Monday, July 21, 2014

[ Voice of the Day ]


တည့်တည့်ပြောချင်တာက ဥပဒေတွေက ကောင်းတယ်ဗျာ။ လူတွေက မကောင်းဘူး။ မြန်မာပြည်ကြီးက ကောင်းပြီးသားပဲ အုပ်ချုပ်တဲ့သူ မကောင်းတာ၊ မြန်မာပြည် မကောင်းတာ မဟုတ်ဘူး။ အဓိကက အုပ်ချုပ်တဲ့သူ ကောင်းဖို့ပဲ။
ကျွန်တော်တို့ ကြံ့ခိုင်ရေးက လူတွေက ဘယ်ဘက်က စမ်းစမ်း စမ်းလို့ရတယ်။ အရည်အချင်း ပြည့်မီအောင်လို့ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်နေတဲ့ လူတွေပဲ။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ထောင်သက် ရှည်တာက လွဲလို့ပေါ့ဗျာ။
မြို့တစ်မြို့မှာ လူ ၅၀၀၀၊ ၆၀၀၀ ထောင်လောက် ဆန္ဒပြတာလေးလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်မယူပါနဲ့ အဲဒီမြို့ပေါ်မှာ လူဦးရေ သိန်းနဲ့ချီ ရှိတယ်ဗျ။
လူတွေက ပေါ်ပြူလာ ဖြစ်တာနဲ့ အရည်အချင်း ရှိတာကို ခွဲခွဲခြားခြားသိဖို့ လိုတယ်။ ဥပမာ- NLD မှာ ဆိုရင်ဗျာ ဦးတင်ဦးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် မရှိတာနဲ့ သွားပြီ။
ဇူလိုင်လ ၁၇ ရက်နေ့ထုတ် ပေါ်ပြူလာ News ဂျာနယ်ပါ
“အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံခြင်းမှ” ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

No comments:

Post a Comment