Monday, January 12, 2015

၆ ပွင့်ဆိုင် တွေ့ဆုံရေး မရှောင်လွှဲသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

သမ္မတဦးသိန်းစိန် , ဒေါ်အောင်ဆန်းစုကြည် , ၆ ပွင့်ဆိုင် , နိုင်ငံရေး , ဖွဲ့စည်းပုံ အခြေခံဥပဒေ , တိုင်းရင်းသား , ငြိမ်းချမ်းရေး , အပစ်အခတ်ရပ်စဲရေး ,
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ဇန်န၀ါရီလ ၁၂ ရက်နေ့ နိုင်ငံရေး ဆွေးနွေးပွဲ မစတင်မီ နှုတ်ဆက်နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင်ဆွေးနွေးရေးကို သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် မရှောင်လွှဲသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော ၄ ပွင့် ဆိုင်နှင့် ပြည်ထောင်စုလွှတ်တော်က တောင်းဆို ထားသော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး များကို လိုက်လျော ခြင်း မရှိဘဲ အစိုးရက ဦးဆောင်၍ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက် ဆိုသလို ကျင်းပလျက်ရှိသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲ၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်သော ၄၈ ဦး ပါဝင်သော နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပလျက်ရှိရာ ယင်းတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်  ပြည်ထောင်စု လွှတ်တော်က တောင်းဆို ထားသော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို ရှောင်လွှဲခြင်းမှာ မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၂ ရက်နေ့ နေပြည်တော်နေအိမ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။

“အခုဆွေးနွေးတဲ့ဟာတွေက ၆ ပွင့်ဆိုင် ပုံစံမှမဟုတ်ဘဲ။ တိုင်းပြည်နယ် တိုင်းရင်းသား ၀န်ကြီးတွေ ပါတယ်လေ။ တိုင်းရင်းသား ၀န်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ပဲ။ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တမျိုးပေါ့။ အခုဟာက အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတာလား။ အန်တီတို့ အမြင်မှာတော့ ဘယ်လို မူအရ ဒီပုဂ္ဂိုလ်တွေ ဖိတ်လဲဆိုတာ အန်တီတော့ မရှင်းလင်းဘူး။ အန်တီတို့အနေနဲ့ ဘယ်လိုမူ ကို အခြေခံပြီးတော့ ဒီပုဂ္ဂိုလ် တွေကို ဖိတ်လဲ ဆိုတာ မသိဘူး။ နည်းနည်းစဉ်းစားရခက်တယ်။ ပါတီခေါင်းဆောင်တွေလည်းမဟုတ်ဘူး။ လွှတ်တော် ထဲက အဖွဲ့ခေါင်းဆောင် တွေလည်းမဟုတ်ဘူး။ ဘာကို အခြေခံမှန်းမသိဘူး။ ခြောက်ပွင့်ဆိုင်ကို ရှောင်ဖို့အတွက်တော့ မဖြစ် သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး နှင့် သမ္မတဦးသိန်းစိန် ဦးစီး ကျင်းပ နေသော နိုင်ငံရေး ဆွေးနွေးပွဲများသည် သဘောသဘာဝ မတူညီသော်လည်း လွှတ်တော်နှင့် အစိုးရအကြား နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ဆက်စပ်၍ ထိပ်တိုက် တွေ့ဆုံစရာ မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အန်တီတို့က ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်နဲ့ အခု ပုံစံနဲ့က မတူဘူး။ Clash ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ ၄၈ ယောက် ဆိုတော့ ယေဘုယျ ဆန်တာပေါ့။ အန်တီရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်နဲ့ ဒီလိုဟာမျိုးက မတူဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

ဇန်န၀ါရီလ ၁၂ ရက်နေ့ ကျင်းပသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသည် ရလာဒ် အဖြေရှာရန် မဟုတ်ဘဲ အကြံဥာဏ် များကိုသာ စုစည်းခြင်းဖြစ်ပြီး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားရန် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။

“ဘာတွေတထစ်ချလုပ်မယ်ဆိုတဲ့အပေါ် အကြံဥာဏ်တွေကိုပြန်စုတာပါ။ ဒါတွေကို နောက်တကြိမ် ဆွေးနွေးပွဲမှာ ထပ်ပြီးချပြမယ်။ အဲဒါတွေပြီးမှ ကျန်တဲ့သူတွေကိုလည်း ပြန်ပြီးချပြမယ်။ အခုက ဆွေးနွေးကြတယ်။ အမြင်ချင်း ဖလှယ်ကြတယ်၊ ပြီးမှ ပြန်စုစည်းမယ်။ အခုဆွေးနွေးပွဲမှာ ဘာကိုသဘောတူသလဲဆိုတော့ အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး ဆွေးနွေးပွဲတွေနဲ့ ပြန်တွေ့ဆုံဖို့ပေါ့”ဟု ဦးရဲထွဋ်က ဇန်နဝါရီ ၁၂ ရက်နေ့ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး ဖြစ်မြောက်စေရန် လုပ်ဆောင်မည်ဟု ပြောဆိုခဲ့သော်လည်း တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖက်ဒရယ် တပ်မတော်နှင့် ဖက်ဒရယ် ပြည်ထောင်စု ကိစ္စရပ်များနှင့်ပတ်သက်၍ တစုံတရာ ရှင်းလင်းခြင်းမရှိကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဆန်သည်ဟု ညွှန်းဆို ပြောဆိုမှုများရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် လက်မှတ်ထိုးရန် တွန်းအားပေး ပြောဆိုမှုများရှိကြောင်း  သိရှိရသည်။

