Saturday, July 26, 2014

မြန်မာ့ပင်လယ်ပြင်သယံဇာတများထိန်းသိမ်းရန် သုတေသနလုပ်ငန်းများ နှစ်ကြိမ်ခန့် ထပ်မံပြုလုပ်ရန်လိုအပ်


စလင်း၊ ဇူလိုင် ၂၄- မြန်မာနိုင်ငံ ရေသယံဇာတပစ္စည်းများ သားစဉ် မြေးဆက် အသုံးပြုနိုင်ရန် ရေပေါ် ရေအောက် ကမ်းနီးကမ်းဝေးဒေသ များရှိ အဖိုးတန် သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည် ထုတ် ယူသုံးစွဲနိုင်ရန် အတွက် သု တေသနပြုလုပ်ရာတွင် နောက်ထပ် နှစ်ကြိမ်ခန့် ထပ်မံပြုလုပ်ရဦး မည် ဖြစ်ကြောင်း ပင်လယ်ပြင် သုတေသန လုပ်ငန်းများတွင် အတွေ့အကြုံရှိ သူ မြန်မာနိုင်ငံ ငါးလုပ်အဖွဲ့ချုပ်မှ ဒေါက် တာ တိုးနန္ဒာတင် က ပြောကြား သည်။
မြန်မာနိုင်ငံ၏ ရေသယံဇာတ များတွင် ရေငန်ပင်လယ်ပြင်အပါအ ဝင် ယင်းနှင့် ထိစပ်လျက်ရှိသော ရေ သယံဇာတများ မျိုးပွားရာတွင် အဓိက ဖြစ်သည့် ဒီရေတောများ၊ ရေပေါ် ရေအောက်ရှိ ငါးနှင့် အခြားသော သန္တာကျောက်တန်း များကို မပျက်စီး အောင် ထိန်းသိမ်းစောင့်ရှောက်ရ မည့်အပြင် ရေချိုသယံဇာတ များ ဖြစ်သော မြစ်ချောင်းများ အတွင်း နေထိုင်သော ရေချိုငါးမျိုးစိတ် ၄၀၀ ကျော် ကိုလည်း ဒေသအလိုက် ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့နိုင်ငံမှာ သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပြုလုပ်ဖို့ အကောင်းဆုံးနေရာတစ် ခုက လန်ပိကျွန်းဖြစ်ပါ တယ်။ အဲဒီ မှာ နှစ်သန်းချီသက်တမ်းရှိတဲ့ ဒီ ရေတောတွေနဲ့ ရေချိုရေငန်သဘာဝ သယံဇာတမျိုးစိတ်ပေါင်း ၉၀ဝနီး ပါး နေထိုင် ကျက်စားနေတဲ့အပြင် ရေရှည် သယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေကိုလဲ တိကျသေချာစွာ ပြုလုပ် ထားမှ ရေသယံဇာတ ပြုန်း တီးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်'' ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ ရေသယံဇာတ ထိန်းသိမ်းရေးပညာ ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရေသယံဇာ တထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းပြီး ယခုအ စိုးရသစ်လက်ထက်တွင် တစ်ကြိမ် ပြုလုပ်ပြီးဖြစ်သော် လည်း နောက် ထပ် နှစ်ကြိမ်ထပ်မံပြုလုပ်ရဦး မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာ ငါးဖမ်း စက်လှေ များ မြန်မာ့ရေပိုင်နက်အတွင်း သို့ဝင်ရောက်ငါးခိုး ဖမ်းနေသော အပြုအမူများကိုစနစ်တကျလိုင်စင်များပြုလုပ်ပြီး ဘယ်လို ငါးဖမ်းဆီး ရမယ်၊ ဘယ်လို မဖမ်း ဆီးရဘူးဆိုတာတွေကို လေးလေးနက် နက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး မလိုက် နာသူများကိုလည်း ထိရောက်စွာ အ ရေးယူခြင်းပြုလုပ်မှသာ ရေချိုရေ ငန်သယံဇာတများကို သားစဉ်မြေး ဆက် ထိန်းသိမ်းစောင့်ရှောက်ပြီး ထုတ်ယူသုံးစွဲနိုင် မည်ဖြစ်ကြောင်း ရေ လုပ်ငန်းရှင်ကြီးတစ်ဦးကလည်း ပြောဆိုသည်။
SKW
‪#‎Democracytoday‬

No comments:

Post a Comment