Wednesday, January 14, 2015

၄၈ ပွင့် တွေ့ဆုံပွဲ အကြံပြုချက်များ လိုချင်၍ တွေ့ဆုံခြင်းဟု ဦးရဲထွဋ် ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ဝေဖန်သံများ ထွက်ပေါ်နေသည့် သမ္မတနှင့် ၄၈ ဦး တွေ့ဆုံဆွေးနွေးပွဲသည် အကြံပြုချက်များစွာ လိုသည့် အတွက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်သည်။

U-Ye-Htut
(ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)



ဇန်နဝါရီ ၁၃ ရက်က Central Hotel တွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား၊ ဝေးသလား စကားဝိုင်းတွင် သမ္မတရုံးဝန်ကြီး ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဇန်န၀ါရီ ၁၂ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် သမ္မတ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ ၀န်ကြီးဦးရဲထွဋ်က “ကျွန်တော်တို့ သမ္မတကြီးအနေနဲ့ကတော့ တကယ်တမ်းပြောရရင် ဘယ်အဆိုကိုမှ မပစ်ပယ်ဘူး။ အများကြီး ခေါ်တယ်ဆိုတာဘာလဲ။ အများကြီး ခေါ်မှ လူတွေရဲ့ အကြံပြုချက်အများကြီးကိုရမယ်။ အဲ့ဒီအကြံပြုချက်တွေကို Key Players တွေက နား ထောင်လိုက်မှ အပေါ်ကို တစ်ဖြည်းဖြည်းနဲ့ ကျဉ်းသွားတဲ့အခါအချက် အလက်ပိုစုံမှာပေါ့”ဟု ပြောသည်။
သမ္မတ နှင့် ၄၈ ဦးတွေ့ဆုံခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ခွင့်ရှိသူများ၏ တစ်ဦးချင်း သုံးသပ်ချက်များကို အောက်ခြေမှ ပြန်လည် သုံးသပ်ပြီး သဘောမတူခဲ့လျှင် မည်ကဲ့သို့လုပ်ဆောင်မည်နည်းဟုလည်း မေးခွန်းထုတ်လိုက်သည်။
တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ဖိတ်ကြားရခြင်းမှာလည်း တိုင်းရင်းသားလူနည်းစုကိစ္စများကို နား ထောင်ရန်လိုအပ်၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment