Monday, January 12, 2015

အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် PR စနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံခုံရုံးသို့ပေးပို့ထားမှု ထူးခြားမှုမရှိသေး

ရန်ကုန်၊ ဇန်နဝါရီ ၁၁- အမျိုးသား လွှတ်တော်တွင်ကျင့်သုံးရန် အတည် ပြုထား သည့် အချိုးကျကိုယ်စားပြု စနစ် (PR) ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ထားသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေး ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။

လာမည့်ရွေးကောက်ပွဲများ တွင် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်ရွေး ချယ်ရာတွင် PR စနစ်ကို တိုင်းနှင့် ပြည်နယ်အားလုံးတွင် ကျင့် သုံးရန် အမျိုးသား လွှတ်တော်ကဆုံး ဖြတ်ထားသည့်အတွက် အဆိုပါစနစ် ကို လက်မခံ သည့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၆ဦးက ယင်း စနစ်သည် ဖွဲ့စည်းပုံ
အခြေခံဥပဒေ နှင့်ကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ပေးနိုင် ရန် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ အတွင်း က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ လက်မှတ်ရေး ထိုးပေးပို့ ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌမှတစ်ဆင့် အခြေခံဥပဒေခုံရုံး သို့ တင်ပြပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးတောင်းဆို မှုတွင် ပါဝင်ခဲ့သူ အမျိုးသားလွှတ် တော် ကိုယ်စား လှယ် ဒေါက်တာအေး မောင်က ''အခုထိတော့ ဘာမှ အ ကြောင်းပြန် တာမရှိသေး ဘူး။ ထူးခြား မှုမရှိသေးဘူး။ လွှတ်တော်စမှပဲ ဒါ ကိုပြောမယ် ထင်တယ်''ဟုပြောသည်။

လွှတ်တော်မှ အတည်ပြုလိုက် သည့်ပြဋ္ဌာန်းချက်ဥပဒေတစ်ခုခုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ သိရှိနိုင်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပ ဒေဆိုင်ရာခုံရုံးသို့ လွှတ်တော်ကိုယ် စားလှယ် ၁ဝရာခိုင်နှုန်းမှ လက်မှတ် ရေးထိုးတင်ပြနိုင်ကြောင်း သိရ သည်။

PR စနစ်ကျင့်သုံးရေးအကောင် အထည်ဖော်မှုကော်မရှင်အဖွဲ့ ဝင် ဒေါ်ခင်ဝိုင်းကြည် က ''စနစ်ကို လက် မခံနိုင်တဲ့ လွှတ်တော်ကိုယ် စားလှယ် တွေ က တင်ပြထားတာပေါ့။ အခု ထိတော့ ဒါနဲ့ပတ်သက်လို့ ခုံရုံးက အကြောင်းပြန်တယ်လို့ မကြားသေး ဘူး။ ပြန်ခဲ့ရင်လဲ ဥက္ကဋ္ဌက လာမယ့် လွှတ်တော် အစည်းအဝေးမှာပြောမှာ ပေါ့''ဟု ပြောသည်။

ပြည်သူ့လွှတ်တော်တွင် PR စနစ်၊ နိုင်သူအကုန်ယူစနစ်အပြင် ယင်းစနစ် များကို ရောနှောထားသည့် စနစ်များအပါအဝင် စနစ်ရှစ်မျိုးပါ ဝင် သည့်ရွေးကောက် ပွဲစနစ် အစီရင် ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်း ချက်များနှင့် ကိုက်ညီမှုရှိမရှိ စိစစ်ပေးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌ ထံ ပေးပို့ပြီးခဲ့ပြီး ယင်းစနစ် များတွင် PR စနစ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှုမရှိ ကြောင်း အကြောင်းပြန် ခဲ့သော ကြောင့် ယင်းစနစ်ကိုမကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

SYMZ

#‎Democracytoday‬

No comments:

Post a Comment