Sunday, January 11, 2015

ဒီမိုကရေစီလမ်းကြောင်းကို လက်မခံလျှင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆို

တပ်မတော်က ရွေးချယ်ထားခြင်း မဟုတ်ဘဲ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ် ထားသည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းတွင် မဖြစ်ဖြစ်အောင်သွားရန် လိုပြီး မသွားနိုင်လျှင် ကျန်ခဲ့မည် ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း ကို လက်မခံ လျှင် ချန်ခဲ့၍ ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဇန်နဝါရီ ၅ ရက် နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ ၆၇ နှစ်မြောက် လွတ် လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက် ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံ ရာတွင် ပြော ဆိုခဲ့သည်။

ပြည်နယ်နှင့် တိုင်းအားလုံး စုစည်း ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ကမ္ဘာ့ အလယ်တွင် တင့်တင့်တယ် တယ် ရပ်တည်နိုင်ရန် တိုင်းရင်းသား အားလုံးတွင် တာဝန်ရှိကြောင်း၊ ပြည် သူရွေးချယ်ထားသော ပါတီစုံဒီမိုက ရေစီ လမ်းကြောင်း ကို လျှောက်လှမ်း နေခြင်း ဖြစ်ကြောင်း၊ လျှောက်လှမ်း ရာတွင်လည်း ရည်မှန်း ချက်၊ ရည်ရွယ် ချက်အားလုံး သိရှိပြီးဖြစ်၍ မှန်ကန် သည့်စိတ်ဖြင့် သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးပဝေဏသီကတည်းကရှိခဲ့၍ခေတ် အဆက်ဆက် ခိုင်မြဲအောင်ကြိုးစားခဲ့ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုလိုနီနိုင်ငံဖြစ်ခဲ့သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အားလုံး တူညီသည့် စိတ်ဓာတ်ဖြင့် မပြို ကွဲအောင် လုပ်ဆောင်မည့် စိတ်ဓာတ် မွေးရန် လိုကြောင်း တိုင်းရင်းသားလူ မျိုးပေါင်းစုံပါဝင်၍ တူညီသောခံစားခွင့် များလည်း ရှိပြီးဖြစ်သဖြင့် တစ်ဦး နှင့်တစ်ဦး ထိ ခိုက်စေမည့်ကိစ္စရပ်များ ရှောင်ရှား၍ ချစ်ကြည်ရင်းနှီးစွာနေ ထိုင်ကြရန်လိုကြောင်း၊အမည်ခံလွတ် လပ်ရေး ရသောနိုင်ငံမဟုတ်ဘဲ ခိုင် မာသော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သဖြင့် ဒို့တာဝန် အရေးသုံး ပါးအား မည်သည့်နည်းနှင့်မျှထိခိုက် ခံ၍ မရသည်ကို သိရှိ နားလည်၍ အား လုံးပါဝင်စေချင်ကြောင်းလည်း တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်က ဆို သည်။

တပ်မတော်အနေဖြင့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင် မာမာ လျှောက်လှမ်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်း ရေး ရယူလိုစိတ်အပြည့်ဖြင့် ငြိမ်းချမ်း ရေးရရှိသည်အထိ ကြိုးပမ်း တည် ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခု တွေ့ဆုံမှုသည် ဆွေးနွေးသည့် အဆင့် မဟုတ်သော်လည်း အနာဂတ် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းခင်း နိုင်သည့် နေ့တစ်နေ့ဖြစ်၍ ယခုတွေ့ ဆုံမှုမှ တူညီသော အကြောင်း အချက် များကို အခြေခံပြီး နိုင်ငံတော်ကောင်း အောင် အပြုသဘောဆောင် သည့် လုပ်ဆောင်မှုများနှင့် ဆက်လက်ဆောင် ရွက် သွားကြ ရမည်ဖြစ်ကြောင်း၊ နိုင် ငံတော်ကို တည်ဆောက်လိုကြသည့် တူညီသော စိတ်များ ရှိကြသည်ဖြစ်၍ နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကောင်းအောင် အားလုံး ဝိုင်း ဝန်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိ ခိုက်အောင်လှုံ့ဆော်မှုများ လုပ်ဆောင် ခြင်း မပြုဘဲဥပဒေနှင့်အညီသာဆောင် ရွက်ရန်လိုအပ်ပြီး ငြိမ်းချမ်းရေးဆွေး နွေးသည့်ကာလမှစ၍ စစ်ဆင်ရေး ဆောင်ရွက်ခြင်း၊ အသိအမှတ်ပြုထား သည့် စခန်းတစ်ခုကိုမျှ တိုက်ခိုက်ခြင်း မရှိကြောင်းလည်း ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် က ပြောဆို ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး KNU အဖွဲ့မှ စောမူတူးဆေးဖိုး၊ UWSA (၀) မှ ဦးပေါက်ယူရိ၊ NDAA (မိုင်းလား)အဖွဲ့မှ ဦးစံပေ့၊ KNU (ဌေးမောင်)အဖွဲ့မှ စောရင်နု၊ KNU (စောလား ဘွယ်)အဖွဲ့မှ စောမူရှေး၊ NMSP (မွန်) အဖွဲ့မှ နိုင်ဟံသာဗွန်ခိုင်၊ ABSDF အဖွဲ့မှ ဦးသံခဲ၊ SSA (ဝမ်ဟိုင်း)အဖွဲ့မှ ဦးဆေးထင်၊ SSA (ရွက်ဆစ်)အဖွဲ့မှ ဦးစိုင်းလှ၊ ALP အဖွဲ့မှ ဒေါ်စောမြရာဇာလင်း၊ PNLO အဖွဲ့မှ ခွန်ဥက္ကာ၊ NSCN (K) အဖွဲ့မှ ဦးအန်ကန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

ဇော်မင်းထွန်း

The Ladies News Journal

 

No comments:

Post a Comment