Monday, July 21, 2014

ထူးထူးခြားခြား (၃) မိနစ်ကွာလို.ဆိုပဲ သူတို.ပေးတဲ့အဖြေက (၁၀း၄၀) မိနစ်တဲ့

မနေ.က အာဇာနည်နေ.တွင် လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့်
ယာဉ်မောင်းကိုငြိမ်းမင်းသူအား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူး
ရှိသည့် ယာဉ်ထိန်းရဲအရာရှိဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားခဲ့ခြင်းကြောင့်
တကသ ကျောင်းသားကျောင်းသူများ ပြည်သူများမှ လိုင်စင်ပြန်ပေးရန်မေတ္တာရပ်ခံ
ခဲ့သော်လည်း ၎င်းအရာရှိမှ မင်းတို့အလုပ်မင်းတို့လုပ်တာ ငါ့အလုပ်ငါလုပ်တာ တာဝန်အရလုပ်တာ ဒီကိစ္စက ပြစ်မှုဆိုင်ရာ ဥပဒေအရအရေးယူတာမဟုတ်ဘူး ယဉ်စည်းကမ်းချိုးဖောက်လို့ ဟွန်းတီးလို့ဖမ်းတာ ဟုမောက်မာစွာပြောဆိုခဲ့ကြောင်း၊
အခြားယဉ်များစွာ ဟွန်းသံကျယ်လောင်စွာ တီးနေသော်လည်း ကျန်ုပ်တို့ တကသ များမှပြုလုပ်သည့် နေရာရှေ့တွင်ဟွန်းတီးခြင်းကြောင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးလိုက်ခြင်း လားဟုမေးမြန်းခဲ့သော်လည်း ဦးအောင်ကြီးမှ ပြန်လည်ဖြေရှင်းခြင်းမပြုပဲ ရုံးခန်း
အတွင်းမှ ထထွက်သွားခဲ့ပါသည်။

Democracy Today သတင်းစာ တွင် ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စခန်းမှ
တာဝန်ကျယဉ်ထိန်းရဲ၏ဂျာနယ်မှမေးမြန်းမှုကို ဖြေကြားရာတွင် ယမန်နေ့က ကိစ္စမှာ
တပ်စုမှူး ဦးအောင်ကြီး ကိုယ်တိုင်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းယဉ်မောင်းမှာ ၁၀:၄၀ မိနစ်တွင်ဟွန်းတီးသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဖြေကြားထားပါသည် ။
သို့သော် ဖြစ်စဉ်အမှန်မှာ လှည်းတန်းလမ်းဆုံ အာဇာနည်နေ့အခမ်းအနား ဝမ်းနည်း
ဥသြဆွဲ အစီအစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် တကသ ကျောင်းသားကျောင်းသူများ ၏ ပြန်လည်ပြောပြချက်အရ မိမိတို့ ဥသြဆွဲနေချိန်တွင်ပင် ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ဓာတ်ပုံမှတ်တမ်းများစွာရှိကြောင်း အသိပေးအပ်ပါသည်။
သတင်း- စည်သူမောင် (တကသ)
ref; ဟာဂျူလီ ကသာ (Facebook)

No comments:

Post a Comment