Wednesday, April 1, 2015

“ငြိမ်းချမ်းရေး အတွက် ဘာလိုသေးလဲ”

Written by  စည်သူအောင်မြင့်

အခုဆိုရင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး  လုပ်ငန်းကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ ကိုယ်စား လှယ်တွေ စုပေါင်း ထားတဲ့ NCCT တို့ဟာ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းတစ်စောင်ကို အပြီးသတ် ညှိနှိုင်း သဘောတူ၊ သမ္မတ ဦးသိန်းစိန်ရှေ့မှာ လက်မှတ်ထိုးနိုင် ခဲ့ကြပါပြီ။

ဒါဟာ တကယ်   အပစ်ရပ်စာချုပ် NCA (Nationwide Ceasefire Agreement)   လက်မှတ်   ထိုးနိုင် ဖို့အတွက်   ပမာဏ သဘော   တူညီချက်  လက်မှတ်ထိုး တာဖြစ်သလို ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ပထမခြေလှမ်းလို့ လည်းခေါ်နိုင်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လက်နက်ကိုင် တိုင်းရင်း သားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဘယ်လောက် ခရီးရောက် ခဲ့ပြီလဲ၊
ဘာပြသနာတွေ ရှိနေသလဲ၊ ငြိမ်းချမ်းရေး အတွက် ဘာတွေလုပ် ကိုင်ဆောင်ရွက် ဖို့လိုဦးမ လဲဆိုတာ ဒီကနေ့ဆွေးနွေး သုံးသပ်ကြည့် ကြရအောင်။

လက်ရှိနှစ်ဘက် ကိုယ်စားလှယ်တွေ သဘော တူညီချက်ရတဲ့ NCA  မူကြမ်းမှာ အခန်းပေါင်း ခုနစ်ခန်း၊ စာပိုဒ်ပေါင်း (၃၃) ပိုဒ်၊ စာပိုဒ်ခွဲပေါင်း (၈၆) ပိုဒ် ပါဝင်ပါ တယ်။ စာချုပ်မူကြမ်းကို သဘော တူညီချက် ရပြီးနောက်ပိုင်း NCCT ဘက်က အဲဒီရလဒ်ကို လက်နက်ကိုင် တိုင်းရင်း သားခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာ ခံမှာတင်ပြ၊ အတည်ပြုချက် ရယူရဦးမှာဖြစ်ပါတယ်။ အဲဒီထိပ်သီးခေါင်းဆောင်တွေရဲ့ အတည်ပြုချက် ရပြီးနောက်မှသာ တကယ့်လက်မှတ်ရေး ထိုးပွဲကြီးကျင်း ပနိုင်မှာပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ် ကိုပြန်သုံး သပ်ကြည့်ရင် အားသာချက်တွေရော၊ အားနည်းချက်တွေ ကိုပါတွေ့ရမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တက်လာပြီး သိပ်မကြာခင် (၁၇)နှစ်လောက် အပစ်အခတ် ရပ်စဲထား တဲ့ကေအိုင်အို အဖွဲ့နဲ့ တိုက်ပွဲတွေပြန်ဖြစ် ပါတယ်။

အလွန်ပြင်း ထန်တဲ့ တိုက်ပွဲကြီးတွေဖြစ် ပွားခဲ့ပြီးလေကြောင်း  တိုက်ခိုက်  မှုတွေတောင်  ပါဝင်  ခဲ့ပါတယ်။  တိုက်ပွဲကြောင့်ဒေသ  ခံပြည်သူတွေနေ  ရပ်စွန့်ခွာ ထွက်ပြေး ပြီးဒုက္ခသည်   စခန်းတွေမှာ ခိုလှုံရတာဟာ ၇သောင်း ၈သောင်း အထိ ရှိခဲ့တယ်လို့  ခန့်မှန်း ကြပါတယ်။   အဲဒီ ဒုက္ခ သည်တွေဟာ  စစ်ပွဲပြန်ဖြစ်တာ သုံးနှစ်ကျော်လေးနှစ် ထဲဝင်လာတဲ့  ဒီကနေ့   အချိန်ထိ  ကိုယ့်ရပ် ကိုယ့်ရွာ   မပြန်နိုင်ကြသေး  ပါဘူး။ကေအိုင်အိုနဲ့    တပ်မတော် တိုက်ပွဲတွေပြန်ဖြစ် ပွားပြီးမှ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်း စတင်ခဲ့တာပါ။

သမ္မတဦးသိန်းစိန်အနေနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်လျှောက် လှမ်းချင်ရင် တိုင်းပြည် တည်ငြိမ်အေးချမ်း ဖို့လိုတယ်၊ ဒီအတွက် လက်နက် ကိုင်တိုင်းရင်း သားတွေနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲ ရပ်ဆိုင်းဖို့လိုတယ်ဆိုတာ နားလည် လာကြပုံရပါတယ်။ ဒီလိုနည်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ လုပ် ငန်းကော်မတီဖွဲ့စည်း၊ အဓိကအားဖြင့် ဝန်ကြီး ဦးအောင်မင်း ကိုဦးဆောင်စေ၊ ငြိမ်းချမ်းရေး စင်တာကို ဖွဲ့စည်း ကူညီစေပြီး အကောင် အထည်ဖော်ခဲ့ တာဖြစ် ပါတယ်။

ပထမခြေလှမ်းအနေနဲ့ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာတွေ၊နောက်တစ်ဆင့်ပြည်ထောင်စုအဆင့် လက်မှတ်ထိုး တာတွေလုပ်ပါတယ်။ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းကော်မတီရဲ့ ကမ်းလှမ်းချက် ကတော့ပထမ အဆင့် တစ်တိုင်းပြည် လုံးဆိုင်ရာ  အပစ်ရပ် စာချုပ်ကြီး လက်မှတ်ထိုး ကြမယ်၊နောက် တစ်ဆင့်နိုင်ငံရေးဆွေးနွေး ပွဲကြီးတစ်ခု ကျင်းပဖို့ မူဘောင်ရေး ဆွဲမယ်။

အဲဒီ မူဘောင်ဆွေးနွေး ပွဲရလဒ်ကို မူတည်  ပြီးနိုင်ငံရေးဆွေးနွေး  ပွဲကြီး  လုပ်မယ်။  အဲလိုနိုင်ငံရေးဆွေးနွေးပွဲမှာ  သဘော တူညီချက် တစ်စုံတစ်ရာ မရမချင်း တိုင်းရင်းသားတွေ အနေနဲ့ကိုယ့် လက်နက်ကိုယ် ကိုင်ထားနိုင်တယ်၊ လက်နက်ချဖို့ မပြောဘူး။ လက်နက်ဖြုတ်ဖို့ မတောင်းဆိုဘူး ဆိုတာပါပဲ။

ဒီလုပ်ငန်းစဉ် အကောင် အထည်ဖော်တဲ့  ကာလ  တစ်လျှောက်လုံး  အစိုးရငြိမ်း  ချမ်းရေးဖော်ဆောင်ရေး  လုပ်ငန်းကော်မ တီခေါင်းဆောင်တွေဟာ တိုင်းရင်း သားတွေ အဆိုပြု  တဲ့နေရာတွေကို  သွားဆွေးနွေးသလို  တိုင်းရင်းသားခေါင်းဆောင်တွေ   ကိုနေပြည်တော်  အထိဖိတ်ခေါ်၊ သမ္မတ အပါအဝင်  အစိုးရအဖွဲ့  တပ်မတော်ခေါင်းဆောင်တွေ  နဲ့တွေ့ဆုံ  စကားပြော  ဆိုနိုင်အောင် စီစဉ်ပေး တာတွေလည်း လုပ်ခဲ့ ပါတယ်။

ထူးခြားတာတွေကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေ အစိုးရ ထိန်းချုပ်နယ်မြေထဲက သူတို့ တိုင်းရင်း သားပြည်သူ လူထုနဲ့ ထိတွေ့ခွင့်၊ အစည်းအဝေးတွေ လုပ်ခွင့်ပေး ခဲ့သလို၊ လက်နက်ကိုင် တိုင်းရင်း သားခေါင်းဆောင်တွေ အချင်းချင်းတွေ့ဆုံ အစည်းအဝေး လုပ်နိုင်အောင် အဘက်ဘက်က အကူအညီပေး ခဲ့ခြင်းပါ။

ပြောရရင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းကော်မတီရဲ့ ငြိမ်းချမ်းရေး အတွက် ချဉ်းကပ်မှုဟာ အရင်စစ် အစိုးရ အဆက်ဆက်က ချဉ်းကပ်ခဲ့ ပုံမျိုးနဲ့မ တူ ကွဲပြားခြားနားပြီး ငြိမ်းချမ်းရေး ကိုတကယ် လိုလားတဲ့ ချဉ်းကပ် လိုက်လျော မှုမျိုးဖြစ် တာကြောင့် အစပထမပိုင်း မှာအောင်မြင်မှုတွေ ရခဲ့ပါတယ်။

ဒါပေမဲ့လောလော လတ်လတ် စစ်ပွဲဒဏ်ခံ လိုက်ရ တဲ့ကေအိုင်အို လိုအဖွဲ့မျိုးရဲ့ ယုံကြည်မှု ကိုတော့ မရခဲ့ပါဘူး။ ဒီအတွက်ကေ အိုင်အိုဟာ အစိုးရ ဘက်က ကမ်း လှမ်းတဲ့ အစီအစဉ် အစား စစ်ပွဲတွေဖြစ် ရတာဟာနိုင် ငံရေးကြောင့်ဖြစ်ရ တာ၊နိုင်ငံရေးဆွေးနွေး ပွဲတွေ စရအောင်၊နိုင်ငံရေးဆွေးနွေး လို့ပြေလည် သွား ပြီဆိုရင် ပစ်ခတ် တိုက်ခိုက် မှုတွေကလည်း သူ့အလိုလို ရပ်ဆိုင်း သွားမယ်၊ ဒါကြောင့် လတ်တလော အပစ်ရပ်ဖို့ မလိုဘူးဆိုတဲ့ သဘောထား ရပ်ခံခဲ့ ပါတယ်။ လက်ရှိ ကာလ လက်နက်ကိုင် တိုင်းရင်းသားတွေ  စုဖွဲ့ထားတဲ့ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်  တပ်ပေါင်းစု အဖွဲ့ကြီး မှာကေ အိုင်အို ကခေါင်းဆောင်ဖြစ်နေလေတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအပေါ် သူ့ရဲ့ သြဇာ ကြီးနေပြီးနှစ် ဘက်ညှိနှိုင်း ရခက်တဲ့ အနေ အထားရောက် ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အစိုးရကိုနှစ်ပေါင်း ၆၀ကျော်မရပ်မနား တိုက်ပွဲဝင် လာပြီး လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို လက်လည်း လက်ခံ၊ ငြိမ်းချမ်းရေး ကိုလည်း တကယ်လို လားတောင့် တတဲ့ကေအဲန် ယူခေါင်းဆောင်တွေရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်း မှုတွေကြောင့်ကေအိုင် အိုရဲ့ နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်ရပ် မယ်ဆိုတဲ့ အယူအဆအစား၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ထဲ မှာနိုင်ငံရေး ဆိုင်ရာ ကတိက ဝတ်တချို့ ထည့်သွင်း တဲ့နည်း နဲ့ဆွေးနွေး မှုတွေပြန် အသက်ဝင် လာတာဖြစ်ပါတယ်။

တစ်ဘက်မှာ အပစ်ရပ် စာချုပ်တစ်ခုရဖို့ နှစ်ဘက် အသည်းအသန် ဆွေးနွေးနေကြပေမယ့် လက်ရှိ ကိုးကန့်ဒေသမှာ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ် ပွားနေပြီး ရခိုင်ပြည်နယ်ဘက် မှာတောင် တိုက်ပွဲဖြစ်တဲ့ သတင်းတွေ ထွက်ပေါ် လာပြန်ပါတယ်။ အဲဒီလို အခြေအနေအောက်မှာ NCA စာချုပ်ကိုနှစ်ဖက် သဘော တူညီမှု ရခဲ့ကြတာပါ။  ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စာချုပ်တစ် ခုသဘော တူညီချက် ရအောင်ဆွေးနွေးနိုင်ခဲ့တဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ UPWC နဲ့ တိုင်းရင်း သားတွေရဲ့ NCCT  အဖွဲ့ရဲ့ ကြိုးပမ်း အားထုတ်မှု ၊အောင်မြင်မှု ကိုတော့ အသိအမှတ်ပြု ချီးကျူး ကြရမှာပါ။

ဒါပေမယ့် အပစ်ရပ်စာချုပ်ကြီးကို တကယ်လက်မှတ်ရေးထိုးနိုင်ဖို့၊ ရေရှည် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး ရဖို့ အတွက်ဆိုရင်တော့နှစ် ဘက်စလုံးကစေတနာ ကို သက်သေပြ ဖို့တော့လိုနေ ပါသေးတယ်။ အစိုးရဘက် ကဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကတိပေးထား တဲ့အတိုင်း လုပ်ပြဖို့ လိုနေပါတယ်။

ကိုးကန့်လိုဒေသနဲ့ ကချင်ပြည်နယ်မှာ အကြီးအကျယ် စစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းဖို့ လိုပါတယ်။ကေအိုင်အိုလို အဖွဲ့ကြီးဘက် ကလည်း ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆိုတာဟာ ရေရှည် အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်။ကြားကာလမှာတိုင်းရင်းသားပြည်သူ အားလုံး အတွက် ပစ်ခတ်တိုက်ခိုက်မှု မရှိတဲ့၊စစ်ပွဲ မရှိတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခု ဖန်တီးထားဖို့ လိုတယ်ဆိုတဲ့ အယူအဆကို လက်ခံဖို့ လိုပါတယ်။

နှစ်ဘက်စလုံးက အဲလို တိုင်းရင်း သားတွေ အပေါ်၊ပြည်သူတွေ အပေါ် စေတနာ ပြသနိုင်မှသာလျှင် အပစ်ရပ် စာချုပ်  လက်မှတ်ရေး ထိုးနိုင် ၊နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ့် အခြေ အနေ ကိုရောက်လာ မှာဖြစ်ပါကြောင်း သုံးသပ် တင်ပြ လိုက်ရပါတယ်။

Credit - Mizzima News

No comments:

Post a Comment