ယင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ Love Bombing Campaign အနုပညာပြပွဲသည် မြန်မာနိုင်ငံ တွင်းရှိ တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းမှုရရှိစေ ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ သိက္ခာမြန်မာဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ မခင်ဇာမော်က မဇ္ဈိမကို ပြောသည်။
၎င်းက “တိုင်းရင်းသား ဘာသာပေါင်းစုံက ကျောင်း သား၊ ကျောင်းသူတွေရဲ့ အနုပညာ လက်ရာတွေလည်း ပါဝင်ပြသသွားမှာပါ။ အပြင်က အနုပညာရှင်တွေ ကိုလည်း သီးသန့်ဖိတ်ကြား ထားတာရှိပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာတွေကိုလည်း ပြသသွားမှာပါ” ဟု ပြောသည်။
ယင်းအနုပညာပြပွဲတွင် တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပြုလုပ်ထားသည့် ငြိမ်းချမ်းရေးဆိုင်ရာဇာတ်လမ်းတို ခြောက် ကား၊ စုပေါင်းရေး သားထားသည့် ကဗျာများ၊ ဓာတ်ပုံ၊ ကာတွန်း၊ ဆောင်းပါး စသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် အနုပညာလက်ရာများ ပြသမည် ဖြစ်သည်။
သိက္ခာမြန်မာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကျောင်းတွင် တက်ရောက်နေသည့် တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၆ ယောက်၏ အနုပညာလက်ရာများကို အဆိုပါ Love Bombing Campaign အနုပညာပြပွဲတွင် ပါဝင်ပြသမည့်အပြင် အခြားသော နာမည်ကြီး အနုပညာရှင်၏ လက်ရာများလည်း ပါဝင်ပြသမည် ဖြစ်သည်။
သိက္ခာမြန်မာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကျောင်းတွင် တိုင်းရင်းသား လူမျိုးများကို လူမှုသိပ္ပံ၊ နိုင်ငံရေး သိပ္ပံအပြင် အခြားသော ဘာသာများကိုလည်း သင်ကြားပေးကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများ တက်ရောက်နေသည်။
Credit - Mizzima News
![]() |
No comments:
Post a Comment