Saturday, July 26, 2014

စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီပူးပေါင်းပြီး ဆလွန်းကားများရောင်း ချမည့်အစီ အစဉ်ပျက်ပြယ်


ရန်ကုန်၊ ဇူလိုင် ၂၄- စက်မှုဝန်ကြီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ပူးပေါင်းပြီး အင်ဂျင်ပါဝါ ၁၀၀ဝစီစီ အောက် ဆလွန်းကား အစီးရေ ၃၀၀ အား ကျပ်သိန်း ၇၀ ဝန်းကျင်နှင့်ဇူလိုင် လကုန်တွင် စတင်ရောင်းချပေးမည့် အစီအစဉ်ကို ရပ်ဆိုင်း လိုက်ပြီးဖြစ် ကြောင်း နေပြည်တော်စက်မှုဝန်ကြီး ဌာနရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦး က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
''ရောင်းချပေးမယ့် အစီအစဉ်ကို အခုလောလောဆယ်တော့ ရပ်ဆိုင်း ထားတယ်။ ရောင်းချမယ့်ယာဉ်တွေ ကိုက ဂျပန်ကတင်သွင်းတာဆိုတော့ ဂျပန်ကဝင်လာတဲ့ ယာဉ်တွေကှနခသညိ တွေဖြစ်နေတယ်။ ဒါကြောင့် ပါ''ဟု ၎င်းအဆင့်မြင့်အရာရှိကဆို သည်။
ရောင်းချမည့်မော်တော်ယာဉ် အမျိုးအစားမှာ အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက်ရှိပြီး ဆလွန်းကားအမျိုး အစားဖြစ်သည်။ ဇွန်လတွင် ပထမ အသုတ်အနေဖြင့် အစီးရေ ၃၀၀ စတင်ရောင်းချမည်ဖြစ်ပြီး ဒုတိယ အသုတ်ကို ဇူလိုင်လကုန်တွင် အစီး ရေ ၁၀၀ဝကျော် ထပ်မံရောင်းချသွား ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''သိန်း ၇၀ ဝန်းကျင်ဈေးကို တန် တယ်ဆိုပြီး ဝယ်ဖို့စောင့်နေတာပါ။ အခုကျတော့ ဝန်ကြီးဌာနအနေနဲ့က ရောင်းချမှုကို ရပ်ဆိုင်းထားတယ်ဆို တော့ ကျွန်တော်တို့ ဝယ်လက်တွေ အားလုံး ကိုးလို့ကန့်လန့်တွေဖြစ်ကုန် တယ်''ဟု ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ကားပွဲစား ဦးဝင်း ဇော်က ဆိုသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ခုနှစ်တွင် ချယ်ရီကားများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ပြီး ပြည်တွင်းတွင် အစီးရေ ထောင် နှင့်ချီကာထုတ်ဝေခဲ့ရာ အောင်မြင်မှု ရရှိခဲ့သော်လည်း ယခုအခါတွင် ဒုတိ ယအကြိမ်မြောက် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြင့် ပူးပေါင်းထုတ်ဝေမည့်အစီ အစဉ်အား ယခင်နှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယခုအခါ တွင် ဂျပန် နိုင်ငံမှတင်သွင်းရောင်းချသည့် ယာဉ် အမျိုးအစားများမှာ Second များဖြစ် နေသည့်အတွက် ယင်းကဲ့သို့ပျက်ပြယ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NMK
‪#‎Democracytoday‬

No comments:

Post a Comment