ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂါရဝပြုအခမ်းအနား ရွှေတိဂုံဘုရား
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း နှစ်(၅ဝ)ပြည့်
ရွှေရတုအထိမ်းအမှတ် ဂါရဝပြုအခမ်းအနား ရွှေတိဂုံဘုရား
တောင်ဘက်မုခ်အနီးရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်ရှေ့တွင် ပြုလုပ်
=================================================
ရန်ကုန်၊ ဇူလိုင် ၂၃
-ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်းနှစ် (၅ဝ)ပြည့်
ရွှေရတုအထိမ်းအမှတ် ဂါရဝပြု အခမ်းအနားအား ရွှေတိဂုံ ဘုရားတောင်ဘက်မုခ်အနီးရှိ
သခင် ကိုယ်တော်မှိုင်းဂူဗိမာန်ရှေ့တွင် ဇူလိုင် ၂၃ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သခင်ကိုယ်တော်မှိုင်းဂူဗိမာန်
ရှိရာသို့ အများပြည်သူများအနေ ဖြင့် ၁၉၇၆ မှိုင်းရာပြည့်အရေးတော် ပုံ
ဖြစ်ပွားပြီး စဉ်ကတည်းက ဝင်ရောက်ဂါရဝပြုခွင့် မရခဲ့ခြင်းဖြစ်ပြီး
ယခုနှစ်တွင် ကျရောက်သည့် ဆရာ ကြီးကွယ်လွန်သည့် ရွှေရတုနှစ် မြောက်တွင်
ခမ်းခမ်းနားနားဝင်ရောက် ကျင်းပခွင့်ရခြင်းဖြစ်ကြောင်း သခင်ကြီး၊ သခင်မကြီးများ မျိုးဆက်အဖွဲ့ မှ သိရသည်။
သခင်ကြီး၊ သခင်မကြီးများ မျိုး ဆက်အဖွဲ့မှ သခင်လှဘာန်၏မြေး
ဦးအောင်မြင့်ဦးက '' ၁၉၇၆မှိုင်းရာပြည့် အရေးတော်ပုံပြီးကတည်းက ဆရာ ကြီး
ဂူဗိမာန်ရှိရာကို အခုလိုခမ်း ခမ်းနားနားဝင်ရောက် ဂါရဝပြုခွင့် မရခဲ့တာ
ကြာပြီဖြစ်တယ်။ ရွှေရတု နှစ်မြောက်မှ ကြုံတောင့်ကြုံခဲ့ ဝင် ရောက်ခွင့်ရပြီး
ခမ်းခမ်းနားနားကျင်းပ ခွင့်ရတာ အားရပါတယ်။ ဒီလိုကျင်းပ ခွင့်ရတာဟာ
ဆရာကြီးမျှော်မှန်းတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရောက်လာ ပြီလို့
မျှော်မှန်းလို့ရပါတယ်။ အစိုး အနေနဲ့လည်း ဆရာကြီးပြောခဲ့တဲ့
သူမနာကိုယ်မနာလမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆောင်ရွက် မယ်ဆိုရင် ငြိမ်းချမ်းရေးကိုဖော်ဆောင် နိုင်မှာ ဖြစ်တယ်''ဟု ပြောသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်းဂါရဝပြုပွဲအခမ်းအနား
သို့တို့ဗမာအစည်းအရုံး အဝင်များ ဖြစ်သည့် သခင်ကြီးသခင်မကြီးမျိုး
ဆက်အဖွဲ့များ၊ သခင်ကိုယ်တော်မှိုင်း မိသားစုဝင်များနှင့်အများပြည်သူများ လာရောက်ကြပြီး ကဗျာဆရာကြီး များမှ သခင်ကိုယ်တော်မှိုင်းရေးစပ်ခဲ့ သည့် ကဗျာများကို ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်လည်း သခင် ကိုယ်တော်မှိုင်းရာပြည့်အနေဖြင့်
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းအနီး တွင်လည်း သခင်ကိုယ်တော်မှိုင်း ရွှေရတု
အထိမ်းအမှတ် ကဗျာရွတ် ဆိုပွဲ ကျင်းပခြင်းများလည်းရှိကြောင်း သိရသည်။
SH
#Democracytoday
No comments:
Post a Comment