

အာဇာနည်နေ့ကို တကယ်အသိအမှတ်ပြုပြီလား
========================== ===========
မင်းညီ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှန် (၂၈)။
ပြီးခဲ့တဲ့ ၂ဝ၁၄ ဇူလိုင် ၁၉ ရက်ဟာ အာဇာနည်ခေါင်း ဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့် ခဲ့တာ ၆၇ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီ ၆၇ နှစ် အတွင်းမှာကျွန်တော်တို့မြန် မာပြည်ကြီးကအာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ထိုက်တန်တဲ့တကယ့်ဂုဏ်ပြု ချီးမြှင့်မှုတွေလုပ်ပေးခဲ့ပါရဲ့လား။ လွတ်လပ်ရေးရခါစ ဖဆပလအစိုးရလက်ထက်မှာ အာဇာနည်နေ့ အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပခဲ့ပေမ ယ့် ၁၉၆၂ နောက်ပိုင်းတော် လှန်ရေးကောင်စီအစိုးရလက်ထက် နဲ့
၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်တွေမှာ အာဇာနည်နေ့အခမ်း အနားကို
သာမန်အစိုးရရုံးပိတ်ရက် တစ်ရက်အဖြစ်လောက် သာ သဘောထားကျင်းပခဲ့တာ အားလုံး
အသိပဲ ဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့အဲဒီကာလတွေမှာ တော်လှန်ရေး နေ့တစ်ဖြစ်လဲ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင် စုနေ့ စတဲ့ နိုင်ငံတော်နေ့ထူးနေ့မြတ်များကို နိုင်ငံပိုင်ရေဒီယို၊ရုပ်မြ င်သံကြားနဲ့ သတင်းစာတွေကနေ ပွဲတော်နေ့မတိုင်ခင် တစ်လလောက် ကတည်းက နေ့စဉ်နေ့တိုင်းဝေဝေဆာဆာ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်
ဆန်းနဲ့အာဇာနည်ကြီးများ တိုင်းပြည်အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်နေ့ဟာ
အခြားနိုင်ငံတော်အဆင့် နေ့ထူး နေ့မြတ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
သာမန်အစိုးရရုံး ပိတ်ရက်အခမ်းအနားတစ်ခုလောက် သာ
မျက်နှာငယ်စွာ ထင်ကျန်နေပါတော့တယ်။ ဒါ့အပြင် အာဇာနည်နေ့အခမ်း အနားကို
နိုင်ငံတော်အကြီးအကဲများ တက်ရောက်ခြင်းမရှိ တော့သလို
ရန်ကုန်မြို့တော်ဝန်အဆင့်လောက်နဲ့ပဲ အခမ်း အနားကျင်းပရေးကော်မတီကို ဖွဲ့စည်းပြီး အမည်ခံအကျဉ်း ရုံးလောက်သာကျင်းပခဲ့ကြပါတယ်။
ယုတ်စွအဆုံး အာဇာနည်နေ့ကို နိုင်ငံကျော်အဆိုတော် Rဇာနည်ရဲ့မွေးနေ့ဆိုပြီး
မျိုးဆက်သစ်ကလေးငယ်များ အထင်မှားအမှတ်မှားဖြစ်ရ တဲ့အထိ
အာဇာနည်ကြီးများဂုဏ်ငယ်ခဲ့ရ ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူအနေနဲ့ အာဇာနည်နေ့ကို ဂုဏ်ငယ်သွားအောင်၊ သေးသိမ်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေ သလားဆိုပြီး ပြည်သူ တွေအကြား သံသယစိတ်နဲ့ မေးခွန်းထုတ်ခံရတဲ့အထိဖြစ် လာပါတယ်။
အခုနှစ် ဇူလိုင် ၁၉ရက်မှာ ကျင်းပခဲ့တဲ့ ၆၇နှစ်မြောက် အာဇာနည်နေ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရင်ထဲမှာ နှစ်ပေါင်းများစွာစူးဝင်နေတဲ့
သံသယဆူးတစ်ချောင်းကို တဒင်္ဂတော့ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီနေ့ နံနက် ၈
နာရီခွဲ မှာ အာဇာနည်ဂူဗိမာန်ကို နိုင်ငံတော်ဒုတိယသမ္မတဒေါက်
တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ အမျိုးသားလွှတ် တော် ဥက္ကဋ္ဌဦးခင်မောင်မြင့်လို
ထိပ်တန်းနိုင်ငံ့ခေါင်းဆောင် များတက်ရောက်ဂါရဝပြုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မ တော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်း ဦးနဲ့ စစ်ရေးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့လို အဆင့်မြင့်တပ်မတော်အရာ ရှိကြီးများတက်ရောက်ခဲ့ကြပါ တယ်။
