
ရွှေကိုကို - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
ရန်ကုန်၊ လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်များ ပိုမိုပေါ်ထွက်လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသမီး နိုင်ငံရေးလှုပ် ရှားမှုအဖွဲ့(WPA)က ပြောဆိုလိုက်သည်။
အဆိုပါအဖွဲ့သည် အမျိုးသမီးများရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် လိုအပ်သည်များကို ကူ ညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ မဲပေး ရာတွင်လည်း အမျိုးသမီး မဲဆန္ဒရှင်များအနေ ဖြင့် ပိုမိုပါဝင်လာနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း WPA ၂ဝ၁၅ ၏ ဦးဆောင်အဖွဲ့ဝင် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
''ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ နေရာ ရဖို့ ကူညီပေးမယ်။ ပံ့ပိုးပေးမယ်။ မဲပေးတဲ့နေရာ မှာ အမျိုးသမီးတွေကို ရွေးချယ်နိုင်အောင်၊ အမျိုး သမီးတွေ အရည်အချင်း ပိုပြီးမြှင့်တင်နိုင်အောင် လို့ ရွေးကောက်ပွဲဝင်နိုင်အောင် နည်းအမျိုးမျိုးနဲ့ ပံ့ပိုးသွားမယ်။ အသိပညာပေးတာပဲ ဖြစ်စေ၊ စည်း ရုံးလှုံ့ဆော်တာပဲဖြစ်စေ သူတို့လိုအပ်တာတွေကို အစ်မတို့က ပံ့ပိုးပေးတာပေါ့။ ဥပမာ- ရွေးကောက် ပွဲဝင်တဲ့ အမျိုးသမီးတစ်ယောက်က အမျိုးသား တွေနဲ့ မတူဘူးလေ။ သူ မဲဆွယ်နေတဲ့အချိန်မှာ သူ့ကလေးကို စောင့်ရှောက်ရမှာက ရှိသေးတယ်လေ။ အိမ်ထောင့်တာဝန် ယူရမှာ ရှိသေးတယ်။ အဲဒီကိစ္စတွေကို အစ်မတို့ ဘယ်လိုကူညီပေးနိုင် မလဲ။ သူ့ကလေးကို ထိန်းပေးရမှာလား ဒါမျိုးပေါ့'' ဟု ယင်းက ပြောသည်။
ထို့ပြင် အမျိုးသားများအနေဖြင့်လည်း ၄င်းတို့၏အမျိုး သမီးများ ဆန္ဒမဲပေးရာတွင် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် လှုံ့ဆော်သွားမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာတွင် အမျိုးသမီးများကိုယ်တိုင် ရွေးချယ်မှု မြင့်တက်လာစေရန် ရည်ရွယ်ကြောင်း WPA ၂ဝ၁၅ အဖွဲ့မှ သိရသည်။
ဖန်တီးအိမ်အဖွဲ့၏ လေ့လာတွေ့ရှိချက်အရ အမျိုး သားများထက် အမျိုးသမီးများသည် ဆန္ဒမဲပေးမှုရာခိုင်နှုန်း ပိုမိုအားနည်းကြောင်း၊ ထိုသို့ အားနည်းရခြင်းသည် အမျိုး သမီးများအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အား နည်းသောကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲအနေအ ထားအရသော်လည်းကောင်း တွေ့ရှိရကြောင်း၊ သို့သော် ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် voter education (မဲဆန္ဒရှင်ပညာပေး)များ ရှိလာသောကြောင့် အမျိုးသမီးများ ဆန္ဒမဲပေးမှုမြင့်တက်လာကြောင်း၊ ၂ဝ၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင်လည်း အမျိုးသမီးများ မဲပေးမှုရာခိုင်နှုန်း မြင့်တက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
WPA ၂ဝ၁၅ အဖွဲ့အနေဖြင့် ဘတ်ဂျက်အခြေအနေ ပေါ်မူတည်၍ အထက်ပါလုပ်ငန်းများအား ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိအဖွဲ့တွင် ပါဝင်သူများသည် အဖွဲ့ အစည်းများ၏ ခေါင်းဆောင်များဖြစ်သောကြောင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း သိရသည်။
Women’s Political Action, ၂ဝ၁၅ အဖွဲ့သည် ၂ဝ၁၄ ခုနှစ်ဦးပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လှုပ် ရှားမှုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယခုနှစ်မွေးနေ့တွင် ၄င်း၏ဦးဆောင်မှုနောက်တွင် အခိုင်အမာရပ်တည်သွားမည်ဟု သဘောထားထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိတွင် အမျိုးသမီး အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသော အဖွဲ့အ စည်းများမှ အဖွဲ့ခေါင်းဆောင်များ အယောက် ၂ဝ ခန့်ဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီး ပူးပေါင်းပါဝင်လိုသူများ ရှိပါက လည်း ပါဝင်ဆောင်ရွက်နိုင်ကြောင်း WPA ၂ဝ၁၅ ၏ဦး ဆောင်အဖွဲ့ဝင်များက ဆိုသည်။
Women’s Political Action (WPA) ၂ဝ၁၅တွင် အဖွဲ့ဝင် ၂ဝ နီးပါးရှိပြီး လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
No comments:
Post a Comment