

တက္ကသိုလ်ပညာရေး
(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)
(၁)
“ကိုဘသစ်ရေ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာဖို့ ဘာလိုသလဲ”
“တက္ကသိုလ်ဝင်တန်း အောင်တယ်ဆိုရင်ပဲ ပညာသင်ကြားရာဌာနဖြစ်တဲ့ တက္ကသိုလ်တစ်ခုမှာ အတန်းတစ်ခုတက်ဖို့ မှတ်ပုံတင်ရတယ်။ အတန်းတက်ခွင့်ရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသား ဖြစ်ပြီပဲ”
“တက္ကသိုလ်ကျောင်း ဘယ်နှမျိုးရှိလဲ”
“နှစ်မျိုးပေါ့၊ တစ်ခုက ကျောင်းတက်ရတယ်၊ နောက်တစ်ခုက အဝေးသင်ပေါ့။ အတန်းမှာ လာမတက်ဘဲ စာပေး၊ စာယူနည်းနဲ့ လေ့လာတာမျိုးပါပဲ။ ယနေ့ခေတ်မှာ online ကနေ သင်ယူတာမျိုးလည်း ရှိတယ်”
“ကျောင်းမတက်ဘဲ အဆင်ပြေပါ့မလား”
“ဆရာဆရာမတွေက အင်တာနက်ကနေ၊ ဒါမှမဟုတ် စီဒီတွေနဲ့ ပို့ချတာတွေ ရှိတယ်။ မေးတာတွေကို ဖြေရတာတွေ ရှိတယ်။ အဖြေလွှာများ (Assignment) တွေကို တင်ရတာတွေ ရှိတယ်”
“ဘွဲ့ဘယ်လိုရလဲ”
“တက္ကသိုလ်တက်ပြီး သတ်မှတ်တဲ့စာမေးပွဲတွေ အဆင့်ဆင့်အောင်ရင် ဘွဲ့ရတာပဲ”
“စာမေးပွဲဖြေရုံပဲလား”
“အချို့ကတော့ စာတမ်းတွေပြုစုရတာမျိုးတွေလ ည်း ရှိတယ်”
“စာမေးပွဲအောင် ဘွဲ့ရတော့ ပညာတတ်ဖြစ်ရောလား”
“ခင်ဗျားမေးတာ ကျွန်တော်သဘောပေါက်ပါတယ်။ လူတွေပြောနေကြတဲ့ ဘွဲ့ရပညာမတတ် ဆိုတာမျိုးလား”
“အဓိကကတော့ စနစ်နောက် မျောနေကြတာကို ပြောတာပါ။ တစ်ချိန်က တက္ကသိုလ်ကို ပြန်ကြည့်ရအောင်ဗျာ”
(၂)
“ကိုဘသစ်ရေ၊ ကျွန်တော်တို့ခေတ်မှာ တက္ကသိုလ်ဆရာတွေ ရှားလွန်းတော့ နိုင်ငံခြားသား ဆရာတွေကိုခေါ်ပြီး သင်ယူရတယ်။ ခုခေတ်မှာ တက္ကသိုလ်ဆရာတွေ ပေါမှပေါပဲ”
“ဟုတ်ပါ့။ ပညာရေးမှာ အရမ်းကို တိုးတက်လာတဲ့ခေတ် ရောက်နေတယ်။ တက္ကသိုလ်ထဲကို ၀င်သွားလိုက်ရင် တွေ့သမျှလူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခလို့တောင် ပြောစမှတ်ပြုတယ်”
“ဒါကောင်းတာလား၊ မကောင်းတာလား” “ကောင်းတာပေါ့” “ကျွန်တော်တို့ခေတ်မှာ ရန်ကုန်တက္ကသိုလ် တစ်ခုပဲရှိတယ်။ နောက်မှ မန္တလေးတက္ကသိုလ်က သီးခြားဖြစ်လာတယ်။ ရန်ကုန်တက္ကသိုလ်အောက်မှာ မော်လမြိုင် ဥပစာကောလိပ်ဆိုတာ ရှိခဲ့တယ်။ နောက်မှ ပုသိမ်ကောလိပ် ပေါ်ပေါက်လာတယ်။ မန္တလေးတက္ကသိုလ် လက်အောက်မှာ မကွေးကောလိပ် ရှိခဲ့တယ်။ နောက်တော့ တောင်ကြီးနဲ့ မြစ်ကြီးနားကောလိပ်တွေ ပေါ်လာတယ်။ ခုခေတ် တက္ကသိုလ်ကျောင်းတော်ကြီးတွေ ၁၆၉ ခုတောင်ရှိတယ်လို့ ပြောတယ်”