အလားတူ နေပြည်တော်မှာလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေကစုပေါင်းပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရ ည်စူးကာ သံဃာတော် တွေကို နေ့ဆွမ်းဆက်ကပ် ဆုတောင်းအလှူဒါနပြုခဲ့ကြ ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ရုံးခန်းမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို
ရည်စူးပြီး ဆွမ်းကပ်အလှူ တစ်ခု ပြုလုပ်ခဲ့ခြင်းပါပဲ။ ဇူလိုင် ၁၉ ရက် နံနက်
၁ဝ နာရီခွဲမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွမ်းကပ်အလှူပွဲကို
ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း နဲ့ အခြားထိပ်တန်း ပါတီခေါင်းဆောင်များတက်ရောက်ခဲ့ ပါတယ်။
အစဉ်အလာအရတော့ အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ ပါတီအဖွဲ့အ စည်းအနေနဲ့ ပုံမှန်ကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အထိမ်း အမှတ်ပွဲ လုပ်လေ့လုပ်ထမရှိပါဘူး။ (မှတ်ချက် - ၆၆ နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွ င်ပြုလုပ်သည့် သံဃာတော်များအားဆွမ်းကပ်အလှူကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက်ခဲ့သည်။) ဒီနှစ်မှာ ပြည်ခိုင်ဖြိုးပါတီက အခုလိုအာဇာနည်နေ့ဆွမ်းကပ်အလှူပွဲ
ကျင်းပလိုက်တာဟာ နှစ်ပေါင်းများစွာ ဂုဏ်ငယ်ခဲ့တဲ့ အာဇာနည်ကြီးများအတွက်
ဂုဏ်တင့်စရာလို့ဆိုရမှာပါ။ ဒါ့ အပြင် ရန်ကုန်မြို့ မြို့တော်ခန်းမ
အဆောက်အအုံ ထဲမှာ လည်း ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ကျဆုံးအာဇာနည်ကြီးများကို ရည်စူး ပြီး နေ့ဆွမ်းဆက်ကပ်
အလှူဒါန တစ်ခုပြုခဲ့ပါသေးတယ်။ အဲဒီအလှူပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူတို့ကိုယ်တို င်တက်ရောက်ခဲ့ကြပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကေ တာ့
ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကို ဇူလိုင် ၁၉ ရက်
နံနက် ၁ဝ နာရီလောက်မှာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလာရောက် ကြည့်ရှုခဲ့ခြင်းပါပဲ။ အဲဒီဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်နေအိမ်ဟောင်း)ကို နိုင်ငံ့ အကြီးအကဲတွေ လာရောက်ခြင်းမရှိတာဟာ နှစ်ပေါင်းများ စွာကြာမြင့်ခဲ့ပါပြီ။
အထက်ပါအချက်တွေကို ခြုံငုံကြည့်မယ် ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အာဇာနည်နေ့ကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ရာကတစ်ကျော့ပြန်ပြီး အသိအမှတ်ပြုလိုက်ခြင်းပဲလို့ ဆိုရမှာပါ။ သို့သော်လည်း အာဇာနည်နေ့ မတိုင်ခင်က ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အာဇာနည်နေ့မှာ ကားဟွန်းသံအရှည်မတီးရအမိန့် ထုတ် ပြန်ချက်ကတော့ ပြည်သူတွေအတွက် ဝေဖန်စရာဖြစ်ခဲ့ပါ တယ်။
အလားတူ အာဇာနည်နေ့မှာ နိုင်ငံပိုင်ရုပ်သံတွေက နိုင်ငံ့ခေါင်းဆောင်တွေ အာဇာနည်ဗိမာန်မှာ တက်ရောက်အလေးပြုပုံ၊ အာဇာနည်နေ့အထိမ်းအမှတ် သံဃာတော် တွေကို ဆွမ်းကပ်ပုံနဲ့ ဗိုလ်ချုပ်ပြတိုက်လာရောက်ကြ ည့်ရှု ပုံတွေကိုဖော်ပြခဲ့ပေမယ့် ပြည်သူလူထုထောင်ပေါင်းများစွာ အာဇာနည်ကြီးတွေကို လာရောက်ဂါရဝပြုအလေးပြုတဲ့ ပုံရိပ်တွေကိုတော့ ထည့်သွင်းဖော်ပြပေးခြင်းမရှိပါဘူး။
