Wednesday, April 1, 2015

ထိုင်းမင်းသမီး သီရိဒုံ အသက် ၆၀ပြည့်မွေးနေ့တွင် ထောင်သား ၃၈၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ထိုင်းမင်းသမီး မဟာချက်ကရီသီရိဒုံ၏ ဧပြီ ၂ရက်နေ့တွင် ကျရောက်သည့် အသက် ၆၀ပြည့် မွေးနေ့အခါသမယတွင် အကျဉ်းသား ၃၈၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ပြီး အကျဉ်းသား ၁၄၀၀၀၀ကိုလည်း အပြစ်ဒဏ် လျှော့ပေးမည်ဖြစ်သည်။

MahaChakriSirindhorn ST 0



တော်ဝင်အမိန့်ပြန်တမ်းကို မတ် ၃၀ရက်က ထုတ်ခဲ့ခြင်းဖြစ်ရာ ယင်းအမိန့်အရ အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ပြစ်ဒဏ်လျှော့ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်။

ယင်းအမိန့်အရ ပြစ်ဒဏ်လျှော့ချခံရသူများတွင် ၂၀၀၁ခုနှစ်အတွင်းက ပြည်နယ်အုပ်ချုပ်ရေးမှူးကို သတ်မှုဖြင့် ထောင်ကျနေသည့် ယခင်စစ်တပ်အရာရှိတစ်ဦးလည်း ပြစ်ဒဏ်လျှော့ပေါ့ခံရမည်ဖြစ်ကြောင်း ပြန်လည်ပြုပြင်ရေးဌာန အကြီးအကဲ ဝိတာရာက သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။

ပြန်လည်လွှတ်ပေးမည့်သူများမှာ ထောင်ဒဏ်တစ်နှစ်သာ ကျန်ရှိသူများ၊ နှစ်နှစ်အောက်ကျန်ရှိပြီး ထောင်တွင်းကောင်းမွန်စွာနေထိုင်သူ အသက် ၇၀ကျော်သူများနှင့် သုံးနှစ်ထောင်ဒဏ်ကျန်ရှိသေးသည့် အသက် ၆၀အထက်သူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ဝိတာရာက ပြောသည်။

ပြင်းပြင်းထန်ထန်နာမကျန်းဖြစ်သူများနှင့် ပထမဆုံးအကြိမ် ထောင်ကျသည့် အသက် ၂၀အောက် အကျဉ်းသူများတွင် အပြစ်ဒဏ်တစ်ဝက်ကျခံပြီးသူများကိုလည်း ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

Ref: asiaone

Credit - Mizzima News

No comments:

Post a Comment