Monday, July 21, 2014

သတင်းမီဒီယာလွတ်လပ်ခွင့် ၈၈မျိုးဆက် ဘာ့ကြောင့် ထောက်ခံတာလဲ

Kamayut Media
သတင်းမီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးတာဟာ ဒီမိုကရေစီရဲ့အနှစ်သာရ ပျောက်ဆုံးတာမို့ ၈၈မျိုးဆက်အနေနဲ့ သတင်းသမားတွေရဲ့ တရားမျှတတဲ့လှုပ်ရှားမှုမှန်သမျှကို ထောက်ခံသွားမယ်လို့ ကိုမင်းကိုနိုင်က ဇူလိုင် ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်အရေး ကိုမင်းကိုနိုင် ဘယ်လို သတင်းစကား ပါချင်လဲ။
သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ဟာ နိုင်ငံသားအားလုံးရဲ့ လွတ်လပ်ခွင့်နဲ့ တစ်သားတည်းကျတာကြောင့် ၈၈မျိုးဆက်အနေနဲ့ ထောက်ခံအားပေးသွားမှာဖြစ်ပြီး ရှေ့လာမယ့် နိုင်ငံရေးအချိုးအကွေ့တွေမှာ မီဒီယာလွတ်လပ်ခွင့်အရေး ပိုပြီးရုန်းကန်ရဖို့ရှိတာကြောင့် လက်ရှိ ခြိမ်းခြောက်ခံနေရတဲ့ကိစ္စ အုပ်ချုပ်ရေး၊ လွှတ်တော်နဲ့ တရားစီရင်ရေးကို သတင်းစကားပါးဖို့ လိုပြီလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
လက်ရှိ ဦးသိန်းစိန်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က မြန်မာသတင်းမီဒီယာတွေကို တိုက်ရိုက်ခြိမ်းခြောက်၊ ဖိနှိပ်ဖမ်းဆီးနေတဲ့အပေါ် ၈၈မျိုးဆက်အဖွဲ့နဲ့ သတင်းသမားတွေစုဖွဲ့ထားတဲ့ သတင်းလွတ်လပ်ခွင့်ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မီဒီယာတွေဟာ လက်ရှိအစိုးရဖြုတ်ချရေး လုပ်ဆောင်နေတာမဟုတ်သလို မီဒီယာလွတ်လပ်ခွင့်အတွက် ဘယ်နိုင်ငံရေးအင်အားစုတွေနဲ့မှ မပူးပေါင်းရဘူးလို့ ပြဌာန်းထားတာ မရှိဘူးလို့ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။ မီဒီယာလွတ်လပ်ခွင့်ဟာ နိုင်ငံသားတစ်ဦးချင်းရဲ့ သိပိုင်ခွင့်နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
 
ဗွီဒီယိုဖိုင်ကြည့်ရန် -  http://www.kamayutmedia.com/2014/07/19/media-freedom-movement-in-myanmar/

No comments:

Post a Comment