Thursday, July 24, 2014

အစည်းအဝေးမှာ မျက်နှာကို ခြေထောက်နဲ့ ကန်တဲ့ ကသာမြို့နယ်၊ သာစည်ရွာမှ

နောက်ဆက်တွဲသတင်း.....အစည်းအဝေးမှာ မျက်နှာကို ခြေထောက်နဲ့ ကန်တဲ့ ကသာမြို့နယ်၊ သာစည်ရွာမှ
အုပ်ချုပ်ရေးမှူးကို တရားရုံးတိုင်ကြား နှင့်ပတ်သက်၍..(ဟာဂျူလီ-ကသာ)
***************************
ကျွန်တော်များ မီဒီယာအဖွဲ့မှ တင်ခဲ့သော “အစည်းအဝေးမှာ မျက်နှာကို ခြေထောက်နဲ့ ကန်တဲ့ ကသာမြို့နယ်၊ သာစည်ရွာမှ
အုပ်ချုပ်ရေးမှူးကို တရားရုံးတိုင်ကြား ” သတင်းနှင့်ပတ်သက်၍ ထိုဒေသရှိ ကျောင်းထိုင်ဆရာတော်များနှင့် တရားပြဆရာတော်တို့မှ
herjule media ရုံးသို့ ကြွရောက်ပြီး ရှင်းလင်းမှုများ ပြုလုပ်လာခဲ့ပါသည်၊
ထိုသို့ မျက်နှာကို ခြေထောက်ဖြင့်ကန်သော ကျေးရွာခွဲအုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူးအပြင် ဂေါပကလူကြီးလည်း ဖြစ်နေသဖြင့် လှူငွေ ကောက်ခံမှုများမှာ
ဘာသာရေးကောက်ခံ အလှူခံခြင်းနှင့် ဖြစ်စဉ်များ ရောတွေး
သွားရခြင်း ဖြစ်ကြောင်း၊ နောက်နောင်ထိုဖြစ်စဉ်များ မဖြစ်စေရေးအတွက် ဆရာတော်များမှ ဆိုဆုံးမသွားမည်ဖြစ်ကြောင်း၊ ကန်ခံလိုက်ရသူကိုလည်း ကျေးရွာခွဲအုပ်ချုပ်ရေးမှူးမှ
တောင်းပန်သွားမည်ဖြစ်ကြောင်း၊ တရားရုံးကုန်ကျစားရိတ်များလည်း ထိုသူကပင် စိုက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊
ခြေထောက်ဖြင့်ကန်ခြင်းမှာ မှန်ကန်သော်လည်း ကောက်ခံသောငွေများမှာ သာသနာရေးအတွက် ဖြစ်ပြီး ဖြစ်စဉ်ဖြစ်သောနေရာမှာလည်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်းသာဖြစ်ကြောင်း
သိရှိရပါသည်။(ဟာဂျူလီ-ကသာ)

No comments:

Post a Comment