Thursday, July 24, 2014

အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း AH 5017 ဆာဟာရကန္တာရပေါ် ပျောက်ဆုံး



“ပျောက်ဆုံးနေသည့် လေယာဉ်နှင့် အမျိုးအစားတူ လေယာဉ်တစ်စင်း (Photo: airliners.net)”
လေယာဉ်ပျောက်တဲ့၊ ပျက်ကျတဲ့သတင်းတွေ နိုင်ငံတကာ မီဒီယာတွေမှာ မကြာခဏတက်နေတဲ့ ယခုကာလမှာ အယ်ဂျီးရီးယားနိုင်ငံကို ဘူကီနာဖာဆို နိုင်ငံကနေ ပျံသန်းလာတဲ့ ခရီးစဉ်အမှတ် AH 5017 ဟာလည်း ဘယ်ထိန်းချုပ်စခန်းနဲ့မှ အဆက်အသွယ်မရဘဲ သဲကန္တာရပေါ် ပျံနေရင်း ပျောက်ဆုံးနေပါတယ်။
ဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၁၀ နဲ့ လေယာဉ်အမှုထမ်း ၆ ဦးတို့ လိုက်ပါသွားတာ ဖြစ်ပါတယ်။
လေဆိပ်ကနေ ပျံတက်သွားပြီး မိနစ်ငါးဆယ်အကြာမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး ရောက်သင့်နေတဲ့ အချိန်ဖြစ်ပါလျက် မရောက်သေးဘူး လို့လည်း လေကြောင်းလိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။
စပိန် လေယာဉ်ကုမ္ပဏီတစ်ခုက ပိုင်တဲ့ ဒီလေယာဉ်ကို အယ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie က ပြေးဆွဲနေတာ ဖြစ်ပါတယ်။
မြင်ကွင်းမရှင်းတာကြောင့် လေယာဉ်အချင်းချင်း တိုက်မိနိုင်တာမို့ လမ်းကြောင်းပြောင်းဖို့ လေယာဉ်မောင်း အဖွဲ့ကို လှမ်းသတင်းပို့လိုက်ပြီး လမ်းကြောင်း ပြောင်းပြီးတာနဲ့ မကြာခင်မှာပဲ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်လို့ အမည်မဖော်လိုတဲ့ လေကြောင်းလိုင်း အရာရှိတစ်ဦးက ဆိုပါတယ်။
အယ်ဂျီးရီးယားနဲ့ ဘူကီနာဖာဆို အစိုးရတွေကတော့ သတင်းတစုံတရာ မထုတ်ပြန်သေးပါဘူး။

No comments:

Post a Comment