၂၂ - ၁၂ -၂၀၁၄ ရက်နေ့၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်
"မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သုံးသပ်ချက်"
လုံခြုံရေးအဖွဲ့များနှင့် ရွာသူ၊ ရွာသားများ နီးကပ်လွန်းသဖြင့် စီမံချက်ပါ အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ရွာသားများနှင့် လုံခြုံရေးအဖွဲ့များ
ထွေးလုံးရစ်ပတ်တိုက်ခိုက်ရ သည့်အခြေအနေမျိုး ရောက်ရှိသွားခဲ့ကြောင်း သုံးသပ်ပါသည်။
ကွပ်ကဲမှုအဖွဲ့၏စီမံဆောင်ရွက်မှုအားနည်းခြင်းကြောင့် လုံခြုံရေးစီမံချက်ပါ လူစုခွဲခြင်းအဆင့် အဆင့်၌ ရေလုံးနှင့် မျက်ရည်ယိုဗုံးကို အသုံးပြုနိုင်ခဲ့ခြင်း မရှိသဖြင့် နှစ်ဖက်စလုံး၌ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ကြောင်း သုံးသပ်ပါသည်။
ရဲတပ်ဖွဲဝင်များသည် စီမံချက်ပါ လူ၊ လက်နက်ခဲယမ်းဖွဲ့စည်းပုံအရ ကိုင်ဆောင်ရန် သတ်မှတ်ထားသည့် အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှုမရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သုံးသပ်ပါသည်။
ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခြင်းသည် ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်း အပိုဒ် ၃ ၌ ပြဋ္ဌာန်းထားသည့် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရခွင့်ရှိ သည်ဟူသည့်အချက်အရ ၄င်း၏အသက်ရှင်သန်မှု အခွင့်အရေးကို ထိခိုက်စေခဲ့သည်ဟု သုံး သပ်ပါသည်။
နှစ်ဖက်သက်သေထွက်ဆိုချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းေ ဆာင်ရွက်သင့်ကြောင်း သုံးသပ်ပါသည်။
"မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုတိုက်တွန်းချက်"
ဆားလင်းကြီးရဲစခန်းတွင်ဖွင့်လှစ်ထားသည့် သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၄)အား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သင့်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိး တိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို စနစ်တကျအကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအား ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင်ရွက်သင့်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုး တိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွ က်ခဲ့ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှ င့်အညီ ထိရောက်စွာအရေးယူသင့်ပါသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်စပ်လျဉ်းသော လုပ်ငန်းများကို
ဆောင်ရွက်ရာတွင် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ် ပေါ်အောင် အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်။
Credit - Mizzima News
No comments:
Post a Comment