ရန်ကုန်၊ မတ် ၃၁။ ။ မြန်မာ့ မီဒီယာလောကတွင် အမျိုးသမီး များပါဝင်မှု
ရာခိုင်နှုန်း များသော်လည်း ဆုံးဖြတ်ချက် ချသည့် ရာထူး များတွင်
ပါဝင်မှုမှာလေး ရာခိုင်နှုန်းခန့်သာ ရှိနေသည် ဟုနိုင်ငံတကာ ဂျာနယ်လစ်
ဖက်ဒရေးရှင်းမှ (တောင်အာရှဒေသ) ကျားမရေးရာ အတိုင်ပင်ခံနှင့်
တွဲဖက်ညှိနှိုင်းရေးမှုး မစ္စဒယ်လ် ရုရှီဟမ် အမ်နက်တီက ဆိုသည်။
မစ္စဒယ်လ်ရုရှီဟမ်အမ်နက်တီက ''မီဒီယာကို စိတ်ဝင်စားပါဝင် လုပ်ကိုင်သူ အမျိုးသမီးတွေ များစွာရှိပေမယ့် သူတို့တွေဟာ ဓလေ့ ထုံးစံနဲ့၊ ကျား၊ မ ကန့်သတ်မှု အမျိုးမျိုးတွေကြောင့် ရာထူးအမြင့် အပိုင်း ကိုရောက်ရှိမှု နည်းပါးတာ ကိုတွေ့ရှိခဲ့တယ် ”ဟု ဆိုသည်။
မြန်မာမီဒီယာ အင်စတီကျုတွင် မတ်လ၃၁ရက်ကပြုလုပ်သည့်gender in the Myanmar media landscape စာတမ်းစာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းကပြော ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ဂျာနယ်လစ်ဖက်ဒရေးရှင်း (တောင်အာရှဒေသ)၊ ဆွီဒင်မှ FOJO မီဒီယာ အင်စတီကျုနှင့်မြန်မာနိုင်ငံမှ rainfall ကျားမရေးရာ သုတေသန အဖွဲ့တို့ ပူးပေါင်း ၍မြန်မာ့ မီဒီယာလောကတွင် ကျားမ ကွဲပြားမှုလျော့ ပါးစေရန် ရည်ရွယ်ကာ ကျားမရေးရာ ကိုယ်စားပြုမှု ဆန်းစစ်လေ့လာ ချက်ကို ၂၀၁၄ခုနှစ် စက် တင်ဘာ မှနိုဝင်ဘာ အထိ သုံးလကြာပြု လုပ်ခဲ့ပြီး အထက်ပါ စာတမ်း ကိုပြုစုခဲ့ခြင်းဖြစ်သည်။
ယင်းသုံးလ အတွင်း မီဒီယာနယ်ပယ်ရှိ ကျား၊မ၁၄၈ ဦးကိုမေးခွန်း ၇၈ ခုမေး၍ စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။ စာတမ်းအရမြန်မာ့ မီဒီယာ ကဏ္ဍတွင် အမျိုး သမီး ပါဝင်မှုမှာ ၅၄ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ဂျာနယ် လစ်များ၏ လုပ်ငန်းခွင် အတွင်း လိင်မညီမျှ မှုကြောင့် ခွဲခြား ဆက်ဆံ ခံရမှုများ ကိုခေါင်းစဉ်ခြောက်ခု ခွဲ၍ဖော်ပြ ထားပြီး ယင်းဖော်ပြချက်တွင် စိတ်ကြိုက် သတင်းနယ်ပယ်ရွေး ချယ်နိုင်မှု နည်းပါးကြောင်း၊ နည်းပညာ ကဏ္ဍနှင့်နိုင်ငံရေး ဆန်းစစ်လေ့လာသူ နယ် ပယ်တွင် အင်အားအနည်းဆုံးဖြစ်နေကြောင်းဆိုသည်။
မီဒီယာနယ်ပယ်ရှိ အမျိုးသမီးများ အတွက် အခက်ခဲဆုံး ကိစ္စမှာ မီးဖွား ပြီးနောက် လုပ်ငန်း ခွင်ပြန် လည်ဝင်ရောက်ရေးဖြစ် သည်ဟုဖော်ပြ ထားသည်။ အများ စုသော အမျိုးသမီးဂျာနယ်လစ်များမှာ မီးဖွားရန်ပြင်ဆင် ချိန်တွင် အလုပ်ရပ်နား လိုက်ရခြင်း၊ မီးဖွားပြီး၍ မီဒီယာ နယ်ပယ် တွင်ပြန်လည် လုပ်ကိုင်ပါ ကလည်း မူလရာထူးတွင် ပြန်လည်ရရှိရန် မလွယ်ကူ၍ အစမှပြန်လည် လုပ်ကိုင် ရခြင်း၊ မိသားစုက မီဒီယာ လုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် အားပေးကူညီမှု မရှိခြင်း တို့ကြောင့် မီဒီယာ နယ်ပယ်၏ ဆုံးဖြတ် ချက်ချ သူနေရာ တွင်ရောက်ရှိရန် ခက်ခဲနေ ကြသည် ဟုဖော်ပြ ထားသည်။
FOJO မီဒီယာအင်စတီကျုမှ မစ္စအက်နိတာဆိုတာ ဘက်ဂျေကော့ဆင်က “ ဆွီဒင်နိုင်ငံရဲ့ သတင်းလောကမှာ ဆိုရင်တော့ လူထုဆက်ဆံရေး မီဒီယာတွေမှာ အမျိုးသမီးတွေက ထိပ်ပိုင်းရာထူးတွေ ရနေကြပါတယ်။ ဒါက ကလေးမီးဖွားမှုနဲ့ ပတ်သက်ပြီး လုပ်ငန်း ခွင်ဆိုင်ရာ ဥပဒေတွေကို လွှတ်တော် ကသေချာပြဋ္ဌာန်း ထားလို့ဖြစ် တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် အမတွင်းရှိ အမျိုးသမီး များ၏ မီးဖွားမှု အပေါ် မီးဖွားခွင့်ဟူ၍ ခွင့်သတ် မှတ်ပြဋ္ဌာန်းထား မှုရှိသော်လည်း လက်ရှိတွင် အစိုးရဌာန ဆိုင်ရာဝန်ထမ်း များသာလျှင် တန်းတူညီမျှ ခံစားခွင့် ရှိနေပြီး ပုဂ္ဂလိက လုပ်ငန်းများတွင် မီးဖွားခွင့်ရရှိမှုမှာ မတူညီဘဲ မီးဖွားခွင့် ရရှိသော လုပ်ငန်းရှိ သကဲ့သို့ မရသောလုပ်ငန်းများလည်း ရှိနေသည်။ အထူးသဖြင့် သတင်းဌာနများတွင် မီးဖွားခွင့်ရရှိမှု နည်းပါးနေသည်ဟု အဆိုပါစာတမ်း တွင်ဖော်ပြ ထားသည်။
Rainfall ကျားမရေးရာ သုတေသနအဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သည့် မပျိုးလက်ဟန်က “ မီးဖွားခွင့်ကို အစိုးရ ဌာနတွေ မှာရရင် ကျန်တဲ့ ပုဂ္ဂလိက ဌာနတွေမှာ လည်း ရသင့် ပါတယ်။ ဒီလိုရ ဖို့အတွက် လူမှုဖူလုံရေး ဥပဒေ ကိုသေချာ သက်ဝင်စေဖို့ လိုတယ်။ ဒီအတွက်ပေါ် လစီတွေ တိတိကျကျ ချမှတ် လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။
မီဒီယာနယ်ပယ်၏ ဆုံးဖြတ်ချက်ချသူနေရာတွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းများလာစေရေးအတွက် အသိပညာပေးမှု များဆောင် ရွက်ပေးရန် လိုအပ်နေပြီး လက်ရှိတွင်မြန်မာ အမျိုးသမီး ဂျာနယ်လစ် များသည် ကျားမရေးရာ တန်းတူညီ မျှမှုဆိုင်ရာ အသိပညာ (Gender)နှင့် လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်ခံရမှု ပုံစံအ မျိုးမျိုး ရှိခြင်းနှင့် ယင်းမှ ကာကွယ်ခြင်းဆိုင်ရာ အသိပညာရရှိမှုတွင် အားနည်းနေသေးကြောင်းဖော်ပြ ထားသည်။
Credit - Mizzima News
No comments:
Post a Comment