ရန်ကုန်၊ ဇန်နဝါရီ ၁၂-၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာ တွင်ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ပုဒ် မ-၄၃၆ ကို မဖြစ်မနေပြင် ဆင်သင့် ကြောင်း ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အ မျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ် တော်ရေး ရာ ကော်မတီ များနှင့်တွေ့ ဆုံဆွေးနွေးရာတွင် တင်ပြခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ အမျိုး သားလွှတ် တော် ဥက္ကဋ္ဌရုံးတွင် အမျိုးသား လွှတ် တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်၊ ဦး ကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦး
အံ့ဘွယ်ကျော်၊ ဦးထွန်းမြင့်အောင်၊ ဦးစိုးထွန်းတို့သည် ဇန်နဝါရီ ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်း ကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
''လွှတ်တော်အတွင်းမှ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် မကြာခင်ကာလမှာ လွှတ်တော်အ တွင်း ဆုံးဖြတ်တော့မှာဖြစ် တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေ ထဲက ပုဒ်မ-၄၃၆ ကို ပြင်ဆင်နိုင် ဖို့ တောင်းဆိုခဲ့တယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ ဘယ်လိုလုပ်ကြ ရင် ကောင်း မလဲ၊ ဘယ်လိုလုပ်ဆောင်ရင် ပြင်ဆင် နိုင်မလဲ၊ ပြင်ဆင်နိုင်အောင် ဘာတွေလုပ်သင့်လဲဆိုတာတွေကို လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပွင့်လင်း စွာ ဆွေးနွေး ခဲ့ကြပါတယ်''ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ဦးမြအေးကပြောသည်။
ယင်းအပြင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသားရေးရာ ကဏ္ဍများကိုလည်း အဓိကထားဆွေး နွေးခဲ့ကြောင်း သိရသည်။
''အမျိုးသားပြန်လည်သင့်မြတ် ရေး အတွက် အင်အားစု အချင်း ချင်း တွေ့ ဆုံဆွေးနွေးခြင်းဖြင့် သာ အခွင့် ကောင်းတွေရရှိ မယ်၊ တွေ့ ဆုံဆွေး နွေးကြ တဲ့အခါမှာလဲ အခုအငြင်း ပွားနေတဲ့ ပွင့်ဆိုင်အငြင်းပွားမှုတွေ ထက် တွေ့ ဆုံဆွေးနွေးပွဲတွေဖြစ် ပြီး ရလဒ်ကောင်းတွေ ရရှိဖို့သာ အဓိကကျတဲ့ အတွက် ပြည်သူ့တွေ အတွက် အကျိုးရှိတဲ့ရလဒ်တွေထွက် မယ့်တွေ့ဆုံဆွေးနွေး ပွဲတွေသာဖြစ် ဖို့ ဖြစ်မြောက်အောင် ပြုလုပ်ပေး ဖို့တင်ပြခဲ့ပါတယ်''ဟု ဦးမြအေး က ဆိုသည်။
''၂၀၁၅ ရွေးကောက်ပွဲ ကာလမ တိုင်ခင် တိုင်းရင်းသားအရေး ကိစ္စအား ဖြေ ရှင်းပြီး ပြည်တွင်းငြိမ်းချမ်းရေး အကောင်အ ထည်ဖော်ဆောင် ရွက် ရေး နှစ် ဖက်ဆွေးနွေးခဲ့ပြီး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ကလဲ တိုင်း ရင်းသားအရေးနှင့်ပြည် တွင်း ငြိမ်းချမ်းရေးအတွက် လွှတ် တော်တွင်း အရှိန် အဟုန်မြှင့်ဆောင် ရွက်သွားမယ်''ဟု ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်းဆွေးနွေးပြီး စီးပြီဖြစ်ကာ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပြင် ဆင်သည့် ဥပဒေမူကြမ်းကို ရေးဆွဲဆောင်ရွက်နေသည်။
YM
#Democracytoday
No comments:
Post a Comment