ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ယခုနှစ်ဧပြီလအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း ပြည်ထောင် စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားခဲ့ကြောင်း သိရသည်။
''ပြည်ထောင်စုလွှတ်တော် နာ ယက သူရဦးရွှေမန်းက ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြော
ဧပြီလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပါ့ မယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အခုလွှတ်တော်သက် တမ်းမှာ မမီနိုင်တော့ဘူး။ နောက်လွှတ် တော်သက်တမ်းရောက်မှပဲ ပြင်ဆင် ချိန်မီမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသွား ပါတယ်''ဟု ရခိုင်အမျိုးသားပါတီကိုယ် စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဦးအေးသာအောင်က ပြောသည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသားရေး ရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ် စားလှယ်ခေါင်းဆောင်များ အစည်း အဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း ထည့်သွင်း ပြောကြားသွားခြင်း ရှိ၊ မရှိ ရန်ကုန် တိုင်းမ်ဂျာနယ်၏ မေးမြန်းချက်အပေါ် အစည်းအဝေးတက်ရောက်ခဲ့သူ ရခိုင် အမျိုးသားပါတီကိုယ်စားလှယ်အ
ပြည်ထောင်စုအစိုးရက ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ဆန္ဒ ထက်သန်မှုမရှိကြောင်း၊ မြင်သာ သော အသွင်ကူးပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည် သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အစည်းအဝေးတွင် ထည့်သွင်းဆွေး နွေးခဲ့ကြောင်းသိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၄၃၆ (က)တွင် ဖော်ပြထား သည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နှင့်အခြေတည်ခိုင်မာရေး၊ အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး များနှင့်ပတ်သက်ပြီး အမျိုးသားအင် အားစုများ လက်တွဲအကောင်အထည် ဖော်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ရန် နိုင်ငံတော်သမ္မတဦးသိန်းစိန
Credit - Yangon Media Group

No comments:
Post a Comment