Wednesday, April 1, 2015

ယမ်းပြု လုပ်ရာတွင် သုံးသည့် ပစ္စည်းများ သိုလှောင်ထားသူ ၁၀ ဦးအနက် ငါးဦးကို ရုံးထုတ်စစ်ဆေး

ရန်ကုန် ဧပြီ ၁။    ။ ယမ်းပြုလုပ်ရာတွင် သုံးသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ သိုလှောင်ထားသည့်အတွက် ဖမ်းဆီး ခံထားရသူ ၁၀ ဦးအနက် ငါးဦးကို ဧပြီ ၁ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၃) ရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်အတွင်းရှိ နေအိမ် တစ်အိမ်မှ ယမ်းပြု လုပ်ရာတွင် အသုံးပြုသည့် ပိုတက် ဆီယမ်နိုက် တရိတ်   အမှုန့် ၁၈၂ အိတ်၊ ၄၅၅၀   ကီလို ဂရမ်ခန့် သိမ်းဆည်း ရမိခဲ့ သဖြင့် အမှတ် (၁) တပ်မတော် စစ်ဘက်ရေး ရာလုံခြုံရေး အကူတပ် မှဗိုလ် မှူးကျော်ဇောအောင်က တရားလိုပြုတိုင်တန်း ခဲ့ခြင်းဖြစ်သည်ဟု တာမွေ မြို့မရဲစခန်းက ရဲအရာ ရှိတစ်ဦး ကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းသိုလှောင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိသူ ဦးမောင်မောင်လွင် အပါအ၀င် ၁၀ဦးကိုစစ်ဆေးခဲ့ရာ အဆိုပါ ၁၀ ဦးတွင် ပါဝင်သည့် လူများသည် အခြားပြစ် မှုများနှင့်လည်း ညှိစွန်းနေသည့် အတွက်ပြစ်မှုပုဒ်မ အသီးသီးနှင့် သက်ဆိုင်ရာ တရားရုံး များတွင် တရားစွဲ ဆိုတင် ပို့ထားခြင်းဖြစ် သည်ဟု မှုခင်းရဲ တပ်ဖွဲ့ (CID) မှရဲအရာ ရှိတစ်ဦး ကပြောသည်။

ဧပြီ ၁ ရက်တွင် အဆိုပါ ၁၀ဦးအနက် ဦးမောင်မောင်လွင် အပါအ၀င် ငါးဦး ကို အရှေ့ ပိုင်းခရိုင် တရားရုံးတွင် ၁၉၀၈ပေါက်ကွဲစေ တတ်သော ၀တ္ထုပစ္စည်း များ အက်ဥပဒေပုဒ်မ ၃ ဖြင့်ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုဗိုလ်မှူးကျော်ဇောအောင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက " ဒီနေ့တရားလိုဗိုလ်မှူးကို စစ်ဆေးခြင်းဖြစ်ပါတယ်၊ ဧပြီ ၈ ရက်မှာရုံး ချိန်းချိန်း ဆိုထားပြီး တရားလိုကို ပဲထပ် မံစစ်ဆေး သွားမှာပါ။ " ဟုပြောသည်။

မှုခင်းရဲတပ်ဖွဲ့(CID) မှရဲအရာရှိတစ်ဦးက " ဖမ်းဆီးရမိတဲ့ ၁၀ ဦးထဲကလူတွေဟာပြစ်မှုဥပဒေပုဒ်မအမျိုးမျိုးနဲ့ ညှိစွန်းနေတာကြောင့် အမှုနဲ့ညှိစွန်းနေ တဲ့သူတွေ ကို သက်ဆိုင်ရာ တရားရုံးတွေ မှာရုံးထုတ် စစ်ဆေးနေတာပါ၊ တာမွေမြို့နယ် တရားရုံးမှာဆို သူတို့အဖွဲ့ထဲ ကတည်ဆဲ ဥပဒေပုဒ်မတွေနဲ့ တရားစွဲ ထားတာ ငါး မှုရှိပါတယ်။ " ဟုပြောသည်။

အဆိုပါ ၁၀ ဦးထဲမှ အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည) ဖြင့် ၈ ဦး၊ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ ဖြင့် ၅ ဦး၊ ၁၉၀၈ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၅ ဦး၊ ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေးနှင့်(လတ် တလောပြ ဌာန်းချက်) အက်ဥပဒေ ပုဒ်မ ၃(၂)/၁၃(၁) ဖြင့် ၅ ဦး၊ မူးယစ် ပုဒ်မဖြင့် တစ်ဦး အသီးသီး တရားစွဲဆို တင်ပို့ထားပြီး၊ တာမွေမြို့နယ်တရားရုံးတွင် အပတ် စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၁၀ ဦးစလုံးကိုရုံးထုတ်၍ ၎င်းတို့နှင့်သက်ဆိုင်သည့် ပုဒ်မများဖြင့် စစ်ဆေး လျက်ရှိကာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်စစ်ဆေးနေ သည့် အမှုမှာစွဲချင်တင်ရန်သင့်၊ မသင့် အမိန့်ချရန် အဆင့် သို့ရောက် ရှိနေပြီး အခြားအမှုများမှာ တရားလို စစ်ဆေနေ သည့်အဆင့် သာရှိသေး သည်ဟု မှုခင်းရဲတပ်ဖွဲ့ (CID) မှရဲအရာရှိ တစ်ဦးကဆိုသည်။

အဆိုပါ ၁၀ ဦးအနက်မှ ဦးမောင်မောင်လွင်ဆိုသူမှာ တောင်ပိုင်းခရိုင်တရားရုံးတွင်လည်း မူးယစ်ပုဒ်မဖြင့်အမှုရင်ဆိုင်နေရပြီး အမှုကိုဧပြီ ၂ ရက်တွင် အဆိုပါ တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ချိန်းဆို ထားသည်။


Credit - Mizzima News

No comments:

Post a Comment