Wednesday, July 23, 2014

ဦးဆန်းဆင့် မိသားစုနဲ့ တွေ့ခွင့်ရ


တာဝန်ကနေရပ်စဲပြီး တရားစွဲဆိုခံနေရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင်တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့ လေးကြိမ်မြောက် ရုံးထုတ် စစ်ဆေးတဲ့အချိန် မိသားစုနဲ့ တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။
“ဦးဆန်းဆင့်ကို လာတွေ့တာကတော့ သူ့မိန်းမ၊ သားနဲ့ ညီမတွေပါတယ် ပထမဆုံးတွေ့ခွင့်ရတာပါ” လို့ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။
ဦးဆန်းဆင့်ဟာ မဟာသန္တိသုခ ကျောင်းတိုက် အငြင်းပွားမှုပြဿနာနဲ့ နိုင်ငံတော်သမ္မတက ပေးတဲ့တာဝန်တွေမှာ လုပ်ပိုင်ခွင့်ထက် ကျော်ပြီး လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုပါတယ်။
ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင် တရားရုံးမှာ ရုံးထုတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး သတင်းမီဒီယာတွေကို တရားရုံးအတွင်း ဝင်ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

No comments:

Post a Comment