Sunday, January 25, 2015

ကျောင်းဆရာမကို ရဲတပ်သားက ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်

  ရွှေတောင်မြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ် ဦး ကျောင်းအပြန်လမ်းတွင် ရဲ တပ်သားတစ်ဦးက ဓားမြှောင်ဖြင့် ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၃ ရက် ညနေ ကျောင်းဆင်းချိန်တွင် ရွှေတောင် မြို့နယ်၊ ပဒေသာရွာ မူလတန်း ကျောင်းမှ မူလတန်းပြကျောင်း ဆရာမတစ်ဦးသည် ဆိုင်ကယ် ဖြင့် တစ်ဦးတည်းပြန်လာစဉ် အသင့်စောင့်ဆိုင်းနေသော သဲ ကုန်းမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သားက ပြည်မြို့သို့
လိုက်ရန် ခေါ် ဆောင်ခဲ့သည်။ ဆရာမက မလိုက်နိုင်ကြောင်း ငြင်းဆိုသဖြင့် ရဲတပ် သားက အသင့်ယူဆောင်လာ သော ဓားမြှောင်ဖြင့် ထိုးကာ ဆရာမ၏ ဆိုင်ကယ်ကို မောင်း နှင်ထွက်ပြေးသွားခဲ့သည်။

‘‘အဲဒီရဲတပ်ဖွဲ့ဝင်နဲ့ ကျောင်း ဆရာမက အရင်တုန်းက သမီး ရည်းစားဖြစ်ခဲ့ဖူးတယ်လို့သိရ တယ်။ သူနဲ့ လိုက်ခဲ့ဖို့ ခေါ်တာ ဆရာမက ငြင်းတော့ ဓားနဲ့ထိုးပြီးဆိုင်ကယ်ကို မောင်းထွက်ပြေး တယ်။ အရက်သေစာသောက် စားထားပြီး အရပ်ဝတ်နဲ့ လာ တာလို့ ဆရာမကပြောတယ်’’ဟု ကျောင်းဆရာမ၏ ဆွေနီးမျိုးစပ် တော်သူတစ်ဦးကပြောသည်။

‘‘ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရဲ့ ကြီးကြပ်မှုနဲ့ ရဲတပ်သားထွက်ပြေး နိုင်တဲ့ လမ်းကြောင်းတွေကို ထက် ကြပ်မကွာလိုက်ဖမ်းခဲ့တယ်။ ည နေ ၆ နာရီလောက်မှာ ရွှေတောင် မြို့နယ် ၀ါးတောသာရွာထိပ်မှာ ဆိုင်ကယ်နဲ့အတူ ဖမ်းမိတယ်။ရဲ စည်းကမ်းဥပဒေနဲ့ အရေးယူမယ့် အပြင် ပြင်းထန်စွာ တိုက်ခိုက်လု ယက်မှုဥပဒေပုဒ်မ ၃၈၂ အရပါ တရုတ်မှော်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်’’ ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။

ဆရာမသည် ဓားဒဏ်ရာ ကြောင့် ရွှေတောင်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသနေကြောင်း သတင်းရရှိသည်။


Credit - 7DAY DAILY

No comments:

Post a Comment