“အပစ်အခတ်ရပ်စဲရေးကတော့ ဖေဖော်ဝါရီ လ ၁၂ ရက်မှာ လက်မှတ်ထိုးချင်တာကို တက်လာတဲ့သူ အားလုံးက ကြိုဆို တယ်။ ဘာတွလုပ်သင့်တယ်ဆိုတာ ဝိုင်းဆွေးနွေးတယ်။ အယူအဆတွေက တော့ အားလုံးပါတဲ့ထိစောင့်မလား ဒါမှမဟုတ် အရင် လက်မှတ်ထိုး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပြီး ထပ်လာမယ့်သူတွေအတွက် တံခါးဖွင့်ထား ဆိုတာ မျိုး လုပ်မလား ဆိုပြီး ဆွေးနွေးခဲ့ကြတာ”လို့ ဦးရဲထွဋ် က ပြောပါတယ်။

ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မူ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသားခေါင်းဆောင်များနှင့် နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် သီးခြားတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

Category-Politics

Key Words- သမ္မတဦးသိန်းစိန် , ဒေါ်အောင်ဆန်းစုကြည် , ၆ ပွင့်ဆိုင် , နိုင်ငံရေး , ဖွဲ့စည်းပုံ အခြေခံဥပဒေ , တိုင်းရင်းသား , ငြိမ်းချမ်းရေး , အပစ်အခတ်ရပ်စဲရေး ,

ကောက်စာ-အခုဆွေးနွေးတဲ့ဟာတွေကခြောက်ပွင့်ဆိုင်ပုံစံမှမဟုတ်ဘဲ။တိုင်းပြည်နယ်တိုင်းရင်းသားဝန်ကြီးတွေပါတယ်လေ။တိုင်းရင်းသားဝန်ကြီးတွေဆိုတာတကယ်တော့အစိုးရအဖွဲ့ပဲ။တိုင်းရင်းသားဝန်ကြီးတွေတွေ့ဆုံဆွေးနွေးတယ်ဆိုတာတမျိုးပေါ့။အခုဟာကအစိုးရအဖွဲ့နဲ့နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးတာလား

ဓာတ်ပုံ- https://www.facebook.com/theirrawaddy/photos/ms.c.eJw9zlEOwDAIAtAbLYrFyv0vtqzOfr4AxtqkILC8SnqqHe0ap5wAfocZVpG8ZjvG2cb12fv0HSdfOd4ntz1Wm7~_R55~_8Vnvuh31913oBaP8qtw~-~-.bps.a.875592912485567.1073742374.112882212089978/875592935818898/?type=1&theater 

ပုံစာ-ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ဇန်န၀ါရီလ ၁၂ ရက်နေ့ နိုင်ငံရေး ဆွေးနွေးပွဲ မစတင်မီ နှုတ်ဆက်နေစဉ်။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

သတင်း

၆ ပွင့်ဆိုင် တွေ့ဆုံရေး မရှောင်လွှဲသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မေစစ်ပိုင်| ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၄

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင်ဆွေးနွေးရေးကို သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် မရှောင်လွှဲသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော ၄ ပွင့်ဆိုင်နှင့် ပြည်ထောင်စုလွှတ်တော်က တောင်းဆို ထားသော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး များကို လိုက်လျော ခြင်း မရှိဘဲ အစိုးရက ဦးဆောင်၍ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်တိုက် ဆိုသလို ကျင်းပလျက်ရှိသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲ၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်သော ၄၈ ဦး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ယင်းတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်  ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို ရှောင်လွှဲခြင်းမှာ မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၁၂ ရက်နေ့ နေပြည်တော်နေအိမ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောဆိုသည်။

“အခုဆွေးနွေးတဲ့ဟာတွေက ၆ ပွင့်ဆိုင် ပုံစံမှမဟုတ်ဘဲ။ တိုင်းပြည်နယ် တိုင်းရင်းသား ၀န်ကြီးတွေ ပါတယ်လေ။ တိုင်းရင်းသား ၀န်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ပဲ။ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တမျိုးပေါ့။ အခုဟာက အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတာလား။ အန်တီတို့ အမြင်မှာတော့ ဘယ်လို မူအရ ဒီပုဂ္ဂိုလ်တွေ ဖိတ်လဲဆိုတာ အန်တီတော့ မရှင်းလင်းဘူး။ အန်တီတို့အနေနဲ့ ဘယ်လိုမူ ကို အခြေခံပြီးတော့ ဒီပုဂ္ဂိုလ် တွေကို ဖိတ်လဲ ဆိုတာ မသိဘူး။ နည်းနည်းစဉ်းစားရခက်တယ်။ ပါတီခေါင်းဆောင်တွေလည်းမဟုတ်ဘူး။ လွှတ်တော် ထဲက အဖွဲ့ခေါင်းဆောင် တွေလည်းမဟုတ်ဘူး။ ဘာကို အခြေခံမှန်းမသိဘူး။ ခြောက်ပွင့်ဆိုင်ကို ရှောင်ဖို့အတွက်တော့ မဖြစ် သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး နှင့် သမ္မတဦးသိန်းစိန် ဦးစီး ကျင်းပ နေသော နိုင်ငံရေး ဆွေးနွေးပွဲများသည် သဘောသဘာဝ မတူညီသော်လည်း လွှတ်တော်နှင့် အစိုးရအကြား နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ဆက်စပ်၍ ထိပ်တိုက် တွေ့ဆုံစရာ မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အန်တီတို့က ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်နဲ့ အခု ပုံစံနဲ့က မတူဘူး။ Clash ဖြစ်စရာ အကြောင်းလည်း မရှိဘူး။ ၄၈ ယောက်ဆိုတော့ ယေဘုယျ ဆန်တာပေါ့။ အန်တီရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်နဲ့ ဒီလိုဟာမျိုးက မတူဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

ဇန်န၀ါရီလ ၁၂ ရက်နေ့ ကျင်းပသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသည် ရလာဒ် အဖြေရှာရန် မဟုတ်ဘဲ အကြံဥာဏ် များကိုသာ စုစည်းခြင်းဖြစ်ပြီး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားရန် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောသည်။

 “ဘာတွေတထစ်ချလုပ်မယ်ဆိုတဲ့အပေါ် အကြံဥာဏ်တွေကိုပြန်စုတာပါ။ ဒါတွေကိုနောက်တကြိမ် ဆွေးနွေးပွဲမှာ ထပ်ပြီးချပြမယ်။ အဲဒါတွေပြီးမှကျန်တဲ့သူတွေကိုလည်း ပြန်ပြီးချပြမယ်။ အခုက ဆွေးနွေးကြတယ်။အမြင်ချင်း ဖလှယ်ကြတယ်၊ ပြီးမှ ပြန်စုစည်းမယ်။ အခုဆွေးနွေးပွဲမှာဘာကိုသဘောတူသလဲဆိုတော့ အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး ဆွေးနွေးပွဲတွေနဲ့ပြန်တွေ့ဆုံဖို့ပေါ့”ဟု ဦးရဲထွဋ်က ဇန်နဝါရီ ၁၂ ရက်နေ့ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းငြိမ်းချမ်းရေး ဖြစ်မြောက်စေရန် လုပ်ဆောင်မည်ဟု ပြောဆိုခဲ့သော်လည်း တိုင်းရင်းသားများ တောင်းဆိုထားသည့် ဖက်ဒရယ် တပ်မတော်နှင့် ဖက်ဒရယ် ပြည်ထောင်စု ကိစ္စရပ်များနှင့်ပတ်သက်၍ တစုံတရာ ရှင်းလင်းခြင်းမရှိကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဆန်သည်ဟု ညွှန်းဆို ပြောဆိုမှုများရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် လက်မှတ်ထိုးရန် တွန်းအားပေး ပြောဆိုမှုများရှိကြောင်း  သိရှိရသည်။

 “အပစ်အခတ်ရပ်စဲရေးကတော့ ဖေဖော်ဝါရီ လ ၁၂ ရက်မှာ လက်မှတ်ထိုးချင်တာကိုတက်လာတဲ့သူ အားလုံးက ကြိုဆို တယ်။ ဘာတွလုပ်သင့်တယ်ဆိုတာ ဝိုင်းဆွေးနွေးတယ်။အယူအဆတွေက တော့ အားလုံးပါတဲ့ထိစောင့်မလား ဒါမှမဟုတ် အရင် လက်မှတ်ထိုးနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပြီး ထပ်လာမယ့်သူတွေအတွက် တံခါးဖွင့်ထားဆိုတာ မျိုး လုပ်မလား ဆိုပြီး ဆွေးနွေးခဲ့ကြတာ”လို့ ဦးရဲထွဋ် က ပြောပါတယ်။

ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မူ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသားခေါင်းဆောင်များနှင့် နေပြည်တော် လွှတ်တော်အဆောက်အအုံတွင် သီးခြားတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

Credit - ဧရာဝတီ ဘလော့ဂ်

No comments:

Post a Comment