Monday, January 12, 2015

နိုင်ငံရေးပါတီများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းရေးဆွဲရေးကော်မတီဖွဲ့ရန် ကော်မရှင်နှင့်ပါတီများ သဘောတူထားမှု ယခုထိ မစနိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ ၁၁-ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီများလိုက်နာရ မည့် စည်းမျဉ်းစည်းကမ်း (code of conduct)ရေးဆွဲရေးကော် မတီ တစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်ရေးကို ရွေး ကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါ တီများဆွေးနွေး ကာ သဘောတူဆုံး ဖြတ် ထားသော် လည်း စတင်နိုင်ခြင်း မရှိသေးကြော င်း နိုင်ငံရေးပါတီများ ထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီသစ်ပါ တီမှ ဦးကျော်က''ခုထိတော့ အကောင် အထည် မဖော်ရသေးဘူး။ ဘာမှလဲ အကြောင်းမကြားသေးဘူး။ အဲဒီဒါက ရွေးကောက် ပွဲကော်မရှင်ကနောက် တစ်ကြိမ်ခေါ်ပြီးမှ ထပ်ဆွေးနွေး
မယ်ထင်တယ်'' ဟု ပြော သည်။ ရွေးကောက် ပွဲ တွင် နိုင်ငံရေးပါ တီများလိုက်နာရ မည့်စည်း မျဉ်းစည်း ကမ်းများအား ရွေးကောက်ပွဲဆိုင် ရာ ဥပဒေ၊ နည်းဥပဒေများအပေါ်မူ တည်ရေး ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားနိုင်ငံရေး မဟာမိတ် များအဖွဲ့ချုပ်ဒီမိုကရေစီပါတီမှ ဗဟိုအလုပ် မှုဆောင်ကော်မတီဝင် ဦးကျော်သူအောင်က''ခုထက်ထိဘာ မှအကြောင်း မကြားသေးဘူး။ နိုင်ငံ ရေးပါတီတွေဘက်က ဆွဲရမှာလား၊ ရွေးကောက်ပွဲကော် မရှင်ဘက်က ဖွဲ့ပေးတဲ့ ကော်မတီက ဆွဲရမှာလား ဆိုတာ မသေချာသေးဘူး'' ဟု ပြော သည်။

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံ ရေးပါတီများလိုက်နာရမည့်ကျင့်ဝတ် ရှိကြောင်း၊ ကျင့်ဝတ်ရှိပါက နိုင်ငံ ရေးပါတီများအားလုံးကျင့်ဝတ်နှင့် အညီ လိုက်နာကျင့် သုံးခြင်းဖြင့် မျှ တမှုရှိမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေးက ဒီဇင်ဘာ ၁၅ရက်တွင် နိုင်ငံရေးပါတီ များနှင့်တွေ့ ဆုံဆွေး နွေးရာတွင် ပြောကြားထားသည်။

နိုင်ငံရေးပါတီများအတွက် ရွေး ကောက်ပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်း များရေး ဆွဲ ရန် အတွက် နေရာထိုင် ခင်းထောက်ပံ့ပို့ဆောင်ရေး အပါအ ဝင် လိုအပ် သည်များကို ဆွစ်ဇာလန် သံရုံးမှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ တွင် နိုင်ငံရေး ပါတီများလိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များအား ကော်မတီတစ် ရပ်ဖွဲ့စည်းပြီးရေးဆွဲရန် ယမန်နှစ် ဒီဇင်ဘာ ၁၅ရက် က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေး ပါတီများ တွေ့ဆုံ စဉ်ဆွေးနွေးဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

HM

#‎Democracytoday‬

No comments:

Post a Comment