Monday, March 30, 2015

မြန်မာ့မီဒီယာ နယ်ပယ်တွင် အမျိုးသမီးများသတင်းထောက်များအခွင့်အရေးအတွက် သမဂ္ဂဖွဲ့စည်းရန် လိုဟုဆို

ရန်ကုန် မတ် ၃၀။       ။ မြန်မာ့မီဒီယာ နယ်ပယ်တွင်  အမျိုးသမီးများ၏ အခွင့်အရေးကို အသိပေးရန် လိုအပ်နေပြီး  အမျိုးသမီး မီဒီယာ သမဂ္ဂများ ဖွဲ့စည်းရန်  လိုအပ်သည် ဟုနိုင်ငံတကာ မီဒီယာအထောက်အပံ့ - IMS မှ ကျားမရေးရာ အတိုင်ပင်ခံနှင့် တွဲဖက် ညှိနှိုင်းရေးမှူး မစ္စဒယ်လ်ရုရှီဟမ် အမ်နက်တီက ဆိုသည်။

မစ္စဒယ်လ်ရုရှီဟမ်    အမ်နက်တီက "Gender (ကျားမ တန်းတူ ညီမျှမှု)ဆိုတာ အင်မတန်   အရေး ကြီးပေမယ့်   သတင်း ဌာနတွေရဲ့  အလုပ်ခန်းတွေ မှာရော၊ သတင်းဖော်ပြတဲ့ အခါမှာရော ဒါက  အားအနည်း  ဆုံးဖြစ်နေတယ်။ ဒါကြောင့် အမျိုးသမီး မီဒီယာ သမဂ္ဂဆိုတာကို ဖွဲ့စည်းသင့်တယ်။
အမျိုးသားတွေ ကလည်း ကျားမတန်းတူညီမျှမှုကို မူအားဖြင့် လက်ခံသလို ရှိပေမယ့် လက်တွေ့ ပါဝင်မှုမှာ အားနည်းတယ်” ဟုဆိုသည်။

ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် မတ် ၃၀ရက် ကပြုလုပ်သည့် Gender in the Myanmar Media Landscape စာတမ်း မိတ်ဆက်ပွဲတွင် ၎င်းကပြော ခဲ့ခြင်းဖြစ် သည်။

အဆိုပါစာတမ်း ကိုနိုင်ငံတကာ သတင်းထောက်များ အထောက်အပံ့-IMS အဖွဲ့အစည်း(တောင်အာရှဒေသ)က သုတေသနဆိုင်ရာ နည်းပညာနှင့် အခြားသော လိုအပ်သည်များ ပံ့ပိုးပေးပြီး ဆွီဒင်နိုင်ငံ ဖိုဂျိုမီဒီယာ အင်စတီကျမှ ဦးဆောင်၍မြန်မာနိုင်ငံမှ Rain Fall ကျားမရေးရ သုတေသန အဖွဲ့နှင့် ပူးပေါင်းကာမြန်မာ့ မီဒီယာနယ်ပယ်မှအမျိုးသား အမျိုးသမီး စုစုပေါင်း၁၄၈ဦးကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှနိုဝင်ဘာလ အထိ သုတေသနလုပ်ကာ စစ်တမ်းကောက်  ခဲ့ခြင်းဖြစ် သည်။ အဆိုပါ သုတေသန လုပ်ငန်းစဉ်တွင် ရန်ကုန်၊ မန္တလေး၊ ကယားပြည်နယ်၊ မွန်ပြည် နယ်နှင့် မကွေးတိုင်းတို့ရှိ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများကို ၎င်းတို့ ၏ လုပ်ငန်းခွင်ရှိ ကျား၊မရေးရာ နှင့် စပ်ဆက်သောမေးခွန်း ၇၈ခုမေးကာ သုတေသနပြုခဲ့သည်။

မီဒီယာလုပ်ငန်းဌာနများတွင် ကျား၊မရေးရာနှင့် ဆပ်စပ်သော ပြဿနာများအပေါ် အာရုံစိုက်မှု အားနည်းနေပြီး၊ ကျားမရေးရာကော်မတီ၊ တိုင်ကြားရေးဌာန များ ကဲ့သို့ ယန္တရားများလို အပ်နေ သည်။ ယင်းအပြင် အမျိုးသမီးများမှာ  မီဒီယာလောကတွင် အရေအတွက် အားဖြင့် ကိုယ်စားပြုမှုများ ပြားနေသော်လည်း အုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်ချ သူနေရာ၌မူ အရည် အတွက်နည်း ပါးနေသည်။

စာတမ်းမိတ်ဆက်ပွဲသို့ လာရောက်သည့် အလွတ်တန်း သတင်းထောက် မတင်ဇာဇော်က “အမျိုးသမီး ဆိုတော့ လုံခြုံရေးပိုင်းမှာ ဂရုစိုက်ပေးရတော့ ဒါကို တာ ဝန်ပိုတယ် ထင်ကြတယ်။ သဘာဝအရ မီးဖွားလို့ လုပ်ငန်းခွင်ကနားရတယ်။ မီးဖွားပြီးရင် အလုပ်သစ်ပြန် စရပြန်ရော ဒါတွေကလည်း ရာထူးတိုးဖို့ ခက်ခဲစေတဲ့ အကြောင်းတွေဖြစ်နေတယ်။ တကယ်က အမျိုးသမီး မီဒီယာသမားတွေ ကလည်း အမျိုးသားတွေနဲ့ အရည်အသွေး တန်းတူပါပဲ။” ဟုဆိုသည်။

ယင်းစာ တမ်းသည် မြန်မာ့ မီဒီယာလောကတွင် ပထမဆုံးသော ကျား၊မရေးရာ သုတေသန စာတမ်းဖြစ်ပြီး ယင်းစာတမ်းပါ ဆန်းစစ် ချက်များ ကိုမြန်မာဂျာ နယ်လစ်ဇင် အင်စတီကျူ (MJI)၏ ပညာရေး အစီအစဉ်များ အတွက် ဗျူဟာချမှတ်ရာ နှင့် သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း အသုံးပြုသွားမည်ဟုဆိုသည်။


Credit - Mizzima News

No comments:

Post a Comment