရက်၊ ဘီယာနှင့်
ဝိုင်ပုလင်းတွေ မှာ ကပ်နှိပ်ားတဲ့ အခွန်အမှတ်တံဆိပ်တွေ ကို
လေဆာမှန်ဘီလူးတွေနဲ့ ပထမဆုံးအ ကြိမ် စတင်စစ်ဆေးပါမယ်” ဟု အထက် ပါ အရာရှိက
ပြောသည်။
အရက်၊ ဘီယာနှင့် ၀ိုင်ပုလင်းများ တွင် ကပ်နှိပ်ထားသော
အခွန်အမှတ်တံ ဆိပ်ပြဿနာမှာ ယခုအခါတွင် ပိုမိုကျယ် ပြန့်လာပြီး၊
လက်ရှိအသုံးပြုနေသော အခွန် အမှတ်တံဆိပ်အစား နိုင်ငံတကာအဆင့်မီ
အခွန်အမှတ်တံဆိပ်များ ပြောင်းလဲထုတ် လုပ်ရန် ကုမ်္ပဏီတစ်ခုအား ရွေးချယ်ထား
ကြောင်းနှင့် လာမည့် (၃) လအတွင်း အခွန် အမှတ်တံဆိပ်များကို
ပြောင်းလဲသွားဖွယ် ရှိကြောင်းလည်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အ ရက်ပုလင်းအရေအတွက် သန်း (၂၀၀) ခန့် နှစ်စဉ်ထုတ်လုပ်နေပြီး ပြည်ပမှ တ ရားမ၀င်မှောင်ခိုတင်သွင်းလာသော
အရက် ပုလင်းမှာ နှစ်စဉ် (၁၀) သန်းခန့်ရှိကြောင်း ယခုကဲ့သို့ အရက်ဘီယာနှင့်
ဝိုင်ပုလင်းများ မှ အခွန်အမှတ်တံဆိပ်များကို လေဆာမှန် ဘီလူးများဖြင့်
စစ်ဆေးရာတွင် “အခွန်အ မှတ်တံဆိပ်ကပ်နှိပ်မှုစစ်ဆေးရေးအဖွဲ့” က ဦးဆောင်ပြီး စမ်းချောင်းမြို့နယ်တွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မြတ်ထွဋ်ကျော်
No comments:
Post a Comment