Sunday, March 29, 2015

နယ်မြေမတည်ငြိမ်မှုကြောင့် သင်္ကြန်တွင်းကာလ မူဆယ်၊ မြဝတီဘက်သို့ ခရီးသွားလာမှု ကျဆင်း

ရန်ကုန် (မဇ္ဈိမ)။ ။ နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင်း မူဆယ်၊ မြ၀တီဘက်သို့ ခရီးသွားလာမှုများ လျော့နည်းသွားသည်ဟု ပြည်တွင်း ခရီးသွားလုပ်ငန်းများက ပြောသည်။ သင်္ကြန်တွင်း ခရီးသွားအများစုမှာ လုံခြုံရေးစိုးရိမ်စိတ်ကြောင့် အဆိုပါ ဒေသများသို့ ခရီးသွားလာမှုမရှိဘဲ ထားဝယ်ဒေသသို့ ခရီးသွားလားမှုများ ပိုလာသည်ဟု Golden Star ခရီးသွားလုပ်ငန်းတာဝန်ခံ ဦးဇေယျာက ပြောသည်။


Musal

“တိုက်ခိုက်မှုတွေ ရှိနေတော့ ဒီနှစ်သင်္ကြန်တွင်း ခရီးသွားတွေ မူဆယ်၊ မြ၀တီဘက်ကို သိပ်မသွားတော့ဘူး။ ကျွန်တော်တို့ ခရီးသွားကုမ္ပဏီလည်း ဒီသင်္ကြန်ရက်တွေမှာ အဲဒီခရီးစဉ်တွေ ရပ်နားထားတယ်။ လုံခြံမှုမရှိဘူးလို့ ခံစားနေကြတော့ ဘယ်သူမှသိပ်မသွားတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။

ခရီးသွားအများစုမှာ အဆိုပါဒေသအစား ထားဝယ်ဒေသဘက်သို့ ပြောင်းလဲသွားရောက်လျက်ရှိပြီး ထားဝယ်၊ မြိတ်ဘုရားဖူးအများစုမှာ
ရှင်ကိုရှင်ဘုရား၊ မောင်းမကန်နှင့် ထိုင်းနိုင်ငံ ကန်ချနာပူရီသို့ဆက်သွားကြကြောင်း ခရီးစဉ် အများစုမှာ ၅ ညအိပ် ၆ ရက်ခရီး
သွားလာကြသည်ဟုလည်း အဆိုပါခရီးသွားလုပ်ငန်းက ပြောသည်။

ထားဝယ်မင်သမီး ခရီးသွားလုပ်ငန်း တာဝန်ရှိသူက“မူဆယ်ဘက်ကတော့ ဒီနှစ်အတော်လေး နည်းသွားတယ်။ သွားတဲ့သူလည်းရှိပေမယ့် ထားဝယ်ဘက်သွားတာတော့ များလာတယ်။ ထားဝယ် ရှင်ကိုရှင်ဘုရား နာမည် ကြီးလာတဲ့အတွက် အဒီကိုသွားတဲ့သူ
တော်တော်များတယ်။ အခုတစ်ပတ်ကို ကားသုံးစီးလောက်သွားတယ်။ အရင်ကဆိုရင် တစ်ပတ်တစ်စီး ထွက်တာတောင် ခုံမပြည့်တာတွေရှိခဲ့တယ်” ဟု ဆိုသည်။ ပြည်တွင်းခရီးသွားလုပ်ငန်းများက ယခုနှစ်သင်္ကြန်တွင်း ထားဝယ်၊ မြိတ်ဘက်သို့ ခရီးသွားလာမှု ကားအစီးရေ ၅၀ ထက်မနည်း ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။

ယခုနှစ်ခရီးသွားရာသီ၌ ထားဝယ်မြိတ်ခရီးစဉ်၊ တောင်ကြီးအင်းလေးခရီးစဉ်၊ အထက်မြန်မာပြည် ခရီးစဉ်များနှင့် ချောင်းသာ၊ ငွေဆောင်ခရီးစဉ် သွားလာမှုများ ပိုလာသည်ဟု ပြည်တွင်းခရီးသွား လုပ်ငန်းများက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment