Tuesday, March 31, 2015

ကာချုပ်၏ ငြိမ်းချမ်းရေးမူ ၆ချက် နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း လက်ခံမည်မဟုတ်ဟု NCCTပြော

ရန်ကုန်၊ မတ် ၃၁။    ။ တပ်မတော်က ထုတ်ပြန်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက် ကိုနိုင်ငံရေးဆွေးနွေး ပွဲများတွင် လက်ခံမည် မဟုတ်ကြောင်း တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင်များ ကပြောသည်။

11041670 948536345181271 6334409031002893758 n



"ကာချုပ် ငြိမ်းချမ်းရေးမူ ၆ချက်က NCA မှာ မူလပုံစံအတိုင်းမလာပါဘူး၊ တစ်ချို့က ကွေ့ဝိုက်ပြီးလာတယ်၊နောက်ဆုံးအချက် ၂ချက်လည်း မပါပါဘူး။ အဲဒါတွေ ကိုတိုင်းရင်း သားတွေ ဖက်က လက်မခံထားဘူး" ဟု NCCT ခေါင်းဆောင်နိုင် ဟံသာက မဇ္ဈိမ ကိုပြောသည်။

နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒများကို လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေဖြင့် ဒီမိုကရေစီကို လျောက်လှမ်းမှုတွင် လိုက်ပါ လုပ်ဆောင်ရန် ဟူသည့် အချက် ၂ချက်ပါဝင်သည့်  တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ  ၆ချက်ကို တိုင်းရင်း သားများက လက်ခံထားခြင်းမရှိသည့် အပြင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင်လည်း ထည့်သွင်းမည် မဟုတ်ကြောင်း NCCT မှသိရသည်။

"သဘောထား ရပ်တည် ချက်ဖြစ်လို့ ဘယ်ဟာ ကတော့ ဘယ်လို ဆိုတာကို အသေး စိတ်ဆွေးနွေး တာတော့မပါပါဘူး၊ လိုက်နာရင်တော့ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် ထုတ်ပြန်ထားပါတယ်။ အဲဒီအချက်ကိုတော့ အမြဲတမ်းစွဲကိုင်ထားမှာပါ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မဇ္ဈိမကိုပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့သည့် ၂၀၁၁ခုနှစ် သြဂုတ်လ ၈ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် မူကြမ်းတစ်ရပ် ပေါ်ထွက်ရေးကို လပေါင်း ၁၇ လ တိုင် ဆွေးနွေးခဲ့ရသည်။ ယင်းနောက် သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း လေးနှစ်ပြည့်သည့် မတ်လ ၃၁ရက်တွင် NCA မူကြမ်းကို သဘောတူညီမှု ရရှိ ခဲ့ခြင်းဖြစ်သည်။

"သူတို့ မူသဘောထားကို ကိုင်ထားလို့ရတယ်၊ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အသုံးချလို့မရဘူး၊ ဒါကိုလက်မခံပါဘူး" ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က မဇ္ဈိမကိုပြောသည်။

NCA မူကြမ်းကို တိုင်းရင်းသား     အဖွဲ့များ ကိုယ်စား    ၂၀၁၃ခုနှစ်နိုဝင်ဘာ   တွင်းကျင်းပ သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံမှ ဖွဲ့စည်း ခဲ့သော NCCT က ဦးဆောင်ဆွေးနွေးကာ သဘောတူညီထားမှုများကို အဖွဲ့ဝင်များ မဟုတ်သည့် အဖွဲ့များအပါအ၀င် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၂ ဖွဲ့သို့ ရှင်း လင်းကာ အစိုးရနှင့် ပြန်လည်ညှိနှိုင်းရန် ကျန်ရှိနေသေးသည်။

တပ်မတော် မူ ၆ချက်မပါဝင်သည့် NCA မူကြမ်းကို မေလအတွင်း နေပြည်တော်တွင် အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒရှိကြောင်း မူကြမ်းပါအချက်များ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အဖွင့်မိန့်ခွန်းတွင် ဆိုခဲ့သည်။

လက်ရှိတွင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့နှင့် ပမာဏအပစ်ရပ် လက်မှတ်ရေး ထိုးထားပြီးဖြစ်သည်။

၁၇လ ကြာဆွေးနွေးကာ  အစိုးရ နှင့် အန်စီစီတီ တို့ကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘော တူညီမှု ရရှိခဲ့သည့် အတွက်မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ကြိုဆိုကြောင်း မတ်လ ၃၁ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment