Wednesday, July 23, 2014

အခြေခံဥပဒေ ပြင်နိုင်တော့မလား


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၈၀ ရာခိုင်နှုန်းကျော်ကို ပြင်ဆင်ဖို့ သင့်မသင့် ဆွေးနွေးမှု ပြီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်းအခန်း (၁၅) ခန်း ပုဒ်မပေါင်း (၄၅၇) ခုထဲက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ခန်း အပါအဝင် အခန်း ခုနစ်ခန်းပါ ပုဒ်မပေါင်း ၃၄၀ ကို ဆွေးနွေးပြီးဖြစ်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက် ဆီက သိရပါတယ်။
“ပါတီအသီးသီးနဲ့ တပ်မတော်သား အစုအဖွဲ့များထံမှ တင်ပြသည့် အကြံပြုချက်များ အပေါ်တွင် အခြေခံပြီး သုံးသပ်ဆွေးနွေးထားပါတယ်” လို့လည်း ဦးအေးမောက်က ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လ အလိုမှာ အပြီးသတ် ပြင်ဆင်ရမှာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလတုန်းက လုပ်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေး ကော်မတီဆီကို အခြေခံမူတွေ ပို့ထားပါတယ်။

No comments:

Post a Comment