Sunday, January 11, 2015

လက်ပံတောင်းတောင် စီမံကိန်း ပျက်သုန်းစေရန် လူနည်းစုအချို့က ပြင်ပ အထောက်အပံ့ယူကာ လုပ်ဆောင်နေဟု ကော်မတီထုတ်ပြန်

လက်ပံတောင်းတောင် စီမံကိန်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေ သော လူနည်းစုအချို့က အမြင်မကြည် လင်ဘဲ ပြင်ပအဖွဲ့အစည်းများ၏ ကူ ညီထောက်ပံ့ လှုံ့ဆော်မှုများကြောင့် စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် လုပ်ငန်းစဉ်များ အပေါ် အမြဲတစေ ပြဿနာ တစ်ခုမ ဟုတ် တစ်ခုဖြစ်အောင်ဖန်တီး၍ ဟန့် တား နှောင့်ယှက်လျက် ရှိသည်ကို တွေ့ရှိ ရကြောင်း အစီရင်ခံစာအကောင် အထည်ဖော် ဆောင်ရွက်သည့် ကော် မတီက ဇန်နဝါရီ ၅ ရက်တွင် ထုတ် ပြန်လိုက်သည်။


စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ အပေါ် အဖျက် သဘောဖြင့် သွေးခွဲ လှုံ့ဆော်ခြင်းများကြောင့် မလိုလား အပ်သည့် ဖြစ်စဉ်ဖြစ်ရပ်များ မဖြစ်ပွား စေရေးအတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်မှုကို လိုလားသည့် တိုင်းရင်းသား ပြည်သူများက အသိ၊သတိဖြင့်ဆောင် ရွက်ကြရန်လည်း ကော်မတီကမေတ္တာ ရပ်ခံထားသည်။

အကောင်အထည်ဖော်ရေး ကော် မတီသည် စုံ ကော်၏ အစီရင်ခံစာ ပါ အတိုင်း မြေယာ နစ်နာသွားသော ဒေသခံများအား ကာလဒေသပေါက်ဈေးဖြင့် ဒုတိယ အကြိမ် လျော်ကြေး ပေးချေ ခဲ့ပြီးနောက် ကော်မတီ အနေဖြင့် မြေသိမ်းခံ တောင် သူများ နစ်နာမှုမရှိစေရေးအတွက် တတိယ အကြိမ်အဖြစ် မြေယာထောက် ပံ့ကြေးများကို မြေယာအမျိုးအစား အလိုက် တစ်ဧက လျှင် ၃ သိန်းမှ ၁၂ သိန်း အထိထပ်မံပေးအပ်ခဲ့သဖြင့် မြေ ယာလျော်ကြေးနှင့် ထောက်ပံ့ကြေး ငွေ ကျပ်သိန်းပေါင်း ၁၀၇,၉၆၆.၉၂ သိန်း ထုတ်ပေးခဲ့ပါသည်။

မြေယာလျော်ကြေးထုတ်ယူသူ တောင်သူတစ်ဦးချင်းအနေဖြင့် လယ် မြေ၊ ယာမြေများအတွက် ထိုက်တန် သော လျော်ကြေးများကိုလည်း ရရှိခဲ့ကြပြီးဖြစ် သည်ဟု ဆိုထားသည်။

အကောင်အထည်ဖော်ရေး ကော် မတီသည် စုံစမ်းစစ်ဆေးရေး ကော်မ ရှင်၏ အစီရင်ခံစာတွင် မပါရှိသော် လည်း စီမံကိန်းနယ်မြေအတွင်း ပါရှိ သည် ဒေသ ခံတောင်သူများ၏ နှစ် ရှည် သီးနှံပင်များဖြစ်သည့် ထန်း၊ သ နပ်ခါး၊ သရက်၊ ဆီးပင်များနှင့် ရေ တွင်းများအတွက် လျော်ကြေးငွေများ ကိုလည်း တောင်သူ တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထား သည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှု စီမံကိန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်၊ ဒေသခံ၊ အနာဂတ်မျိုးဆက်များ အ ကျိုး စီးပွားဖြစ်ထွန်းပြီး စီမံကိန်းအောင် မြင်အောင် ဆောင် ရွက်နိုင်ခြင်းဖြင့် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများအတွက် ယုံကြည်မှု တိုးတက်စေနိုင်သည့် စံ ပြ စီမံကိန်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပြောကြားထားသည်။

ထို့အတူ ပစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ကန့်သတ် တားမြစ်နယ်မြေ စီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ဆောင် ရွက်စဉ် ပြင်ပအဖွဲ့ အစည်းများနှင့် ကွန်ရက် အဖွဲ့များ ၏ သွေးထိုး လှုံ့ဆော်မှုကို နားယောင်ခဲ့ သည့် ဒေသခံအချို့မှ တုတ်၊ ဓား၊ လေးခွ များဖြင့် ပစ်ခတ် အကြမ်းဖက် ဟန့်တား နှောင့်ယှက်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တည် ဆဲဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် အညီ လုံခြုံရေး ဆောင်ရွက်ခဲ့သော် လည်း ဒေသခံ ၉ ဦး ဒဏ်ရာရရှိ၍ ၁ ဦးမှာ ဒဏ်ရာရ သေဆုံးခဲ့ပါသည်။ ယင်း ဝမ်းနည်းဖွယ်ရာဖြစ်စဉ်နှင့် ပတ် သက်၍ သက်ဆိုင်ရာများမှ စုံစမ်း စစ်ဆေးလျက်ရှိသည်ဟုလည်း ထုတ် ပြန်ချက် တွင် ဖော်ပြထားသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် ရေရှည် ဖွံ့ဖြိုး တိုးတက်အောင် အသွင်ကူးပြောင်း ဆောင်ရွက်ပေး နေ သည့်ကာလတွင် ဒေသဖွံ့ဖြိုးတိုး တက်မှုရရှိရန် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံ မှုဖြင့် ဆောင်ရွက်မှသာ အလျင်အ မြန် တိုးတက်မှု ရရှိနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာ အကောင်အထည် ဖော်ရေးကော်မတီကဆိုထားသည်။

ဇော်မင်းထွန်း

The Ladies News Journal

 
 

No comments:

Post a Comment