ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ
၁၅ ရက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွက် တရားခံကို လက်တလောတွင်
ရှာဖွေရန် မလွယ်ကူသေးဟု ကချင်ပြည်နယ် ဖားကန့်မြို့နယ်
အုပ်ချုပ်ရေးမှုးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖားကန့်မြို့ရှိ လုံးခင်းရဲစခန်းနှင့် မရှိကထောင် တံတားတွင် ဇန်န၀ါရီလ ၁၅ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်က ဗုံးပေါက် ကွဲမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
၎င်းက “ဗုံးပေါက်ကွဲမှု တရားခံကို လက်တလော ရှာဖွေဖို့ မလွယ်လှပါဘူး။ ညမှောင်ချိန်ကို ဆိုင်ကယ်နဲ့ လာပစ်ပြီးပြေးတော့ လက်တလောတော့ ကျွန်တော်တို့ စုံတော့ စုံစမ်းတာပေါ့။ လက်တလောတော့ မရသေး ဘူးခင်ဗျ။ အကြောင် ရင်းကတော့ လက်ရှိအခြေ အနေတွေ တိုက်ပွဲတွေဖြစ်နေတာ ဆိုတော့ ဖြစ်တတ်ပါ တယ်” ဟုပြောသည်။
လုံခင်းရဲစခန်းတွင် ပေါက်ကွဲသည့် ဗုံးသည် လက်ပစ်ဗုံး ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ကလေး ငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ သည့်ဟုလည်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက အတည်ပြု ထားသည်။
ယင်းအပြင် ရဲတပ်ကြပ်စော ထွန်းအောင်၏ ဇနီးမခိုင် ဇာနည်မြင်၏ ခြေဖ၀ါးနှစ် ဖက်တွင် လည်းကောင်း၊ ရဲတပ်ကြပ် ခုံဆား၏ ဇနီးဒေါ်နန်းစံ၏ ဆီးခုံနှင့် ညာ ဘက်နထင်နှင့် ခြေနှစ်ဖက်တို့တွင်လည်းကောင်း၊ ရဲတပ်ကြပ် ခုံဆား၏ တူဖြစ်သည့် ကလေးငယ်၏ ရင်ဘက်တွင်လည်းကောင်း ဗုံးစများ ထိမှန်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment