ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားများပါဝင်သည့် အဖွဲ့ဝင်သစ် ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်သည်ဟု သမ္မတလက်မှတ်ဖြင့် ဧပြီ ၃ရက်က ထုတ်ပြန်ကြေငြာလိုက်သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘလှိုင်၊
ဦးဟာကီး၊ ဒေါက်တာ မောင်မောင်ကြည်၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ဒေါက်တာစိုင်းစံဝင်းတို့ ရှစ်ဦးကို ထပ်မံခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ယခုခန့်အပ်လိုက်သူ ရှစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ခန့်အပ်ပေးလိုကြောင်း သမ္မတက ဧပြီ ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လက်ရှိတွင် ဥက္ကဋ္ဌ ၁ ဦးနှင့်အ ဖွဲ့ဝင် ၆ ဦးစုစုပေါင်း ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး ထပ်မံ၍ ၈ ဦးတိုးမြှင့်ကာ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးအား တာဝန်ခံကြီးကြပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဌ ၁ ဦးနှင့် အဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment