Sunday, July 20, 2014

မန္တလေးပဋိပက္ခ မုဒိမ်းမှု ငွေပေးပြီး လိမ်လည် အမှုဖွင့်ခိုင်းတာလို့ အစိုးရထုတ်ပြန်


မန္တလေးပဋိပက္ခ မုဒိမ်းမှု ငွေပေးပြီး လိမ်လည် အမှုဖွင့်ခိုင်းတာလို့ အစိုးရထုတ်ပြန်

မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို အစပြုစေခဲ့တဲ့ မုဒိမ်းမှုဟာ ငွေပေးပြီး လိမ်လည် အမှုဖွင့် ခိုင်းစေခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မုဒိမ်းကျင့်ခဲ့တယ်လို့ အမှုဖွင့်ခံရတဲ့ ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဆန်းမောင်၊ နေကဖီး လက်ဖက်ရည် ဆိုင်ပိုင်ရှင် နေဝင်းဆိုသူနဲ့ လူမှုရေး ပြဿနာတွေရှိတဲ့ ဟာဂျီထွန်းထွန်းဆိုသူက လိမ်လည် အမှုဖွင့်စေခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့နှစ်ဦးကို အမှုဖွင့်ခဲ့တဲ့ မစိုးစိုး အမည်ခံ ဖြူဖြူမင်း (ခ) ကတုံးမဟာ ဆန်းကဖီး လက်ဖက်ရည်ဆိုင်မှာ အလုပ် မလုပ် ခဲ့ဘဲ ကျပ်ငွေ ၁ဝသိန်းရလို့ အမှုဖွင့်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။

ကတုံးမ ဆိုသူရဲ့ အမျိုးသား ဖြစ်တဲ့ မင်းသူရဇော်(ခ) နိုမိုဟာမက် ဆိုသူဟာ မူးယစ်ဆေးဝါးအမှုနဲ့ ဒီနှစ် ဧပြီလမှာဘဲ ထောင်ဒဏ် ၁၆နှစ် ချမှတ်ခံလိုက်ပါတယ်။ ပူးတွဲတရားခံတွေဖြစ်တဲ့ နိုမိုဟာမက်ရဲ့ အဒေါ်နှစ်ဦးဖြစ်သူ ခင်မာလွင်နဲ့ နီနီဌေးဟာလည်း ထောင် ၁၂နှစ် ကျခံခဲ့ရပါတယ်။

နိုမိုဟာမက် အမှုရင်ဆိုင်နေရတဲ့အချိန်မှာ အကူအညီပေးခဲ့လို့ ကတုံးမနဲ့ ရင်းနှီးခဲ့တဲ့ ရဲထွဋ်(ခ) သူရရဲထွဋ်၊ နုနုမြတ်တို့ ရင်းနှီးခဲ့ပါတယ်။

မန္တလေးမြို့တော် စစ်ကိုင်း လမ်းခွဲမှာ နေထိုင်တဲ့ ဟာဂျီထွန်းထွန်းရဲ့ ကြက်ခြံမှာ အလုပ်လုပ်တဲ့ ကေသီခိုင်(ခ) ချယ်ရီသိန်းက မရားပြုကျင့်ခံရတယ် ဆိုပြီးတော့ တိုင်းတန်းခံထားရပါတယ်။ အဲဒီ တိုင်းတန်းမှုကို ဆန်းမောင်နဲ့ နေဝင်း တို့က သွေးထိုးမြှောင်ပင့် လုပ်တယ်ဆိုပြီးတော့ ယူဆတဲ့အတွက် သူတို့နှစ်ယောက်ကို ပြစ်ဒဏ်ကြီးကြီး ကျစေဖို့ ဟာဂျီထွန်းထွန်း ရဲထွဋ်(ခ) သူရရဲထွဋ် ကို အကူအညီ တောင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ရဲထွဋ်(ခ) သူရရဲထွဋ်၊ နုနုမြတ် သူတို့နဲ့ ရင်းနှီးခဲ့တဲ့ ယောက်ျားဖြစ်သူ မူးယစ်ဆေးဝါးနဲ့ ထောင်ကျလို့ ငွေကြေးလိုအပ်နေတဲ့ ကတုံးမကို ငွေကျပ်ဆယ်သိန်း ပေးမယ်လို့ သွေးဆောင် စည်းရုံးပြီး လိမ်လည် တိုင်းခိုင်းခဲ့ကြတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မင်းသူရဇော်(ခ) နိုမိုဟာမက်၊ ခင်မာလွင်၊ နီနီဌေး ပြစ်ဒဏ်ချခံရတဲ့ အပေါ်မှာ မကျေနပ်တဲ့အတွက် နိုမိုဟာမက်ရဲ့ မိခင်ဖြစ် တဲ့ ဒေါ်မာလာ၊ ခင်မာလွင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ခင်မောင်ထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်တို့ဟာ တရားရုံးမှာ အော်ဟစ်ခဲ့ ကြတဲ့ အတွက် မန္တလေးခရိုင်တရားရုံးက စာရေး ဦးတင်မောင်ဝင်းက တရားလိုပြု တိုင်တန်းခဲ့ပါတယ်။

အဲတာကို မကျေနပ်လို့ ဦးတင်မောင်ဝင်းကို တရားပြန်စွဲဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒေါ်မာလာရဲ့ သမီးဖြစ်တဲ့ မဟေမာကျော် ကို ဦးတင်မောင်ဝင်းက မုဒိမ်းကျင့်တယ်ဆိုပြီး တိုင်းကြားဖို့အတွက် ရဲထွဋ်(ခ) သူရရဲထွဋ်၊ ဒေါ်နုနုမြတ်တို့က သင်ကြားပေးတဲ့ အတိုင်း ဦးတင်မောင်ဝင်းကို ပြင်ဦးလွင်မြို့မ ရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဥပဒေ အကြံပြုချက် အရ ကတုံးမ၊ မဟေမာကျော်၊ ဒေါ်မာလာ၊ ရဲထွဋ်၊ နုနုမြတ် တို့ကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်။ ရဲထွဋ်၊ ဒေါ်မာလာ၊ မဟေမာကျော် တို့ဟာ တိမ်းရှောင်နေဆဲဖြစ်ပြီးတော့ ကတုံးမ၊ နုနုမြတ် ကိုတော့ ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
(ဇယား - Myanmar Police Force)


No comments:

Post a Comment