မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်းများတွင်ကျယ်လာခြင်းနှင့်အတူဘဏ်စနစ်သစ်များလည်းအများအပြားမိတ်ဆက်လာရာတွင်
CB Bank ဘဏ်လုပ်ငန်းစုမှ EASI Mobile Agent Banking အမည်ရှိ
ဘဏ်လုပ်ငန်းဝန်ဆောင်မှုတစ်ခုကို
(25.7.2014)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ယခုမိတ်ဆက်လိုက်သော EASI Mobile Agent Banking နှင့်ပတ်သတ်၍ CB BANK မှအမှုဆောင်ဒု-ဥက္ကဌ ဦးကျော်လွင်က"Agent Banking ကိုအဓိကအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီးမိတ်ဆက်ခဲ့တာပါ။ဒီ Agent Banking ဝန်ဆောင်မှုကို မိမိရဲ့လက်ကိုင်ဖုန်းလေးကနေ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပျက်ကွက်စရာမလိုဘဲ ငွေကြေးစီးဆင်းမှုများကို စီမံခန့်ခွဲနိုင်ရုံသာမက ငွေလွှဲပြောင်းမှုများကို လွယ်ကူ၊လျင်မြန်၊လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီစနစ်ကိုလည်းမည်သည့်ဖုန်းအမျိုးအစားနဲ့မဆိုလွယ်ကူလျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်"ဟုပြောသည်။
EASI Mobile Agent Banking ဖြင့်နေ့စဉ် ငွေလွှဲပို့ခြင်းနှင့် လွှဲပို့ငွေများထုတ်ယူခြင်းကို နီးစပ်ရာ CB Bank ဘဏ်ခွဲများတွင်သာမက နီးစပ်ရာ CB Bank ဧ။် Agent များထံတွင် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မည်ဖြစ်ပြီး Internet ဖြင့်သာမက USSD,SMS များဖြင့်ပါ အသုံပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြတ်ထွဋ်ကျော်

No comments:
Post a Comment