ဒါ့ အပြင် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်ကို နိုင်ငံပိုင်
ရုပ်သံလိုင်းတွေက ဇူလိုင် ၁၉ရက်မှာ တစ်ရက်လုံး ထုတ်လွှင့်ပေးခြင်း
မရှိတာကိုလည်း ပြည်သူတွေအားမလို အားမရ ဖြစ်ခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာတော့
အာဇာနည်နေ့ အခမ်းအနားမှာ ပြည်သူတွေ သောင်းသောင်းဖြ ဖြ
လာရောက်ဂါရဝပြုပုံတွေကို ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေက
ဝေဝေဆာဆာဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာမီဒီယာတွေရဲ့ Facebook အင်တာနက် စာမျက်နှာကတစ်ဆင့်အာဇာနည်နေ့ အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ဂါရဝပြုနေပုံ၊ ပြည်သူတွေကြိတ်ကြိတ်တိုးတက် ရောက်လာပုံတွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာကို ပြည်သူတွေအထူးနှစ်ထောင်းအား ရဖြစ်ခဲ့ ကြပါတယ်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်အကြီးအကဲတွေ နှစ်ပေါင်းအတော်ကြာတက်ရောက် ခြင်း မရှိ၊ အခမ်းအနားကျင်းပခြင်း မရှိတော့တဲ့ အာဇာနည်နေ့ အခမ်းအနားကိုအခုနှစ်မှာသမ္မတ ၊ဒုသမ္မတ၊ကာကွယ်ရေးဦးစီးချု ပ်၊
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့
ပြည်ခိုင်ဖြိုးပါတီထိပ် တန်းခေါင်းဆောင်ကြီးတွေ တစ်ထောင့်တစ်နေရာက ပုံစံ
အမျိုးမျိုး နေရာအစုံစုံနဲ့ အရေးတယူ ကျင်းပခဲ့တာဟာ
နိုင်ငံ့ခေါင်းဆောင်များအာဇာနည်နေ့ကိုတကယ်အသိအမှတ် ပြုပြီလားလို့အဆိုးထဲကအကောင်း မေးခွန်းထုတ်စရာ၊ တွေးတောချင့်ချိန်စရာ ဖြစ်ရပါကြောင်း။ ။
==========================
မင်းညီ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှန် (၂၈)။
ပြီးခဲ့တဲ့ ၂ဝ၁၄ ဇူလိုင် ၁၉ ရက်ဟာ အာဇာနည်ခေါင်း ဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့် ခဲ့တာ ၆၇ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီးဗု
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသ
အခုနှစ် ဇူလိုင် ၁၉ရက်မှာ ကျင်းပခဲ့တဲ့ ၆၇နှစ်မြောက် အာဇာနည်နေ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရင်ထဲမှာ နှစ်ပေါင်းများစွာစူးဝင်နေတ
ဒါ့အပြင် မြန်မာ့တပ်မ တော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်း
အလားတူ နေပြည်တော်မှာလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန
ထူးခြားချက်တစ်ခုကတော့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်
အစဉ်အလာအရတော့ အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ ပါတီအဖွဲ့အ စည်းအနေနဲ့ ပုံမှန်ကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အထိမ်း အမှတ်ပွဲ လုပ်လေ့လုပ်ထမရှိပါဘူး။ (မှတ်ချက် - ၆၆ နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွ
နောက်ထပ်ထူးခြားချက်တစ်ခုကေ
အထက်ပါအချက်တွေကို ခြုံငုံကြည့်မယ် ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေအနေန
အလားတူ အာဇာနည်နေ့မှာ နိုင်ငံပိုင်ရုပ်သံတွေက နိုင်ငံ့ခေါင်းဆောင်တွေ အာဇာနည်ဗိမာန်မှာ တက်ရောက်အလေးပြုပုံ၊ အာဇာနည်နေ့အထိမ်းအမှတ် သံဃာတော် တွေကို ဆွမ်းကပ်ပုံနဲ့ ဗိုလ်ချုပ်ပြတိုက်လာရောက်ကြ
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်အကြီးအကဲတွေ နှစ်ပေါင်းအတော်ကြာတက်ရောက်
No comments:
Post a Comment