ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ပေးရန် ဆန္ဒပြခဲ့သည့် ခေါင်းဆောင်များအနေဖြင့် ပုဂ္ဂိုလ်ရေးအရ
တိုက်ခိုက်ပြောဆိုမှုများ ရှိခဲ့ပါက ခေါ်ယူစစ်ဆေးသွားရန် ရန်ကုန်တိုင်းအစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက
နှုတ်ကတိပေးခဲ့သည်ဟု ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုခံခဲ့ရသူ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။
တိုက်ခိုက်ပြောဆိုမှုများ ရှိခဲ့ပါက ခေါ်ယူစစ်ဆေးသွားရန် ရန်ကုန်တိုင်းအစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက
နှုတ်ကတိပေးခဲ့သည်ဟု ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောဆိုခံခဲ့ရသူ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်မြို့
ပန်းလှိုင်မြစ် တစ်ဖက်ကမ်းရှိ မြို့သစ်စီမံကိန်းအား
အကောင်ထည်ဖော်ဆောင်ပေးရန် ဆန္ဒပြပွဲကို ရန်ကုန်မြို့ ကျိုက္ကဆံ
လူထုဟစ်တိုင်တွင် ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ -
ဟိန်းထက်၊ မဇ္ဈိမ)
လက်ရှိတွင် နယ်/လုံဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးတင်ဝင်းက ဆန္ဒပြသူများအနေဖြင့် ပုဂ္ဂိုလ်ရေးတိုက် ခိုက်ပြောဆို ခဲ့မှုမရှိဟု ငြင်းဆိုထားသဖြင့် တိုက်ခိုက်ပြောဆိုသည့် ဆန္ဒပြပွဲ အသံဖိုင်(စီဒီခွေ)ကို ဇန်န၀ါရီ ၂၆ ရက် ညနေတွင် ဝန်ကြီးထံ သွားပေးမည်ဟု ဒေါက်တာညိုညိုသင်းက မဇ္ဈိမကို ပြောသည်။
'ကျွန်မကို တိုက်ခိုက်ပြောဆိုတာ မဟုတ်ဘူးဆိုရင် ကျွန်မ သက်သေတွေ ပေးပါ့မယ်ဆိုပြီး ပြောထားတယ်။ ဒီလိုမျိုးပြောတာ သေချာရင် အဲ့ဒီလူတွေကို ခေါ်ပြီးမေးပါ့မယ်လို့ သူ(ဗိုလ်မှူးကြီးတင်ဝင်း) ကတော့ ပြောတယ်' ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာ မြို့နယ်များမှ ဒေသခံ တစ်ထောင်ခန့်သည် ဇန်နဝါရီ ၁၁ရက် မနက်ပိုင်းက တာမွေမြို့ နယ်၊ ကျိုက္ကဆံကွင်းရှိ ပြည်သူ့ဟစ်တိုင်တွင် စီမံကိန်း အကောင်အထည်ဖော်ရန် တောင်းဆိုဆန္ဒပြခဲ့စဉ် ဦးဆောင်ဟောပြောသူအချို့က ဒေါက်တာညိုညိုသင်းအပေါ် ထိခိုက်စေသည့် စကားလုံးများ သုံးနှုန်းခဲ့ခြင်းဖြစ်သည်။
မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဦးဆောင်ဆန္ဒပြခဲ့သူ တစ်ဦးဖြစ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံဆိပ်ကျေးရွာမှ ဦးမောင်ကြီးက “ဒေါက်တာဘွဲ့လည်း ရထားပါတယ်။ စာလည်းတတ်ပါတယ်။ ဒါပေမယ့် သူအသိဥာဏ်နည်းနည်း နည်းနေတယ်လို့ ပြောချင်ပါတယ်။ တောသားတွေကို တောလိုပဲ နေစေချင်တဲ့ မိန်းမတစ်ယောက်ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတယ်” ဟု ပြောဆိုခဲ့ပြီး အခြား စကားလုံးများကိုလည်း သုံးစွဲခဲ့သေးသည်။
အဆိုပါ ဆန္ဒပြပွဲကို စီမံကိန်းအကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းထားသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ပါက အဆိုပါဒေသတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံများ၏ ဘဝပါ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ကော်မတီခေါင်းဆောင်များက ပြောဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment