Wednesday, January 28, 2015

အမျိုးသားဂုဏ်သိက္ခာ ထိပါးစေသည့် ရာဇဝတ်မှုခင်းများ (အယ်ဒီတာ့အာဘော်)

လူတွေ စုတ်တသပ်သပ်နဲ့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရတဲ့ ရာဇဝတ်မှုခင်းတွေကတော့ အများကြီးရှိပါတယ်။ ဥပမာ အရွယ်
မရောက်သေးတဲ့ မိန်းမငယ်လေးတွေ အဓမ္မပြုကျင့်ခံရတဲ့ သတင်းမျိုး၊ အရွယ်မရောက်သေးတဲ့ အိမ်ဖော်မိန်းကလေးကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်လိုက်တဲ့ သတင်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုသတင်းမျိုးတွေက လူတွေရဲ့ စိတ်ကို ထိခိုက်စေရုံသာရှိပြီး တချို့သော သတင်းမျိုးတွေကျတော့ အမျိုးသားဂုဏ်သိက္ခာကိုထိခိုက်ရလောက်အောင် ဖြစ်စေတဲ့ ရဇဝတ်မှုခင်းမျိုးတွေလည်း ရှိပါတယ်။ ဥပမာ အလွတ်သတင်းထောက် ကိုပါကြီးအဖြစ်အပျက်မျိုး၊ လက်ပန်းတောင်းတောင်က

ဒေါ်ခင်ဝင်းသတင်းမျိုးနဲ့ ဒီရက်ပိုင်းအတွင်း လူတွေ စိတ်မချမ်းသာ အဖြစ်ဆုံးဖြစ်စေတဲ့ ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ပြီးမှ ရက်စက်စွာ အသတ်ခံရတဲ့သတင်းမျိုး ဖြစ်ပါတယ်။ မြင်မကောင်းရှုမကောင်း အမျိုးသမီး ရုပ်အလောင်းနှစ်လောင်းပုံဟာ အင်တာနက်
လူမှုကွန်ရက်ပေါ်မှာ ပလူပျံခဲ့ပါတယ်။

ဒီနေရာမှာ လူတွေ ဗြဟ္မစိုရ်တရား ခေါင်းပါးလာနေခြင်းဟာ နေရာတိုင်းမှာ မမြင်ချင် မကြားချင်အဆုံးဖြစ်လာနေပါတယ်။ ဥပမာပြောရရင် ဘတ်စ်ကားစီးတဲ့အခါ ကားစပယ်ယာက နင်ဘဲငဆ ပြောဆိုဆက်ဆံတာကအစ ဘာမမှ ဟတု တ်ြဲ့ပဿနာလေးနဲ့ လူကို အသေသတ်ဖြတ်လိုက်တဲ့ ကိစ္စအဆုံး နေ့စဉ် သတင်းစာတွေထဲမှာ ဖတ်နေသိနေကြရပါတယ်။ နောက်တော့ လူဆိုးလူမိုက်တွေ အုပ်စုလိုက် တွေ့သမျှလူအကြောင်းမဲ့ လိုက်လံတိုက်ခိုက်တာကအစ လူမျိုးရေး၊ နိုင်ငံရေးနဲ့ ယှက်နွယ်တယ်လို့ အများက ထင်မြင်ယူဆခံရတဲ့ လူသတ်မှု၊ အဓမ္မမှုများအထိ မြင့်တက်လာနေတာတွေ့ နေကြရပါတယ်။ ဒီလို မှုခင်းမျိုးတွေကတော့ သာမန်မှုခင်းမျိုးတွေ မဟုတ်တော့ဘဲ တစ်မျိုးသားလုံး စိတ်ဝမ်းကွဲစေတဲ့အထိ၊ အမျိုးသားဂုဏ်သိက္ခာထိပါးစေတဲ့ သတင်းများ အဖြစ်အပျက်များအဖြစ် အများက ဝေဖန်ပြစ်တင်လာခဲ့ကြပါတယ်။

သည်လို မှုခင်းတွေဖြစ်လာတဲ့အခါ ဥပဒေအရ မှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေအတိုင်း အရေးယူ ရုံးတင်စစ်ဆေးအပြစ်ပေးဖို့ လိုအပ်ပါတယ်။ ယခုနှစ်ပိုင်းအတွင်း လူတွေ အုပ်စုလိုက်ရမ်းကားကြတဲ့ကိစ္စ၊ သတ်ဖြတ်ခံရမှု ကိစ္စတွေကို တရားရုံးများအနေနဲ့ ထိရောက် မြန်ဆန်စွာ စစ်ဆေးအရေးယူ အပြစ်ပေးမှု အားနည်းခဲ့တယ်လို့လည်း ဝေဖန်သံတွေ ကြားခဲ့ကြရပါတယ်။ ဥပဒေ
အရ အရေးယူအပြစ်ပေးမှု လျော့နည်းနေလို့သာ ယခုလို ရာဇဝတ်ပြစ်မှုတွေ ပိုမိုမြင့်တက်လာနေတာလို့လည်း ဝေဖန်ကြပါတယ်။

နောက်တစ်ချက်ကတော့ လူတွေ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အထွေထွေ ချွတ်ြခုံကျမှုဖြစ်စေတဲ့အခါ လူတွေ ဗြဟ္မစိုရ်တရား လက်ကိုင်ထားဖို့ မဖြစ်နိုင်လောက်အောင် လောဘ၊ ဒေါသ၊ မောဟတွေ မြင့်မားလာရလို့ လူအချင်းချင်းဆက်ဆံရေးတွေ
တင်းမာကုန်ကြရတာ၊ အသေးအမွှား ပြဿနာဖြစ်သည့်တိုင် အသက်သေတဲ့အထိ တုံ့ပြန်ကျူးလွန်ကြတဲ့အထိ၊ လူတွေ မကြားဝံ့မနာသာဖြစ်စေတဲ့ ရာဇဝတ်ပြစ်မှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်လာကြတဲ့ သဘောပါပဲ။

အားလုံးကိုခြုံပြီးစဉ်းစားရင် အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စမျိုး၊ လက်ပံတောင်းတောင်က ရဲတွေ ပစ်ခတ်လို့ သေဆုံးရတဲ့ဒေါ်ခင်ဝင်းလို ကိစ္စမျိုး၊ ကချင်အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရတဲ့သတင်းမျိုးဟာ လူမျိုးရေး၊ နိုင်ငံရေး အသွင်သဏ္ဌာန်ဆောင်တဲ့ ဖြစ်ရပ်များအဖြစ် အများက ဝေဖန်လာနေကြတဲ့ အတွက် အကယ်၍များဝေဖန်သလို မှန်ကန်ခဲ့မယ်ဆို မိမိတို့လူမျိုးရဲ့ စိတ်ဓာတ် ယဉ်ကျေးမှုရေးရာအရ ကမ္ဘာပေါ်မှာ လူ့ယဉ်ကျေးမှုအရာမှာ နိမ့်ပါးရိုင်းစိုင်းတဲ့ တိုင်းပြည်အဖြစ် အထင်သေး နှိမ့်ချအမြင်ခံရဖွယ်ရှိတဲ့ ရာဇဝတ်မှုခင်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တစ်မျိုးသားလုံးအနေနဲ့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ အဓိကတာဝန်ရှိသူများ အနေနဲ့ပဲဖြစ်ဖြစ် အမျိုးသားဂုဏ်သိက္ခာ ကျဆင်းထိခိုက်စေမယ့် ပြစ်မှုများထပ်မံ မပေါ်ပေါက်စေရေး ဝိုင်းဝန်းအဖြေရှာကြဖို့လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။


Credit - Mizzima News

No comments:

Post a Comment