အခြေခံပညာအဆင့် တွင် ကျောင်းသားနှင့် ဆရာအချိုး ကွာဟမှု လျှော့ချရန် ၂၀၁၅- ၁၆ ဘဏ္ဍာနှစ် နိုင်ငံတစ်ဝန်း အခြေခံ ပညာဆရာ၊ ဆရာမ ခုနစ်သောင်းခန့်ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
လက်ရှိတွင် ဆရာအရေအ အတွက်နည်းပါးပြီး ကျောင်း သားအရေအတွက်များပြားနေ သဖြင့် ယင်းကွာဟမှုကို လျှော့ချ ရန် အထက်ပါအတိုင်းခန့်အပ် သွားမည်ဖြစ်ကြောင်း (၁၂) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်သွင်းထား သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။
‘‘ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ ပိုမိုသုံးစွဲဖို့ စီမံ ကိန်းမှာ ထည့်သွင်းရေးဆွဲထား ပါတယ်။ ပညာရေးကဏ္ဍမှာ လည်း ကျောင်းသား၊ ဆရာအ ချိုးကျဉ်းမြောင်းဖို့အတွက် ဆရာ၊ ဆရာမ ခုနစ်သောင်းကို ခန့်အပ် ဖို့ ဥပဒေကြမ်းမှာ ထည့်သွင်းထား ပါတယ်’’ဟု အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကပြောသည်။
မူလတန်းအဆင့်တွင် ကျောင်းသား ၃၄ ဦးလျှင် ဆရာတစ်ဦးနှုန်းမှ ၂၄ ဦးလျှင် ဆရာတစ်ဦးနှုန်းသို့လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ကျောင်းသား ၃၄ ဦးလျှင် ဆရာတစ်ဦးနှုန်းမှ ၁၉ ဦးလျှင် ဆရာ တစ်ဦးနှုန်းသို့လည်းကောင်း တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်သည်။ထို့အပြင် အထက်တန်းအ ဆင့်တွင် ကျောင်းသား ၂၅ ဦးလျှင်ဆရာတစ်ဦးနှုန်းမှ ၁၇ ဦးလျှင် ဆရာတစ်ဦးနှုန်းအထိ တိုးမြှင့်ကာကျောင်းသား၊ဆရာ အချိုးကွာဟ မှု ကျဉ်းမြောင်းစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားစီ မံကိန်းဥပဒေကြမ်းတွင် ထည့် သွင်းရေးဆွဲထားသည်။
Credit - 7DAY DAILY
No comments:
Post a Comment