Saturday, April 4, 2015

မီတာခ ကျဆင်းရေး ဆန္ဒပြခဲ့သူ ကိုတင်ထွဋ်ပိုင်ထောင် သုံးလချခံရ

ရန်ကုန်၊ ဧပြီ ၃။      ။မီတာခ ကျဆင်းရေးအတွက် ဆန္ဒပြခဲ့သည့် Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်ကို အလုံမြို့နယ်တရားရုံးမှ ဧပြီ ၄ရက်တွင်ထောင် ဒဏ် (၃)လ ချမှတ်လိုက်သည်ဟု Generation Youth အဖွဲ့မှ ကိုမင်းနေထူးက မဇ္ဈွိမကိုပြောသည်။

000001candle-light-for-high-electric-rate-in-Mandaly-3



"ဟုတ်တယ် ဒီနေ့မနက် (၁၁)နာရီမှာအမိန့်ချလိုက်တယ်။ ပုဒ်မ (၁၈) ကျူးလွန်းလို့အလုပ်နဲ့ထောင်ဒဏ် ၃လချလိုက်တယ်။အင်းစိန်ထောင်မှာပါ"ဟု ၎င်းကပြော သည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ မီတာခ များဈေးတက် မည်ဆို၍ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်တွင် မြေနီကုန်းမှ အလုံမြို့နယ် လျှပ်စစ်ဓါတ် အားပေးရုံးရှေ့ အထိ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဆန္ဒပြရာတွင် ခွင့်ပြုချက်မ ယူသည့်အတွက် အလုံမြို့နယ် ရဲစခန်းမှစခန်းမှူးက တရားလိုပြု၍ ပုဒ်မ ၁၈ဖြင့်အ မှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒဖော် ထုတ်ပွဲတွင် မီတာခ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ထားပေးရန်၊ တစ်နိုင်ငံလုံး  လျှပ်စစ်မီး ရရှိရေးနှင့်ပြည်သူ  လူထု၏ ဆန္ဒအတိုင်း အလေး ထားဆောင် ရွက်ပေးရန် တို့ကိုတောင်း ဆိုခဲ့သည်။

အဆိုပါဆန္ဒပြပွဲကို Generation Wave၊ လူ့ဘောင်သစ်လူငယ်အဖွဲ့၊ ဒီမိုကရေစီ အင်အားစုအဖွဲ့များနှင့် အတူ အခြားအဖွဲ့အစည်းများ စုစုပေါင်း ဆန္ဒပြခဲ့ သည်။

မန္တလေးမြို့တွင်လည်း ၂၀၁၄ခုနှစ် မတ်လက မီတာခလျှော့ချရေးအတွက် ဆန္ဒပြသူ လေးဦးကို ဆန္ဒပြအပြီး တစ်နှစ်အကြာတွင် ပုဒ်မ ၁၈ဖြင့်ထောင် သုံးလ အ မိန့်ချခဲ့သေးသည်။

Credit - Mizzima News

No comments:

Post a Comment