Saturday, April 4, 2015

သပိတ်စစ်ကြောင်း အကြမ်းဖက်မှုရှုတ်ချပွဲတက်သည့် ပါတီများကို ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင် စာပို့

ပုသိမ် (မဇ္ဈိမ) ။ ။ ပုသိမ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီသုံးခုက ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲမှု ရှုတ်ချပွဲ တက်ရောက်ခဲ့သဖြင့် ဧပြီ ၆ရက်တွင် ဧရာဝတီတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် လာတွေ့ရန် စာဖြင့်အကြောင်းကြားထားသည်ဟု သိရသည်။

“ကျွန်တော်တို့ အဲဒီနေ့ပွဲကို လူမှုရေးအဖွဲ့ အစည်းတွေက ဦးစီးကျင်းပတယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဖိတ်ကြားပြီး အစီအစဉ်မှာပြောခိုင်းတယ်၊ ကျွန်တော်တို့ လှုံ့ဆော်တာမျိုး စည်းရုံးလုပ်ဆောင်တာမျိုးမရှိဘူး၊
ဘာလို့ ခေါ်လဲဆိုတာတော့ သူတို့ နဲ့ တွေ့ ဆုံပြီးမှာ သိရမှာပါ” ဟု ပုသိမ်မြို့မှ အကြောင်းကြားစာ ပို့ခံထားရသည့် ပါတီတစ်ခု၏ တိုင်းဥက္ကဋ္ဌ က မဇ္ဈိမကို ပြောသည်။

တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွင် မတ်လ ၁၃ရက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ နှင့် ဒီမိုကရေစီပညာရေး သပိတ်အား အကြမ်းဖက်ဖြိုခွဲမှု ရှုတ်ချကာ၊ ဖမ်းဆီးခံရသူများ အကြွင်းမဲ့ ပြန်လွှတ်ရေးတောင်းဆိုပွဲကို ပုသိမ်မြို့ ဘဝအလင်းရောင်စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။ ထိုပွဲသို့ ပုသိမ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ ဒီမိုကရေစီ နှင့် လူအခွင့်အရေးပါတီ နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို တက်ရောက်ခဲ့သည်။ တက်ရောက်ခဲ့သည့် ပါတီများထံ ကော်မရှင်ခွဲရုံးက အကြောင်းကြားစာ ပို့ထားခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment