
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရေနီမြို့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာ ရှိတဲ့ နရသိန် ကျေးရွာအုပ်စု နရသိန်ကျေးရွာ မူလတန်းကျောင်း တစ်ကျောင်းမှာ အလှူရှင်တစ်ဦး လာကျွေးတဲ့ နေ့လယ်စာ ထမင်းနဲ့ ဟင်းကို စားသောက်မိတာကြောင့် လူ ၁၀၉ ဦး အစာအဆိပ်သင့် ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအလှူကို ဇူလိုင်လ ၂၁ ရက်နံနက် ၁၁ နာရီခန့်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျွေးမွေးတဲ့ ဟင်းတွေက ကြက်သားဟင်း၊ အချဉ်ဟင်းနဲ့ ငါးခြောက်ကြော်တို့ ဖြစ်ပါတယ်။ အဲဒီဟင်းတွေကို စားသောက်ခဲ့တဲ့ ကလေးလူကြီး ၁၀၉ ဦးစလုံး မူးဝေအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရေနီမြို့ လူမှုကူညီရေးအသင်း တစ်ခုဆီကနေ သိရပါတယ်။
ရေနီမြို့ နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းကိုက “အသက် ၇ နှစ်ကနေ အသက် ၆၀ ကျော်အထိ စုစုပေါင်း ကျား/မ ၁၀၉ ယောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီး မူးဝေ အော့အန်ခဲ့ကြတာပါ။ အားလုံးကို လိုအပ်တဲ့ ပြုစုကုသမှုတွေ ပေးထားပါပြီ။ စိုးရိမ်ရဖွယ် အနေအထားမှာ မရှိတော့ပါဘူး” လို့ ဆိုပါတယ်။
No comments:
Post a Comment