“ဒါဆိုရင် ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေ မပေါ်သေးဘူးပေါ့”
“အဲဒါတွေက မဟာဌာနအနေနဲ့ တည်ရှိတယ်။ Falculty ပေါ့။ နောက်ပိုင်းမှ ဒါတွေကို တက္ကသိုလ်အနေနဲ့ ပြောင်းလဲလိုက်တယ်၊ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက တက္ကသိုလ်တွေကို သူတို့လက်အောက် ထည့်လိုက်တယ်”
(၃)
“ဒါကောင်းတာလား၊ မကောင်းတာလား”
“ခင်ဗျားက ဒီလိုပဲ မေးတတ်တာလား ကောင်းတာပေါ့ဗျာ၊ သူ့နေရာနဲ့သူ ကျစ်ကျစ်လျစ်လျစ် ထိန်းသိမ်းနိုင်တာကိုး။ ဒါပေမဲ့ သူတို့က သင်ကြားပို့ချနေတော့ ပညာရေးလက်အောက်မှာပဲ ရှိသင့်တယ်။ ပြီးတော့ သူတို့ကို မဟာဌာနများ Falculties အနေနဲ့သာ ထားသင့်တယ်။ ဥပမာ ဆေးတက္ကသိုလ်တက်ချင်တဲ့သူဟာ တက္ကသိုလ်မှာ အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတို့ကို သင်ယူထားဖို့ လိုတယ်။ အင်ဂျင်နီယာတက္ကသိုလ်ကို တက်ချင်ရင်လည်း အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတို့ကို သင်ယူထားဖို့ လိုတယ်”
“ခုလည်း သက်ဆိုင်ရာတက္ကသိုလ်တွေမှာ သင်နေကြတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အားနည်းတယ်လို့ ထင်ပါတယ်။ အချို့မှာ မသင်တော့တာတွေတောင် ရှိတယ်။ ကျွန်တော်ဆိုလိုတာက အရင်ခေတ်ကလို ပထမနှစ်နှစ်မှာ ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်ကို သင်ယူသင့်တယ်လို့ ထင်တယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာတို့ကိုလည်း ပုံမှန်အတိုင်း ထိထိရောက်ရောက် ထူးထူးချွန်ချွန်ဖြစ်အောင် သင်ကြားပေးဖို့လိုတယ်။ ခေတ်ကြီးဟာ ပြောင်းလဲနေပါတယ်။ ဆရာဝန်တွေဆိုရင် ပစ္စည်းကိရိယာတွေ သုံးနေရတယ်။ ဥပမာ Laser လိုမျိုး MRI လိုမျိုးပေါ့။ ဒါတွေရဲ့ အခြေခံတွေဟာ ရူပဗေဒလေ။ ဆေးဝါးတွေဆိုင်ရာ ဆိုရင်လည်း ဓာတုဗေဒအခြေခံ လိုပြန်တယ်”
(၄)
“ဒါပေမဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်လာကြတဲ့အခါ သူတို့က ဆရာဝန်ပညာ အင်ဂျင်နီယာပညာပေါ့လေ၊ အဲဒါတွေကို အသုံးချရုံပဲ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ပညာရှင်ဖြစ်ချင်ရင်တော့ အခြေခံကို သိထားရတယ်။ ကွန်ပျူ တာတက္ကသိုလ်က ဘွဲ့ရတစ်ယောက်အနေနဲ့ Processor ဆိုတာ ဘာအလုပ်လုပ်လဲ။ Chips တို့၊ IC တို့ ဆိုတာတွေထဲမှာ ဘာတွေပါဝင်လဲဆိုတာ သိသင့်တယ်။ အဲဒီထဲကမှ ပညာရှင်ဆိုတာတွေကို မွေးထုတ်နိုင်မှာပေါ့။ သူများလုပ်ထားတာတွေကို သုံးတတ်ရုံ သုံးတတ်တဲ့သူတွေဟာ ပညာရှင်တွေ မဟုတ်ဘူး။ Technician အဆင့်ပဲ ရှိတယ်လို့ ဆိုတယ်”
“တကယ်ရော ပညာရှင်အဆင့်တွေမှာ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား”
“ကျွန်တော်ပြောချင်တာ အဲဒီအချက်ပါပဲ။ ပညာဆိုတာ လူအများအတွက် ဆီမီးကြီးပါ။ သူက မှန်ကန်တဲ့လမ်းကို ညွှန်ပြပါတယ်။ ဥရောပတို့၊ အမေရိကတို့က လူတွေမှ မဟုတ်ပါဘူး။ အာဖရိကတို့၊ အာရှကလူတွေလည်း ထူးချွန်ကြတာ ခင်ဗျားသိပါတယ်။ ကျွန်တော်သိသလောက် တစ်ခေတ်က ကျွန်တော်တို့ဆီက ရူပဗေဒပညာရှင်တို့၊ ဓာတုဗေဒပညာရှင်တို့၊ အင်ဂျင်နီယာတို့ဟာ နိုင်ငံတကာမှာ ၀င်ဆံ့ပါတယ်”
“ဘယ်လိုမျိုးလဲ”
“အမေရိကန်နိုင်ငံ ဆီလီကွန်တောင်ကြားက မြန်မာရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေဆိုရင် ဟိုမှာ ကွန်ပျူတာဆိုင်ရာ ထိပ်တန်းအရာရှိတွေ ဖြစ်နေပြီး လစာ ဒေါ်လာသိန်းချီ ရှိကြတယ်။ ကိုယ်ပိုင်ကုမ္ပဏီတွေနဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်လို့နေကြတယ်။ ကနေဒါက မြန်မာရူပဗေဒပညာရှင်တစ်ယောက်
ဆိုရင်လည်း နိုဘဲယ်လ်ဆုကို အဆိုပြုလွှာ (Nomination) တင်တာ
သုံးကြိမ်ရှိပြီလို့ ဆိုတယ်။ သူတို့တစ်တွေဟာ တစ်ချိန်က ရန်ကုန်တက္ကသိုလ်က
ဆရာတွေပါပဲ”
(၅)
“ဒါဟာ ပညာနဲ့ ဆိုင်တာပဲပေါ့နော်”
“ဟုတ်ပါတယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ လူမျိုးပေါင်းစုံရှိတယ်။ ပညာကို အခြေခံကနေ ခြေခြေမြစ်မြစ် သင်ပေးဖို့ အရေးကြီးတယ်။ နောက်စာအုပ်တွေလည်း စုံလင်ဖို့အရေးကြီးတယ်”
“ဒါပေမဲ့ ပညာရပ်ဆိုင်ရာ Text Book တွေဟာ အင်မတန် ဈေးကြီးတာပဲ မဟုတ်လား”
“ဟုတ်တယ်။ တစ်ခေတ်က ဆေးကျောင်းကလူတွေ၊ အင်ဂျင်နီယာကျောင်းက လူတွေဟာ Text Book တွေကို မိတ္တူကူး Photocopy တွေ ဖတ်ရတယ်။ စာအုပ်တွေက ရှားတယ်။ ဈေးကြီးတယ်။ ဒါကြောင့် မြန်မာပြန်တွေရှိဖို့ အရေးကြီးတယ်”
“ပညာရပ်ဆိုင်ရာ စကားရပ်တွေဆိုရင်ကော၊ ဘာသာပြန်လို့ မလွယ်ဘူး မဟုတ်လား”
“ဒါကတော့ အသံဖလှယ် မွေးစားလိုက်တာပေါ့။ ဂျပန်တို့၊ တရုတ်တို့၊ ထိုင်းတို့မှာတောင် နေ့စဉ် ဘာသာပြန်စာအုပ်တွေ ထွက်နေတယ်။ အနောက်တိုင်းက စာအုပ်တစ်အုပ် ထွက်လာရင် နေ့ချင်းညချင်း ဘာသာပြန်တာတွေတောင် ရှိတယ်”
“ဒါတော့ ကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ဆိုရင် ပိုပြီးသဘောပေါက် နားလည်နိုင်တယ်။ ပြီးတော့ ခုခေတ်မှာ အင်္ဂလိပ်လို သင်နေပေမယ့် အတန်းထဲမှာ ဆရာတွေက မြန်မာလိုပဲ ရှင်းပြနေတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ မြန်မာစာအုပ်ရှိရင် ကျောင်းသားတွေ အကြိမ်ကြိမ်ဖတ်လို့ ရတာပဲလေ။ ဒါကြောင့် ဘာသာပြန်စာအုပ်ဟာ အင်မတန် အရေးကြီးတယ်”
(၆)
“ပညာရေးကို ပြုပြင်တယ်ဆိုတာ အင်မတန် ခက်ခဲတာပဲ”
“ဒါပေါ့ အင်မတန် အရေးကြီးပါတယ်။ ပညာရေး စီမံချက်ဟာ အရင်းက နည်းနည်းယမ်းလိုက်တာနဲ့ အဖျားက ယိုင်သွားတာမျိုး ရှိတယ်”
“ဒါဆို အကောင်းဆုံးက ဘယ်လိုစမလဲ”
“စာအုပ်တွေ ဘာသာပြန်၊ စာအုပ်တွေရေး၊ ကျောင်းသားတွေကို အခြေခံကို သင်ပေးပေါ့”
“ကျေးဇူးပါပဲ ကိုဘသစ်ရေ၊ ပညာရေးကို နောက်ဆွေးနွေးကြသေးတာပေါ့”
“ကျေးဇူးပါပဲ ဆရာညို။ ဖြည်းဖြည်းမှန်မှန်သွားရင် ပန်းတိုင်ကိုရောက်မှာ မလွဲပါဘူး”
(ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ))
(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)
(၁)
“ကိုဘသစ်ရေ တက္ကသိုလ်ကျောင်းသားတစ်ယောက်
“တက္ကသိုလ်ဝင်တန်း အောင်တယ်ဆိုရင်ပဲ ပညာသင်ကြားရာဌာနဖြစ်တဲ့ တက္ကသိုလ်တစ်ခုမှာ အတန်းတစ်ခုတက်ဖို့ မှတ်ပုံတင်ရတယ်။ အတန်းတက်ခွင့်ရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသား ဖြစ်ပြီပဲ”
“တက္ကသိုလ်ကျောင်း ဘယ်နှမျိုးရှိလဲ”
“နှစ်မျိုးပေါ့၊ တစ်ခုက ကျောင်းတက်ရတယ်၊ နောက်တစ်ခုက အဝေးသင်ပေါ့။ အတန်းမှာ လာမတက်ဘဲ စာပေး၊ စာယူနည်းနဲ့ လေ့လာတာမျိုးပါပဲ။ ယနေ့ခေတ်မှာ online ကနေ သင်ယူတာမျိုးလည်း ရှိတယ်”
“ကျောင်းမတက်ဘဲ အဆင်ပြေပါ့မလား”
“ဆရာဆရာမတွေက အင်တာနက်ကနေ၊ ဒါမှမဟုတ် စီဒီတွေနဲ့ ပို့ချတာတွေ ရှိတယ်။ မေးတာတွေကို ဖြေရတာတွေ ရှိတယ်။ အဖြေလွှာများ (Assignment) တွေကို တင်ရတာတွေ ရှိတယ်”
“ဘွဲ့ဘယ်လိုရလဲ”
“တက္ကသိုလ်တက်ပြီး သတ်မှတ်တဲ့စာမေးပွဲတွေ အဆင့်ဆင့်အောင်ရင် ဘွဲ့ရတာပဲ”
“စာမေးပွဲဖြေရုံပဲလား”
“အချို့ကတော့ စာတမ်းတွေပြုစုရတာမျိုးတွေလ
“စာမေးပွဲအောင် ဘွဲ့ရတော့ ပညာတတ်ဖြစ်ရောလား”
“ခင်ဗျားမေးတာ ကျွန်တော်သဘောပေါက်ပါတယ်။ လူတွေပြောနေကြတဲ့ ဘွဲ့ရပညာမတတ် ဆိုတာမျိုးလား”
“အဓိကကတော့ စနစ်နောက် မျောနေကြတာကို ပြောတာပါ။ တစ်ချိန်က တက္ကသိုလ်ကို ပြန်ကြည့်ရအောင်ဗျာ”
(၂)
“ကိုဘသစ်ရေ၊ ကျွန်တော်တို့ခေတ်မှာ တက္ကသိုလ်ဆရာတွေ ရှားလွန်းတော့ နိုင်ငံခြားသား ဆရာတွေကိုခေါ်ပြီး သင်ယူရတယ်။ ခုခေတ်မှာ တက္ကသိုလ်ဆရာတွေ ပေါမှပေါပဲ”
“ဟုတ်ပါ့။ ပညာရေးမှာ အရမ်းကို တိုးတက်လာတဲ့ခေတ် ရောက်နေတယ်။ တက္ကသိုလ်ထဲကို ၀င်သွားလိုက်ရင် တွေ့သမျှလူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခလို့တောင် ပြောစမှတ်ပြုတယ်”
“ဒါကောင်းတာလား၊ မကောင်းတာလား” “ကောင်းတာပေါ့” “ကျွန်တော်တို့ခေတ်မှာ ရန်ကုန်တက္ကသိုလ် တစ်ခုပဲရှိတယ်။ နောက်မှ မန္တလေးတက္ကသိုလ်က သီးခြားဖြစ်လာတယ်။ ရန်ကုန်တက္ကသိုလ်အောက်မှာ မော်လမြိုင် ဥပစာကောလိပ်ဆိုတာ ရှိခဲ့တယ်။ နောက်မှ ပုသိမ်ကောလိပ် ပေါ်ပေါက်လာတယ်။ မန္တလေးတက္ကသိုလ် လက်အောက်မှာ မကွေးကောလိပ် ရှိခဲ့တယ်။ နောက်တော့ တောင်ကြီးနဲ့ မြစ်ကြီးနားကောလိပ်တွေ ပေါ်လာတယ်။ ခုခေတ် တက္ကသိုလ်ကျောင်းတော်ကြီးတွေ
“ဒါဆိုရင် ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေ မပေါ်သေးဘူးပေါ့”
“အဲဒါတွေက မဟာဌာနအနေနဲ့ တည်ရှိတယ်။ Falculty ပေါ့။ နောက်ပိုင်းမှ ဒါတွေကို တက္ကသိုလ်အနေနဲ့ ပြောင်းလဲလိုက်တယ်၊ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက တက္ကသိုလ်တွေကို သူတို့လက်အောက် ထည့်လိုက်တယ်”
(၃)
“ဒါကောင်းတာလား၊ မကောင်းတာလား”
“ခင်ဗျားက ဒီလိုပဲ မေးတတ်တာလား ကောင်းတာပေါ့ဗျာ၊ သူ့နေရာနဲ့သူ ကျစ်ကျစ်လျစ်လျစ် ထိန်းသိမ်းနိုင်တာကိုး။ ဒါပေမဲ့ သူတို့က သင်ကြားပို့ချနေတော့ ပညာရေးလက်အောက်မှာပဲ ရှိသင့်တယ်။ ပြီးတော့ သူတို့ကို မဟာဌာနများ Falculties အနေနဲ့သာ ထားသင့်တယ်။ ဥပမာ ဆေးတက္ကသိုလ်တက်ချင်တဲ့သူဟာ တက္ကသိုလ်မှာ အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတို့ကို သင်ယူထားဖို့ လိုတယ်။ အင်ဂျင်နီယာတက္ကသိုလ်ကို တက်ချင်ရင်လည်း အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတို့ကို သင်ယူထားဖို့ လိုတယ်”
“ခုလည်း သက်ဆိုင်ရာတက္ကသိုလ်တွေမှာ သင်နေကြတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အားနည်းတယ်လို့ ထင်ပါတယ်။ အချို့မှာ မသင်တော့တာတွေတောင် ရှိတယ်။ ကျွန်တော်ဆိုလိုတာက အရင်ခေတ်ကလို ပထမနှစ်နှစ်မှာ ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်ကို သင်ယူသင့်တယ်လို့ ထင်တယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာတို့ကိုလည်း ပုံမှန်အတိုင်း ထိထိရောက်ရောက် ထူးထူးချွန်ချွန်ဖြစ်အောင် သင်ကြားပေးဖို့လိုတယ်။ ခေတ်ကြီးဟာ ပြောင်းလဲနေပါတယ်။ ဆရာဝန်တွေဆိုရင် ပစ္စည်းကိရိယာတွေ သုံးနေရတယ်။ ဥပမာ Laser လိုမျိုး MRI လိုမျိုးပေါ့။ ဒါတွေရဲ့ အခြေခံတွေဟာ ရူပဗေဒလေ။ ဆေးဝါးတွေဆိုင်ရာ ဆိုရင်လည်း ဓာတုဗေဒအခြေခံ လိုပြန်တယ်”
(၄)
“ဒါပေမဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်လာကြတဲ့အခါ သူတို့က ဆရာဝန်ပညာ အင်ဂျင်နီယာပညာပေါ့လေ၊ အဲဒါတွေကို အသုံးချရုံပဲ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ပညာရှင်ဖြစ်ချင်ရင်တော့ အခြေခံကို သိထားရတယ်။ ကွန်ပျူ တာတက္ကသိုလ်က ဘွဲ့ရတစ်ယောက်အနေနဲ့ Processor ဆိုတာ ဘာအလုပ်လုပ်လဲ။ Chips တို့၊ IC တို့ ဆိုတာတွေထဲမှာ ဘာတွေပါဝင်လဲဆိုတာ သိသင့်တယ်။ အဲဒီထဲကမှ ပညာရှင်ဆိုတာတွေကို မွေးထုတ်နိုင်မှာပေါ့။ သူများလုပ်ထားတာတွေကို သုံးတတ်ရုံ သုံးတတ်တဲ့သူတွေဟာ ပညာရှင်တွေ မဟုတ်ဘူး။ Technician အဆင့်ပဲ ရှိတယ်လို့ ဆိုတယ်”
“တကယ်ရော ပညာရှင်အဆင့်တွေမှာ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား”
“ကျွန်တော်ပြောချင်တာ အဲဒီအချက်ပါပဲ။ ပညာဆိုတာ လူအများအတွက် ဆီမီးကြီးပါ။ သူက မှန်ကန်တဲ့လမ်းကို ညွှန်ပြပါတယ်။ ဥရောပတို့၊ အမေရိကတို့က လူတွေမှ မဟုတ်ပါဘူး။ အာဖရိကတို့၊ အာရှကလူတွေလည်း ထူးချွန်ကြတာ ခင်ဗျားသိပါတယ်။ ကျွန်တော်သိသလောက် တစ်ခေတ်က ကျွန်တော်တို့ဆီက ရူပဗေဒပညာရှင်တို့၊ ဓာတုဗေဒပညာရှင်တို့၊ အင်ဂျင်နီယာတို့ဟာ နိုင်ငံတကာမှာ ၀င်ဆံ့ပါတယ်”
“ဘယ်လိုမျိုးလဲ”
“အမေရိကန်နိုင်ငံ ဆီလီကွန်တောင်ကြားက မြန်မာရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေဆိုရင် ဟိုမှာ ကွန်ပျူတာဆိုင်ရာ ထိပ်တန်းအရာရှိတွေ ဖြစ်နေပြီး လစာ ဒေါ်လာသိန်းချီ ရှိကြတယ်။ ကိုယ်ပိုင်ကုမ္ပဏီတွေနဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်လို့နေကြတယ်။ ကနေဒါက မြန်မာရူပဗေဒပညာရှင်တစ်ယောက
(၅)
“ဒါဟာ ပညာနဲ့ ဆိုင်တာပဲပေါ့နော်”
“ဟုတ်ပါတယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ လူမျိုးပေါင်းစုံရှိတယ်။ ပညာကို အခြေခံကနေ ခြေခြေမြစ်မြစ် သင်ပေးဖို့ အရေးကြီးတယ်။ နောက်စာအုပ်တွေလည်း စုံလင်ဖို့အရေးကြီးတယ်”
“ဒါပေမဲ့ ပညာရပ်ဆိုင်ရာ Text Book တွေဟာ အင်မတန် ဈေးကြီးတာပဲ မဟုတ်လား”
“ဟုတ်တယ်။ တစ်ခေတ်က ဆေးကျောင်းကလူတွေ၊ အင်ဂျင်နီယာကျောင်းက လူတွေဟာ Text Book တွေကို မိတ္တူကူး Photocopy တွေ ဖတ်ရတယ်။ စာအုပ်တွေက ရှားတယ်။ ဈေးကြီးတယ်။ ဒါကြောင့် မြန်မာပြန်တွေရှိဖို့ အရေးကြီးတယ်”
“ပညာရပ်ဆိုင်ရာ စကားရပ်တွေဆိုရင်ကော၊ ဘာသာပြန်လို့ မလွယ်ဘူး မဟုတ်လား”
“ဒါကတော့ အသံဖလှယ် မွေးစားလိုက်တာပေါ့။ ဂျပန်တို့၊ တရုတ်တို့၊ ထိုင်းတို့မှာတောင် နေ့စဉ် ဘာသာပြန်စာအုပ်တွေ ထွက်နေတယ်။ အနောက်တိုင်းက စာအုပ်တစ်အုပ် ထွက်လာရင် နေ့ချင်းညချင်း ဘာသာပြန်တာတွေတောင် ရှိတယ်”
“ဒါတော့ ကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ဆိုရင် ပိုပြီးသဘောပေါက် နားလည်နိုင်တယ်။ ပြီးတော့ ခုခေတ်မှာ အင်္ဂလိပ်လို သင်နေပေမယ့် အတန်းထဲမှာ ဆရာတွေက မြန်မာလိုပဲ ရှင်းပြနေတာပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ မြန်မာစာအုပ်ရှိရင် ကျောင်းသားတွေ အကြိမ်ကြိမ်ဖတ်လို့ ရတာပဲလေ။ ဒါကြောင့် ဘာသာပြန်စာအုပ်ဟာ အင်မတန် အရေးကြီးတယ်”
(၆)
“ပညာရေးကို ပြုပြင်တယ်ဆိုတာ အင်မတန် ခက်ခဲတာပဲ”
“ဒါပေါ့ အင်မတန် အရေးကြီးပါတယ်။ ပညာရေး စီမံချက်ဟာ အရင်းက နည်းနည်းယမ်းလိုက်တာနဲ့ အဖျားက ယိုင်သွားတာမျိုး ရှိတယ်”
“ဒါဆို အကောင်းဆုံးက ဘယ်လိုစမလဲ”
“စာအုပ်တွေ ဘာသာပြန်၊ စာအုပ်တွေရေး၊ ကျောင်းသားတွေကို အခြေခံကို သင်ပေးပေါ့”
“ကျေးဇူးပါပဲ ကိုဘသစ်ရေ၊ ပညာရေးကို နောက်ဆွေးနွေးကြသေးတာပေါ့”
“ကျေးဇူးပါပဲ ဆရာညို။ ဖြည်းဖြည်းမှန်မှန်သွားရင် ပန်းတိုင်ကိုရောက်မှာ မလွဲပါဘူး”
(ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို
No comments:
Post a Comment