
အချိန်တစ်နှစ်ကြာ ရေးဆွဲခဲ့တဲ့ လွှတ်တော်စောင့်ကြည့်ရေး အင်တာနက်စာမျက်နှာ၊ Mobile App နဲ့ API တို့ကို ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဇူလိုင် ၂၅မှာ အများပြည်သူသုံးစွဲနိုင်ဖို့ မိတ်ဆက်လိုက်ပါပြီ။ မြန်မာလွှတ်တော်ကို အွန်လိုင်းကနေ ဘယ်လိုစောင့်ကြည့်မှာလဲ။
နိုင်ငံသားတွေနဲ့ လွှတ်တော်ကြား အပြန်အလှန်ဆက်သွယ်မှု အားကောင်းလာဖို့ အိုင်တီနည်းပညာကို အသုံးချတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုမီဖို့ နည်းပညာနဲ့ဖောက်ထွက်တာ အမြန်ဆုံးဖြစ်တယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ အကြံပေးအရာရှိ ဦးကိုကိုကြီးက ဆိုပါတယ်။
ကျေးရွာအုပ်စု၊ ရပ်ကွက်အဆင့်ထိ အချက်အလက်တွေကို ရေးသွင်းထည့်ဆွဲထားတာဖြစ်လို့ နိုင်ငံတကာက လွှတ်တော်စောင့်ကြည့်အဖွဲ့တွေရဲ့ ပုံစံကိုတော့ ပုံတူကူးလို့မရဘူးလို့ သူက ဆိုပါတယ်။ အင်တာနက် စာမျက်နှာomimyanmar.org မှာ ကြည့်ရှုနိုင်သလို Mobile App ဖြစ်တဲ့ Myanmar Mps v2 ကိုလည်း Google Play Store နဲ့ 1 Mobile Market တို့မှာ Download ဆွဲကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ အကြီးတန်းအရာရှိ ဦးစိုးသီဟနောင်က Application Program Interface လို့ခေါ်တဲ့ API က စနစ်တကျ တည်ဆောက်ထားတဲ့ အချက်အလက်တွေကို ပြည်တွင်း Developers တွေကိုပေးပြီး အဲဒီကနေ အခြား Application တွေ ထပ်ပြီးရေးဆွဲနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Android Version နဲ့ Application ကိုပဲ သုံးနိုင်မှာဖြစ်ပြီး မကြာခင်မှာ iOS version သုံးနိုင်ဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုနဲ့ ဆွေးနွေးချက်တွေကို ထည့်သွင်းထားပြီး အချက်အလက်တွေကိုတော့ လွှတ်တော်ရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ရယူထားတယ်လို့ ကိုထင်ကျော်အေးက ရှင်းပြပါတယ်။
ဗွီဒီယိုဖိုင်ကြည့်ရန် - http://www.kamayutmedia.com/2014/07/26/mobile-app-and-api-to-monitor-parliament/
No comments:
Post a Comment