Thursday, July 24, 2014

ပုဇွန်တောင်မဲဆန္ဒနယ်အမတ် ဦးအောင်ဇင်တင်းသွင်းသော


ပုဇွန်တောင်မဲဆန္ဒနယ်အမတ် ဦးအောင်ဇင်တင်းသွင်းသော " မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသောပြည်သူ့လွှတ်တော်အတွက်ရွေးကောက်ပွဲကျင်းပမည့်စနစ်တခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်းအဆို" အား ဒေါ်အောင်ဆန်းစုအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၂ဦးက ကန့်ကွက်ခဲ့ကြသော်လည်း ထောက်ခံသူများသဖြင့် လွှတ်တော်တွင်လက်ခံဆွေးနွေးရန် အတည်ပြုလက်ခံပေးခဲ့ကြောင်း သိရသည်။
ယင်းအဆိုတင်သွင်းမည်ဖြစ်ခြင်းကြောင့် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၅၀ နီးပါးကလည် ယနေ့လွှတ်တော်ပင် မတတ်ဘဲ ကန့်ကွက်ကြကြောင်း ကြားသိရသည်။
ယနေ့လွှတ်တော်တတ်ကြသော ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၅၆ ဦး ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment