Thursday, January 29, 2015

တရားထိုင်နေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး၏ မမ်မံရုပ် အလောင်း တူးဖော်တွေ့ 

မွန်ဂိုလီးယား ။       ။ မွန်ဂိုးလီးယားဒေသတွင် တရားဘာဝနာ စီးဖြန်းနေသည့် ကိုယ်အနေ အထားဖြင့် အံ့ဖွယ် မံမီရုပ် အလောင်းကို တူးဖော်တွေ့  ရှိသည်။
mummi-mogo



တိရစ္ဆာန်သားရေဖြင့် ထုပ်ပိုး ထားသည်ကို တွေ့ ရှိသည့် ယင်းမံမီရုပ် အလောင်းကို စစ်ဆေးရာတွင် သက်တမ်း ၂၀၀ ဝန်းကျင် ရှိမည်ဖြစ်ကြောင်း ခန့် မှန်းထား သည်။
"အခုတွေ့ တဲ့ မံမီကတရားဘာဝနာ စီးဖြန်းနေတဲ့ အနေအထားပါ။ တရားထိုင်နေ တုန်းပုံစံ မျိုးရှိနေတဲ့ မံမီပဲဖြစ်ပါတယ်။"ဟု The Siberian Times သတင်းစာ ကဖော်ပြသည်။
ပညာရှင် များက သက်တမ်း နှစ်၂၀၀ ရှိမည့်ခန့်  မှန်းထားသည့် ယခုမံမီရုပ် အလောင်းကို ဆွန်ဂင် နိုခါယီ ခန်းပြည် နယ်တွင် ဇန်နဝါရီ ၂၇ရက် ကတွေ့  ရှိခြင်ြး ဖစ်ကြောင်း မွန်ဂိုလီးယားနံနက်ခင်းသတင်းစာ ကဖော်ပြသည်။ တရား ထိုင်နေသည့် မံမီရုပ် အလောင်းကို နွားသားရေဖြင့် ထုပ်ပိုး ထားခြင်းဖြစ်သည်။
လက်ရှိတွင် မြို့တော် အူလန် ဘာတော တွင် ဆက်လက် သုတေသနပြု လျက်ရှိသည်။ ရုပ်အလောင်း သည်လားမား ဘုန်းတော်ကြီး ဒါရှီဒေါဇိုး အီတီဂီလော့၏
ဆရာဖြစ် မည်ဟု ကနဦးက ထင်ကြေးပေး ထားသည်။
ဒါရှီဒေါဇိုးသည် ၁၈၅၂ခုနှစ်အတွင်းကမွေးဖွားခဲ့ပြီး ပျံလွန်တော်မူခဲ့သော်လည်း ရုပ်ခန္ဓာက အသက်ရှင်နေစဉ်ကအတိုင်း ကျန်ရှိနေဆဲဖြစ်၍ ထင်ရှားကျော်ကြား သည့် တိဗက်လာမား ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment